Preview

ကမ္ဘာကျော် ငပလီကမ်းခြေမှာ ခရီးသွားလုပ်ငန်း နဲ့ ဆက်စပ်တဲ့ လုပ်ငန်းတွေပါ ရပ်တန့်သွားပြီး စစ်တပ် နဲ့နီးစပ်တဲ့ ဒေသခံစီးပွားရေးသမားများကို စစ်မှုထမ်းဟောင်းများက ငွေယူပြီး ပြည်မဘက် ပို့ဆောင်ပေးနေ

မေ ၁၄/ ၂၀၂၄ | ကြည့်ရှုသူ :828
ရခိုင် သတင်း

ရခိုင်ပြည်နယ်၊သံတွဲမြို့ရှိ ကမ္ဘာကျော် ငပလီကမ်းခြေတွင် ခရီးသွားလုပ်ငန်းနှင့် ဆက်စပ်သောလုပ်ငန်းများပါ ရပ်တန့်သွားကာ စစ်တပ်နှင့် နီးစပ်သောဒေသခံစီးပွားရေးသမားများအား စစ်မှုထမ်းဟောင်းများက ငွေယူပြီး ပြည်မဘက်သို့ ပို့ဆောင်ပေးနေကြောင်း ငပလီကမ်းခြေရှိ ခရီးသွားလုပ်ငန်းအသိုင်းအဝိုင်းမှ သိ၇သည်။

 အရင်ကတည်းက ငပလီစစ်တပ်က အရာရှိတွေက ရှယ်ယာထည့်ထားတဲ့ စားသောက်ဆိုင်တွေ၊တည်းခိုခန်းတွေ၊ Inn တွေ၊ကေတီဗွီတွေ၊ ကမ္ဘာ့လှည့်ခရီးသွားတွေကို ရောင်းတဲ့ ၇ခိုင်လုံချည်နဲ့ ငါးပိငါးခြောက်ဆိုင်တွေက အကုန်ပိတ်ထားပြီ။ ခရီးသွားလုပ်ငန်းနဲ့ ဆက်စပ်တဲ့လုပ်ငန်းတွေ ကုန်ရပ်သွားပြီဆိုတော့ စစ်ကောင်စီက သူတို့နဲ့ အလုပ်တွဲလုပ်တဲ့ ဒေသခံစီးပွားရေးသမားတွေကို ရှောင်ခိုင်းထားတယ်။ တစ်ဖက်လှည့်နဲ့လည်းသူတို့ကူညီနေတယ် လို့ ဒေသခံတစ်ဦးကပြောသည်။

 

ငပလီကမ်းခြေအပါအဝင် လင်းသာ ကမ်းခြေ၊ ဂျိတ္တော ကမ်းခြေ၊ ဂေါ့ကမ်းခြေတို့ရှိ စစ်ကောင်စီနှင့် နီးစပ်သည့် စီးပွားရေးလုပ်ငန်းရှင်များအား စစ်ကောင်စီမှ စစ်ရှောင်ရန်ပြောကြားထားပြီး စစ်မှုထမ်းဟောင်းများက ကိုယ်ပိုင်ကားများဖြင့် ရန်ကုန်သို့ အခကြေးငွေယူကာပို့ဆောင်ပေးနေသကဲ့သို့ စစ်ကောင်စီဌာနဆိုင်ရာဝန်ထမ်းများအား မြန်မာ့လေကြောင်းလိုင်းဖြင့်လည် ပို့ဆောင်ပေးနေကြောင်းသိ၇သည်။

 

ငွေရေးကြေးရေးခက်ခဲသော ဒေသခံများနှင့် ခရီးသွားလုပ်ငန်းအား တနိုင်တပိုင် မှီခို၇သည့် ဒေသခံစီးပွားရေးသမားများကမူ မပြောင်းရွှေ့နိုင်ပဲ ဒေသတွင်း ပိတ်မိလျက်ရှိကာ စစ်ပွဲအတွက်စိုးရိမ်နေကြရကြောင်းသိ၇သည်။

 

ဒေသခံတွေလဲ ဘယ်မှ ပြောင်းလို့မ၇ဖြစ်နေကြတာ၊ ပြောင်းမယ့်နေရာလဲ မရှိကြတော့ မနေချင်လဲနေနေ၇တာပါပဲ။ ဈေးအရောင်းအဝယ်ကတော့ ဈေးအရမ်းကြီးပါတယ်၊ ဆန်၊ ဆီ အားလုံးပဲ ဈေးကြီးတယ်။ခရီးသွားလုပ်ငန်းနဲ့ ဆက်စပ်တာတွေလဲ ရပ်တန့်သွားပြီလို့ ပြောလို့၇ပါတယ်ခင်ဗျ အသေးစားဟိုတယ်မိုတယ်တွေဆို တော်တော် ထိတယ်ပြော၇မယ်။ အဆင်မပြေကြဘူးခင်ဗျ။ အစစဈေးလဲကြီးတော့လေ ကွုန်တော်တို့ လုပ်ငန်းကတော့ အခြေအနေတော်တော်ဆိုးတာ ဟု ငပလီဒေသခံတစ်ဦးမှပြောသည်။

 

ငပလီကမ်းခြေမှ ပိုက်ဆံရှိသောမိသားစုအချို့ ပြောင်းရွှေ့သွားပြီဖြစ်ကာ လက်ရှိနေထိုင်သူတို့ သည်လမ်းပန်းဆက်သွယ်ရေး၊ အစားအသောက် ကျန်းမာရေး အခက်အခဲများရင်ဆိုင်နေ၇ကြောင်း ဒေသခံများထံမှ သိ၇သည်။

 

ငပလီကမ်းခြေနှင့် မိုင် ၂၀ သာကွာဝေးသည့် သံတွဲမြို့ရှိကျေးရွာများတွင် အရက္ခတပ်တော်နှင့် စစ်ကောင်စီတိုက်ပွဲဖြစ်ပွားလျက်ရှိပြီး ငပလီကမ်းခြေနှင့် နီးကပ်သည့် အဘဲကျေးရွာ၊ ဂေါ့ကျေးရွာတို့တွင် နှစ်ဖက်စစ်ရေးလှုပ်ရှားမှုများရှိကြောင်း ဒေသခံများကဆိုသည်။

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.