Preview
Preview

ရွှေလှေ-သံတွဲလမ်းမပေါ်ရှိ ရေစင်ကျေးရွာတွင် အာရက္ခတပ်တော်နှင့် စစ်ကောင်စီတပ် စစ်ရေးတင်းမာနေပြီး ရွှေလှေတိုက်နယ်ကျေးရွာများကို လက်နက်ကြီးများဖြင့် ပစ်ခတ်နေ

မေ ၁၃/ ၂၀၂၄ | ကြည့်ရှုသူ :1080
ရခိုင် သတင်း

လူထက်နိုင် (ဒွါရာမြီ)

နိရဥ္စရာ ၊မေ ၁၃ /၂၀၂၄

သံတွဲမြို့နယ်၊ရွှေလှေ-သံတွဲလမ်းမပေါ်ရှိ ရေစင်ကျေးရွာတွင် မေလ ၁၃ရက်နေ့က အာရက္ခ တပ်တော်(အေအေ)နှင့် စစ်ကောင်စီတပ်တို့ စစ်ရေးတင်းမာနေပြီး ရွှေလှေတိုက်နယ်ကျေးရွာများကို လက်နက်ကြီးပစ်ခတ်နေကြောင်း ဒေသခံများထံမှသိ၇သည်။

“ ဒီနေ့မနက်ပိုင်းကတည်းက ရွှေလှေတိုက်နယ် ကျေးရွာတွေကို လက်နက်ကြီးတွေနဲ့ စစ်ကောင်စီတပ်က ပစ်နေတာ။ အခု ရေစင်မှာ အေအေနဲ့စစ်ကောင်စီတပ် စစ်ရေးတင်းမာနေတယ်။ ရေစင်ရွာကို ဖုန်းတောင်ဆက်လို့ မ၇တော့ဘူး” ဟုဒေသခံတစ်ဦးကပြောသည်။

စစ်ကောင်စီ၏ နေဗီများပေါ်မှ ရွှေလှေတိုက်နယ်ရှိ ကျောင်းကုန်း၊ အောက်နတ်မော်၊ ဒေါ်မြ၊လင်းသီ၊ ဆူးပုတ်ကုန်း ကျေးရွာများသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်လျက်ရှိရာ မေ ၁၃ ရက်နေ့မွန်းလွဲပိုင်းတွင် အောက်နတ်မော် ကျေးရွာရှိ ဒေသခံ ၂ ဦးအားလက်နက်ကြီးထိမှန်ခဲ့ကြောင်းသိ၇သည်။

ထို့အပြင် မေလ ၁၂ ရက်နေ့ က ဇီးကျွန်းကျေးရွာအနီးတွင် လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့သဖြင့် နွားနှစ်ကောင်သေဆုံးခဲ့ကာ ရွာသားများထွက်ပြေးနေကြကြောင်းသိ၇သည်။

လက်ရှိတွင် တိုက်ပွဲများသည် သံတွဲမြို့နှင့် အနီးဆုံး နေရာအထိ ရောက်ရှိလာကာ ရေစင်၊ ကွေ့ချောင်း၊ရှင်စောပြင် ၊နတ်တောင်မော်၊ပြည့်၀၊ မြုံပြင်စသည့်ကျေးရွာများသို့ ကျယ်ပြန်လာသောကြောင့် သံတွဲမြို့ခံပြည်သူများ ထိတ်လန့်တုန်လှုပ်နေကြကြောင်း မြို့ခံများက ပြောသည်။

“ ဒီနေ့အခြေအနေအရတော့ အေအေက ခရမ်းမော်လမ်းခွဲမှာနေရာယူထားပြီ၊စစ်တပ်က ပြည့်၀ရွာထွက်၀မှာနေရာယူထားတယ်။ မြို့နဲ့တော်တော်နီးနေပြီလေ။ စစ်တပ်က လက်နက်ကြီးနဲ့ပစ်တယ်။ပြည်သူပဲထိမှာပါ။အေအေကိုမထိဘူး။ သူတို့က ဗျူဟာတော်တော်ကောင်းတယ်" ဟု ဒေသခံတစ်ဦးက ပြောသည်။

 သံတွဲမြို့ပေါ်ရပ်ကွက်အနီးရှိ လက်နက်ကြီးအထိုင်ချထားသည့်နေရာများမှ စစ်ကောင်စီက လက်နက်ကြီးများဖြင့် တနေကုန်ပစ်ခတ်နေခြင်းကြောင့် မြို့ခံပြည်သူများ အထိတ်တလန့် ဖြစ်နေကြသည်ဟုလည်း သိ၇သည်။

စစ်ကောင်စီတပ်ဖွဲ့သည် သံတွဲမြို့ အမှတ် (၅)၊ အမှတ်(၆) ရပ်ကွက်(ဗောဓိကုန်းကန်)အနီးရှိ သူခိုးစမ်းတောင်ကြော၊ ငပလီမြို့ရှောင်လမ်းနှင့် လင်းသာအနောက်ဘက်တောင်ကြောများနှင့် ဘားတောင်းတောင်ပေါ်၌ လက်နက်ကြီးများ အထိုင်ချကာ ရွှေလှေတိုက်နယ်ဘက်သို့ ပစ်ခတ်လျက်ရှိသည်ဟု မြို့ခံများကပြောသည်။

#အာရက္ခတပ်တော်
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.