- Web Master
- ၂၁ အောက်တိုဘာ ၂၀၂၄
နောင်မင်းသူ၊ နိရဉ္စရာ၊ မေ ၁၂ ရက်/၂၀၂၄
ရခိုင်အနောက်ဘက်နယ်စပ် မောင်တောမြို့ဘေးအန္တရာာယ်မကျရောက်စေဖို့ရည်ရွယ်ပြီးမေလ ၁၂ ရက်ယနေ မနက် ၉ နာရီ၌ ဆရာတော်၊သံဃာများစုပေါင်းပြီး အန္တရယ်ကင်းပရိတ်တရားတော်များအား မြိုကိုပတ်ပြီးရွတ်ဖတ်ပူဇော်ခဲ့ကြသလို မြို့လူကြီးများက ပရိတ်နံ့သာရည်များဖြင့် မြို့အား လှည့်လည်ပြီး ပက်ဖြန်းခဲ့ကြသည်ဟု ဒေသခံများထံမှသိရသည်။
ဦးဆောင်ဆရာတော်တပါးက "မောင်တောမြို့က ဘေးအန္တရယ်မျိုးစုံကို သမိုင်းနဲ့ချီပြီး ခံစားလာခဲ့ရတဲ့ မြို့တစ်မြို့ ဖြစ်တယ်။ အတိတ်အကြောင်းအရာတွေ များစွာရှိခဲ့တယ်။ ဒါပေမယ့် ကြီးမားတဲ့ ဘေးအန္တရာယ် မဖြစ်ခဲ့ကြဘူး။ အခုလည်း မြို့က ရခိုင်လူမျိုးဗုဒ္ဓဘာသာတွေ အစုအပြုံလိုက် ထွက်ပြေး နေကြရတယ်။ မပြေးဘဲ့ကျန်နေသူတွေလည်းရှိနေကြသေးတယ်။ စစ်မီးတောက်လောင် လာမယ့် အနေအထားလည်းရှိနေတယ်။ အဲဒါကြောင့် မြို့ဘေးအန္တရာယ်ကင်းဖို့ ရည်ရွယ်ပြီး ပရိတ် တရားတော်တွေကို ဆရာတော်၊ သံဃာတော်တွေက မြို့ကိုပတ်ပြီးရွတ်ဖတ်ပူဇော်ကြတယ်။ ဂေါပကအဖွဲတွေက ပရိတ်နံ့သာရည်တွေနဲ့ မြို့ကိုပက်ဖြန်းခဲ့ကြတယ်"လို့ မိန့် ကြားသည်။
လက်ရှိ မောင်တောမြို့ကို အာရက္ခတပ်တော်က ဘေးပတ်ပတ်လည်က ဝိုင်းထားပြီး မြို့ဝင် စခခ (၅) နဲ့ မြို့ထဲတွင် စစ်ကောင်စီတပ်နှင့် ၎င်းတို့ သင်တန်းပေးထားသည့် မွတ်ဆလင် လက်နက်ကိုင်များက အခိုင်အမာ တပ်စွဲနေရာယူထားသည်ဟု သိရသည်။
မောင်တောမြို့သည် ၁၉၈၈ ခုနှစ် မတ်လ ၁၃ ရက်တွင် တစ်ကြိမ်၊ ၂၀၁၂ ခုနှစ်တွင် တစ်ကြိမ်၊ ၂၀၁၆ ခုနှစ် နှင့် ၂၀၁၇ ခုနှစ်တွင် တစ်ကြိမ် အကြမ်းဖက်သမားများ၏ ဆူပူ တိုက်ခိုက်မူကို ခံရသည့် မြို့တစ်မြို့သော်လည်း အန္တရာယ်ဘေးမှ လွှတ်မြောက်ခဲ့သည်ဟု ရခိုင်ဒေသခံများက ပြောဆိုသည်။
(ပုံစာ- ပရိတ်တရာတော်များ မြို့ကို ပတ်ပြီး ရွှတ်ဖတ်ပူဇော်နေကြစဉ်)