Preview

စစ်ကောင်စီက ငပလီအခြေစိုက် ခလ၇ (၅၅) တပ်ရင်းကို ဇက်ရေယာဉ်ဖြင့် စစ်အင်အား ၁၀၀ ကျော်ခန့် အင်အားဖြည့်တင်း

မေ ၁၂/ ၂၀၂၄ | ကြည့်ရှုသူ :9837
ရခိုင် သတင်း

အောင်ကြွယ်ငြိမ်း၊နိရဉ္စရာ၊မေ ၁၂/ ၂၀၂၄

ရခိုင်ပြည်၊ သံတွဲခရိုင်၊ငပလီမြို့ အခြေစိုက် စစ်ကောင်စီ ခလ၇ ( ၅၅) ကို ဇက်ရေယာဉ်ဖြင့် စစ်သား ၁၀၀ ကျော်ခန့်ကို ပို့ဆောင်အင်အားဖြည့်တင်းခဲ့သည်ဟု ဒေသခံမျက်မြင်များက ပြောသည်။

ဒေသခံ တစ်ဦးက "ပင်လယ်ကနေ ဇက်ရေယာဥ်နဲ့လာတာ။တပ်မ ၅၅ ထဲကို စစ်အင်အားဖြည့်နေတယ်။ ဘယ်ကစစ်သားတွေလည်းတော့မသိဘူး။ အားလုံး ၁၀၀ ကျော်လောက်ရှိတယ်" ဟု ပြောသည်။

၎င်းဇက်ရေယာဉ်သည် ယနေ့မေလ ၁၂ရက် နံနက်  ၉နာရီကျော်အချိန်ခန့်က ရောက်ရှိလာသည်ဟု ဆိုသည်။

အဆိုပါ စစ်အင်အား၁၀၀ ကျော်ခန့်ကို တပ်ရင်း(၅၅) သို့ပထမဖြည့်တင်းပြီးနောက်ယင်းမှတစ်ဆင့် တိုက်ပွဲဖြစ်ပွားနေသည့် ရွှေလှေ၊ သူဌေးချောင်းရေအားလျှပ်စစ်စီမံကိန်းအနီးသို့လည်းစစ်အင်အား ဖြန့်ကျက် ပို့ဆောင်နေသည်ဟု သိ၇သည်။

" တပ်ရင်း၅၅ကနေတဆင့်တိုက်ပွဲဖြစ်နေတဲ့ ရွှေလှေနဲ့ သူဌေးချောင်းဘက်ကိုလည်း စစ်အင်အား ဖြန့်ကျက်ပြီး ခွဲပို့နေတာတွေ့ရတယ်။သံတွဲမှာ တိုက်ပွဲမရှိတာ ၂ရက်လောက်တော့ရှိနေပြီ။ အသံတွေ မကြား၇ဘူး။ စစ်ကောင်စီတပ်က အကျအဆုံးများနေတော့သံတွဲမြို့မကျဖို့ စစ်အင်အား ဖြည့်တင်း နေတာလေ" ဟု သံတွဲဒေသခံတစ်ဦးကပြောသည်။

သံတွဲမြို့နယ်အတွင်း အာရက္ခတပ်တော်နှင့်စစ်ကောင်စီတပ်တို့ကြား ဧပြီလ ၁၃ရက်၊ ၂၂ရက်၊ ၂၆ ရက်၊ ၂၈ရက်၊ မေ၃ရက်၊မေ ၄ရက်၊ မေ ရရက်နှင့်  မေ ၉ ရက်တို့တွင် ရွှေလှေတိုက်နယ်အတွင်း တိုက်ပွဲ စုစုပေါင်း (၈) ကြိမ်အထိ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ဒုရင်းမှူးတစ်ဦး အပါအဝင် အကျအဆုံးများခဲ့သည်။

သံတွဲတိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှအကျအဆုံးများနေသည့်အတွက် စစ်တွေမြို့မှ မွတ်ဆလင် များနှင့် ဧရာ၀တီတိုင်းကစစ်မှုထမ်းများကို ခေါ်ယူ အသုံးပြုနေရကာ သံတွဲရှိ ရွှေကျောင်းပြင် ကျေးရွာ၊ မြှားချောင်းအနီးတဝိုက်ရှိကျေးရွာများက ပြည်သူ့စစ် သင်တန်းဆင်းထားသူ လူငယ်များကိုလည်း သူဌေးချောင်းရေအားလျှပ်စစ်စီမံကိန်းအနီးတိုက်ပွဲများတွင်ဝင်ရောက် တိုက်ခိုက်ရန် စေခိုင်းခဲ့၍ ထွက်ပြေးမှုများရှိခဲ့ကြောင်းသိ၇သည်။

ယင်းအပြင်သံတွဲခရိုင်၊ ငပလီမြို့တွင် အခြေစိုက်ထားသည့် ခလ၇(၅၅) နှင့် ခမ၇ (၅၆၆)တပ်များတွင်စစ်သားအင်အားနည်းပါးနေခြင်းကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏အမျိုးသမီးများကို ကင်းစောင့် ခိုင်းနေရသလို၊ အနီးဝန်းကျင်ရပ်ကွက်များမှ ဒေသခံ ပြည်သူ့စစ် သင်တန်းဆင်းများကိုလည်း အတင်း အဓမ္မခေါ်ယူ အားဖြည့်နေကြောင်း စုံစမ်းသိ၇သည်။ (ဓာတ်ပုံ- ပုံဟောင်းသာ)

#စစ်ကောင်စီ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.