Preview

သံတွဲ၊ ဘားတောင်းတောင်ပေါ်မှ ပစ်ခတ်လိုက်သည့် စစ်ကောင်စီတပ်၏ လက်နက်ကြီးကျည် ထိမှန်ပြီး အောက်နတ်မော်ကျေးရွာတွင် ရွာသား သုံးဦး ဒဏ်ရာရ

မေ ၁၃/ ၂၀၂၄ | ကြည့်ရှုသူ :4819
ရခိုင် သတင်း

သဥ္ဇာနွယ်

နိရဥ္စရာ၊ မေ ၁၃/ ၂၀၂၄

ရခိုင်ပြည်၊သံတွဲမြို့နယ်တွင် စစ်ကောင်စီတပ်က ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်ထိမှန်ပြီးအမျိုးသမီးနှစ်ဦးနှင့် အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိသွားကြောင်း သတင်းရရှိသည်။

ဒဏ်ရာရရှိသူများမှာ သံတွဲမြို့နယ်၊ရွှေလှေတိုက်နယ် အောက်နတ်မော်ကျေးရွာမှ ဒေါ် မကျော့တင် အသက်(၇၆)နှစ်၊ ဒေါ်မကြီး အသက် (၄၅)နှစ်နှင့် မောင်ဖိုးသံလုံး တို့ဖြစ်ကြသည်။

စစ်ကောင်စီတပ်၏ ဘားတောင်းတောင်ကုန်းပေါ်မှ ယနေ့ မေ ၁၃ ရက်နေ့ နေ့လယ် ၁၂ နာရီခန့်က ပစ်ခတ်လိုက်သော လက်နက်ကြီးကျည်တစ်လုံးသည် အောက်နတ်မော်ကျေးရွာသို့ကျရောက်ပေါက်ကွဲခဲ့ပြီး နေအိမ်တစ်လုံး မီးလောင်ပျက်စီးကာ နေအိမ်တွင် ရှိနေသည့် အသက်ကြီးပိုင်းအရွယ် အမျိုးသမီးနှစ်ဦးနှင့်အမျိုးသားတစ်ဦးတို့ ထိမှန်ဒဏ်ရာရရှိသွားသည်ဟု သံတွဲဒေသခံတစ်ဦးက နိရဥ္စရာ သတင်းဌာန ကိုပြောသည်။

“ လက်နက်ကြီးကျည်ကျတာက ဒေါ်ကျော့တင်အိမ်မှာကျတာ၊ နေအိမ်တစ်ခုလုံးမီးလောင်ပြာကျသွားတယ်။အဲ့ဒီအန်တီနဲ့ နောက်တစ်ယောက်က ဒဏ်ရာရတယ်။ သူတို့နှစ်ယောက်က ဒဏ်ရာပြင်းတယ်။ယောကျာ်းတစ်ယောက်ကကျတော့ ဒဏ်ရာသိပ်မပြင်းဘူး။ နီးစပ်ရာမှာ ဆေးကုသမှုပေးနေကြတယ်”ဟုပြောသည်။

ဒေါ်မကျော့တင်တွင် ပေါင်ရင်းနှင့် ခြေသလုံးတွင် ဒဏ်ရာရရှိထားပြီး၊ ဒေါ်မကြီးတွင် လက်မောင်းနှင့်ခြေသလုံးတွင် ဒဏ်ရာရရှိကာ ဖိုးသံလုံးတွင် လည်ပင်း၌ ကျည်စ ရှပ်သွားသည်ဟု သိ၇သည်။

သံတွဲတွင် ယနေ့ မေလ ၁၃ ရက်၊ နေ့လယ် ၃ နာရီခွဲအထိ တိုက်ပွဲတစ်စုံတစ်ရာဖြစ်ပွားခြင်းမရှိဘဲ ရွှေလှေတိုက်နယ်ကို ဘားတောင်းတောင်နှင့် နေဗီများပေါ်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်နေသဖြင့် ဒေသခံများမှာစိုးရိမ်စိတ်များပြားပြီး အိမ်တွင်သာ ပုန်းအောင်းနေရသည်ဟု သံတွဲမြို့ခံ အမျိုးသမီးတစ်ဦးက နိရဥ္စရာသတင်းဌာန ကို ပြောသည်။

“ ဒီကနေ့ နေ့လယ်အထိ အာရက္ခတပ်တော်နဲ့ စစ်ကောင်စီ တိုက်ပွဲမဖြစ်သေးဘူး။ စစ်ကောင်စီတပ်ကတောက်လျှောက် အတွဲလိုက်တွေ ပစ်နေတာ ။ ပြေးလို့လည်းမရ။ အိမ်မှာပုန်းနေ၇တယ်” ဟုပြောသည်။

ပြီးခဲ့သည့်မေလ ၉ ရက်နေ့က စစ်ကောင်စီတပ်က ပစ်လိုက်သည့် လက်နက်ကြီးကျည် ထိမှန်မှုကြောင့်  လင်းသီကျေးရွာမှ  ဦးငကျိ (၄၅)နှစ် မှာ ပေါင်တွင်ကျည် ရှပ်ထိကာ ဒဏ်ရာ၇ခဲ့သည်။

သံတွဲတွင် တစ်နေ့တခြား တိုက်ပွဲပြင်းထန်လာနေပြီး မြို့အနီးသို့ တိုက်ပွဲ နီးကပ်လာသဖြင့် မြို့ခံများမှာစိုးရိမ်တကြီးနှင့် နေထိုင်နေကြ၇သည်ဟု  မြို့ခံများက ပြောကြားသည်။ 

#စစ်ကောင်စီ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.