ကံ့ကော်နီနီနှင့် အောင်ကြွယ်ငြိမ်း/ နိရဥ္စရာ၊ မေ ၁၂ / ၂၀၂၄
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်ကို စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနေ့ရောညပါ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်သည့်အပြင် နေဗီနှင့်တပ်ရင်းများက လက်နက်ကြီးပစ်ခတ်မှုကြောင့်အရပ်သားတစ်ဦးထိခိုက်ဒဏ်ရာရရှိသွားကြောင်းသတင်းရရှိသည်။
စစ်ကောင်စီက တိုက်ခိုက်ခဲ့သည့်နေရာများမှာ ကြောင်ခိုးကျေးရွာနှင့် ချောင်းဖျားကျေးရွာကြားတောင်တန်းနှင့် မြို့ချောင်းတိုက်နယ်၊ လောင်းချောင်းကျေးရွာအနီး နေရာတို့ ဖြစ်ကြသည်။
လက်နက်ကြီးကျည်စထိ၍ ထိခိုက်ဒဏ်ရာရရှိသွားသူမှာ ချောင်းဖျားကျေးရွာမှ ဦးအေးခင်မောင် (၄၅)နှစ် ဖြစ်ကြောင်း သိ၇သည်။
ယမန်နေ့မေလ ၁၁ ရက် နေ့လယ် ၂ နာရီအချိန်က ကြောင်ခိုးကျေးရွာနှင့် ချောင်းဖျားကျေးရွာကြားတောင်တန်းကို ဂျက်ဖိုက်တာလေယာဥ်ဖြင့်တစ်ကြိမ်၊ ညနေ ၄ နာရီအချိန်တွင် တကြိမ်စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်းကျောက်ဖြူမြို့နယ်မှ စစ်ရေးသတင်းရင်းမြစ်တစ်ဦးကပြောသည်။
" ကြောင်ခိုးရွာနဲ့ချောင်းဖျားရွာကြားကတောင်တန်းတွေကိုတိုက်ပွဲမရှိဘဲ ဂျက်ဖိုက်တာနဲ့ဗုံးကြဲတယ်။ နေ့လယ်နှစ်နာရီခွဲလောက်ကပဲ လာပြီးကြဲတာ။ ညနေလေးနာရီကျော်မှာလည်း လေယာဥ်ထပ်လာပြီး အဲဒီနေရာတွေကိုကြဲသေးတယ်"ဟု ပြောသည်။
၄င်းအပြင် စစ်ကောင်စီနေဗီနှင့်တပ်ရင်းများကလက်နက်ကြီးများလှမ်းပစ်ခတ်ရာ လက်နက်ကြီး ကျည်စထိမှန်ပြီးချောင်းဖျားကျေးရွာသား ဦးအေးခင်မောင်မှာ ပေါင်နှင့် နဖူးတို့တွင် လက်နက်ကြီး ကျည်စ ထိမှန် ဒဏ်ရာရရှိသွားကြောင်းသိ၇သည်။
" ချောင်းဖျားရွာကတယောက်လက်နက်ကြီးကျည်စ ပေါင်ကိုထိသွားတယ်။ မင်းပြင်ရွာအောက်ဘက်မှာ နေဗီတစ်စီးရှိတယ်။ အဲဒီနေဗီကလည်းလက်နက်ကြီးတွေမထင်ရင်မထင်သလိုနေ့တိုင်းပစ်နေတယ်။ဒိုးတန်းတောင် ရဲတပ်ရင်းကလည်းလက်နက်ကြီးပစ်တယ်"ဟု အဆိုပါသတင်းရင်းမြစ်ကပြောသည်။
၎င်းပြင် မေ ၁၁ ည ၁၂ နာရီနှင့် မေလ ၁၂ ရက် အစောကြီးညအချိန်တွင်လည်းမြို့ချောင်းတိုက်နယ်၊ လောင်းချောင်းကျေးရွာအစပ်ကို စစ်ကောင်စီ ဂျက်ဖိုက်တာတစ်စီဖြင့်လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ရာကျေးရွာစာသင်ကျောင်း ပြတင်းပေါက်များ လက်နက်ကြီးကျည်စထိမှန် ပျက်စီးမှုများရှိခဲ့ကြောင်း သိ၇သည်။
"ည ၁၂ နာရီကျော် ဒီနေ့ မနက် အစောကြီးပေါ့။ မြို့ချောင်းတိုက်နယ်၊ လောင်းချောင်းရွာနားကို လေယာဥ်နဲ့ထပ်ပြီးဗုံးကြဲတယ်။ အဲဒီရွာကစာသင်ကျောင်းပြတင်းပေါက်တွေ ပျက်စီးသွားတယ်။ အဲဒီမှာတော့လူအထိအခိုက်မရှိခဲ့ဘူး"ဟု ကျောက်ဖြူဒေသခံစစ်ရေးသတင်းရင်းမြစ်ကပြောသည်။
ကျေးရွာသား တစ်ဦးကလည်း "ဗုံးက ၂ကြိမ်လာကြဲတာ။ ဗုံးကျရောက်ပေါက်ကွဲပြီးတော့ စာသင် ကျောင်းဆောင်နဲ့ ပြတင်းပေါက်တွေပျက်စီးသွားတယ်။လူတွေထိခိုက်ဒဏ်ရာရရှိသွားတာတော့
စစ်ကောင်စီမှ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင်းလောင်းချောင်း ကျေးရွာသားများမှာ အိပ်နေရာမှ ဗုံးခိုကျင်းများနှင့် လုံခြုံဘေးလွတ်ရာနေရာများ၌ပုန်းရှောင်ခဲ့ရကာ စိုးရိမ်ကြောက်လန့်မှုများရှိခဲ့
ယင်းအပြင် မင်းတက်တောင်ကျေးရွာအနီးရှိ စက်မှုလက်မှု သင်တန်းကျောင်းဝင်းထဲ တပ်စွဲထားသည့် စစ်ကောင်စီတပ်ကဒရုန်းလွှတ်၍ သစ်ပုတ်တောင်လမ်းခွဲကို နေ့စဥ်ဗုံးကြဲ တိုက်ခိုက်နေပြီး ယနေ့မေလ ၁၂ ရက်မနက် ၉ နာရီအချိန်ကလည်းဒရုန်းနှင့်ဗုံးကြဲတိုက်နေကြောင်း သူကပြောသည်။