Preview

သံတွဲ လင်းသီကျေးရွာ၌ ပိတ်မိနေသည့် စစ်ကောင်စီအင်အား ၂၀၀ခန့် အရက်သေစာသောက်စားကာ ပရမ်းပတာဖြစ်နေ

မေ ၁၄/ ၂၀၂၄ | ကြည့်ရှုသူ :10576
ရခိုင် သတင်း

လူထက်နိုင် (ဒွါရာမြီ)/ နိရဥ္စရာ ၊မေ ၁၃ /၂၀၂၄

ရခိုင်ပြည်၊ သံတွဲမြို့နယ်၊ ရွှေလှေတံတားအနီး လင်းသီကျေးရွာတွင် အာရက္ခ တပ်တော်၏ ဝိုင်းဝန်း ပိတ်ဆို့ထားမှုကြောင့်  စစ်ကောင်စီအင်အား ၂၀၀ နီးပါးပိတ်မိနေပြီး စိုးရိမ်ကြောက်လန့်ကာ  အရက်သေစာ သောက်စားပြီး ပရမ်းပတာဖြစ်နေကြောင်းဒေသခံများထံမှသိ၇သည်။

“ အရက်ဆိုင်မှာ သေနတ်မေ့ကျန်ခဲ့တဲ့ စစ်သားနဲ့၊ ကင်းစောင့်ပြီး တံတားဦးမှာအိမ်ပျော်နေတဲ့စစ်သားနဲ့ ပရမ်းပတာဖြစ်နေတာလေ။ သူတို့က အရက်မူးမှ စစ်တိုက်ရဲတယ်၊ ပစ်ရဲခတ်ရဲတယ်။ အေအေက မြေပြင်မှာ ဝင်မတိုက်သေးလို့၊ မဟုတ်ရင် အကုန်သေကုန်မှာ၊  အခုလည်း ရွှေလှေတံတားဦးနဲ့ လင်းသီရွာထဲမှာ စစ်သားတွေပိတ်မိနေတာလေ။ ကျည်ကုန်ရင် သွားပြီပေါ့” ဟု ဒေသခံတစ်ဦးမှ ပြောသည်။

သူဌေးချောင်းရေအားလျှပ်စစ် စီမံကိန်းမှ လက်ကျန် စစ်ကောင်စီတပ်သားများနှင့် ကျောင်းကုန်း ကျေးရွာ ဆူးပုတ်ကုန်းကျေးရွာတို့တွင် ကင်းပုန်းဝတ်နေသော စစ်ကောင်စီ တပ်သားများသည် မေလ ၁၃ ရက် နံနက်ပိုင်းတွင် လင်းသီကျေးရွာတွင်စုစည်းလျက်ရှိကြောင်းသိ၇သည်။

ထို့အပြင် မေလ ၁၂ ရက်နေ့က ရွှေလှေတိုက်နယ် နယ်မြေဒေသကျွမ်းကျင်သော အခြားအဆင့် စစ်သားတစ်ဦး ထွက်ပြေးသွားသောကြောင့် စစ်ကောင်စီတပ်သားများ စိတ်ဓာတ်ကျဆင်း နေကြကြောင်း သိ၇သည်။

“ ထွက်ပြေးသွားတာတော့ သေချာတယ်။ ရာထူးနာမည် မသိဘူး။ နယ်မြေကျွမ်းကျင် သူလို့ သိရတယ်။ အခု လင်းသီမှာစစ်ကောင်စီတပ်သားတွေ လူမရှိတဲ့ အိမ်တွေ မှာနေတယ်။ စစ်ရှောင်သွား တဲ့နေအိမ်တွေမှာပေါ့။  တော်တော်သွေးပျက်နေ တယ်ဆိုတာ သိသာတယ်။  သူတို့ပိတ်မိနေပြီလေ။ သံတွဲတက်လို့မရဘူး။ တောင်ကုတ်လည်းသွားလို့မ၇ဘူး။ ပြတ်တောက်နေပြီ”ဟု ဒေသခံတစ်ဦးက ပြောသည်။

မေလ ၁၃ရက်နေ့၌ အာရက္ခ တပ်တော်နှင့် စစ်ကောင်စီတပ်တို့အကြား  ရွှေလှေတိုက်နယ်တွင် စစ်ရေးတင်းမာနေပြီး စစ်ကောင်စီမှ ကျေး ရွာများကို လက်နက်ကြီးပစ်ခတ်နေ ကြောင်း ဒေသခံများထံမှ သိ၇သည်။

စစ်ကောင်စီ၏ နေဗီများမှ ရွှေလှေတိုက်နယ်ရှိ ကျောင်းကုန်း၊ အောက်နတ်မော်၊ ဒေါ်မြ၊လင်းသီနှင့်  ဆူးပုတ်ကုန်း ကျေးရွာများသို့ လက်နက်ကြီးများပစ်ခတ်လျက်ရှိရာ မေ ၁၃ ရက်နေ့မွန်းလွဲပိုင်းတွင် အောက်နတ်မော် ကျေးရွာရှိ ဒေသခံ ၃ ဦးအားလက်နက်ကြီးထိမှန်ခဲ့ကြောင်း သိ၇သည်။

လက်ရှိတွင် တိုက်ပွဲများသည် သံတွဲမြို့နှင့် အနီးဆုံး နေရာအထိ ရောက်ရှိလာကာ ရေစင်၊ ကွေ့ချောင်း၊ ရှင်စောပြင် ၊နတ်တောင်မော်၊ပြည့်၀၊ မြုံပြင်စသည့်ကျေးရွာများသို့ ကျယ်ပြန်လာသောကြောင့် သံတွဲမြို့ခံ ပြည်သူများ ထိတ်လန့်တုန်လှုပ်နေကြကြောင်း မြို့ခံများက ပြောသည်။

#သံတွဲ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.