Preview

မောင်တောတောင်ပိုင်း ကင်းချောင်းရခိုင်ကျေးရွာအား စစ်ကောင်စီက လေယာဥ်ဖြင့် ဗုံးကြဲ၍ ဒေသခံ ၃ ဦးသေဆုံးပြီး ၅ ထက်မနည်းဒဏ်ရာရ

မေ ၁၄/ ၂၀၂၄ | ကြည့်ရှုသူ :1295
ရခိုင် သတင်း

နောင်မင်းသူ၊နိရဉ္စရာ၊ မေ ၁၄ ရက်/၂၀၂၄

၇ခိုင်ပြည၊ မောင်တောမြို့နယ်တောင်ပိုင်း၊အငူမော်သွားလမ်းပေါ်ရှိ ကင်းချောင်း၇ခိုင်ကျေးရွာအား မေလ ၁၄ရက် ယနေ့ နေ့လယ်  ၁၂ နာရီကျော်အချိန်တွင်  စစ်ကောင်စီမှဂျက်တိုက်လေယာဥ် ၂ စီးဖြင့် လာရောက် ဗုံးကြဲချသဖြင့် ဒေသခံအနည်းဆုံး ၃ဦးသေဆုံးပြီး ၅ ထက်မနည်း အပြင်းအထန်ဒဏ် ရာရရှိသွားကြောင်း ကင်းချောင်းဒေသခံများက ပြောသည်။

သေဆုံးသွားသူများမှာ ဘိုကျော် (၃၄)နှစ်နှင့်အမျိုးသမီးနှစ်ဦး တို့ဖြစ်ကြပြီးဒဏ်ရာရရှိသူများမှာ ဒေါ်အေးနုမြိုင် (၅၀)နှစ်၊ မချိုချိုဝင်း (၂၈)နှစ်၊ မနွယ်နွယ် (၂၀) နှစ်နှင့် အခြား ရွာသား၂ ဦးတို့ ဖြစ်ကြသည်။  ဒဏ်ရာရရှိသူများအထဲတွင် ဒဏ်ရာပြင်းထန်သူများ ပါဝင်ကြောင်း ဒေသခံများထံမှသိရှိ၇သည်။


 


ကင်းချောင်းကျေးရွာကို စစ်ကောင်စီက တိုက်လေယာဥ် ၂ စီးဖြင့် ယနေ့  နေ့လယ်ပိုင်း၌နှစ်ကြိမ်တိုင် လာရောက်ဗုံးကြဲခဲ့သည်ဟု မျက်မြင်ကျေးရွာသားတစ်ဦးက ပြောသည်။

 

 ''ဂျက်လေယာဥ် ၂ စီး နဲ့ ဗုံးကြဲသွားတာ  ရွာသား ၃ ဦးပွဲချင်းပြီးသေတယ်။ ဒဏ်ရာ၇သူ၅ ဦး အထိရှိနေတယ်။  ဒီထက်လည်း များနိုင်တယ်။ အရေအတွက်အတိအကျမသိ၇သေးဘူး"

 

မေလ၁၂ ရက်နေ့ကလည်း နခခ(၅)မှလက်နက်ကြီးပစ်ခတ်မူကြောင် မောင်တောမြို့နယ် လေးမိုင် သာယာကုန်းကျေးရွာနှင့်ငွေတောင်ကျေးရွာများမှ ဒေသခံ ၅ ဦးထက်မနည်းပြင်းထန်စွာ ဒဏ်ရာ ရရှိခဲ့ကြကြောင်း ဒေသခံများထံမသိ၇သည်။

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.