Preview

သံတွဲမြို့မ ရဲစခန်းမှ ရဲ ၄ ဦး လက်နက်များ ယူဆောင်ထွက်ပြေး

မေ ၁၄/ ၂၀၂၄ | ကြည့်ရှုသူ :2274
ရခိုင် သတင်း

သဥ္ဇာနွယ်/ နိရဥ္စရာ၊ မေ ၁၄/ ၂၀၂၄

ရခိုင်ပြည်၊သံတွဲမြို့မှ ရဲစခန်းမှ ရဲ ၄ ဦးသည် လက်နက်များယူဆောင်ထွက်ပြေးသွားကြောင်းသတင်းရရှိသည်။

သံတွဲမြို့မ ရဲစခန်းမှရဲ ၄ ဦးသည် ယမန်နေ့ မေလ ၁၃ ရက်နေ့က ထွက်ပြေးသွားခဲ့သည်ဟု သံတွဲမြို့ခံအမျိုးသမီးတစ်ဦးက နိရဥ္စရာ သတင်းဌာနကိုပြောသည်။

“ မနေ့ကတည်းကထွက်ပြေးသွားတာ။ ဗမာလူမျိုးတွေလို့သိရတယ်။ မိသားစုတွေတော့မပါဘူး။အန်တီတို့ သိရတာက သူတို့ကသံတွဲမြို့ခံမဟုတ်ဘူး” ဟုပြောသည်။

ထွက်ပြေးသွားသည့်ရဲများမှာ မြေပုံမြို့နယ်မှ ပြောင်းရွေ့လာသည့် ရဲများဖြစ်ပြီး လက်နက် တစ်ချို့ကိုလည်း ယူဆောင်သွားသည်ဟုနောက်ထပ်သံတွဲ ဒေသခံ အမျိုးသားတစ်ဦးက နိရဥ္စရာ သတင်းဌာန ကိုပြောသည်။

“ တိုက်ပွဲကာလတုန်းကမြေပုံတို့ဖက်ကပြောင်းလာတဲ့ရဲတွေရှိတယ်။ တောင်ကုတ်တို့ပေါက်တောတို့ဖက်က မြောက်ပိုင်းက တချို့ရဲတွေ အကုန်သံတွဲမှာထားထားတာ။မနေ့က ထွက်ပြေးသွားတဲ့ရဲကမြေပုံကနေ ပြောင်းလာတဲ့ရဲလို့သိရတယ်။ လက်နက်ကလည်း တချို့မှာပါသွားတယ်။ ပြေးတာကတော့ လွတ်မြောက်နယ်မြေ”ဟုပြောသည်။

စစ်ကောင်စီသည်သံတွဲမြို့တွင်  တိုက်ပွဲကြောင့် ထွက်ပြေးလာသာ့် ရဲအင်အားနှင့် စစ်သား အင်အားအခိုင်အမာဖြည့်ထားပြီးအာရက္ခတပ်တော်အားခုခံကာကွယ်ရန် အခိုင်အမာ ပြင်ဆင်ပြုလုပ်နေကြောင်း ဒေသခံများက ပြောသည်။

ထွက်ပြေးသွားသည့်ရဲများအား စစ်ကောင်စီဖက်မှ အပူတပြင်း လိုက်လံရှာဖွေလျက်ရှိသည်ဟု သံတွဲမြို့ခံများကပြောသည်။

မာန်အောင်မြို့နယ်တွင်လည်း စစ်ကောင်စီမှစစ်မှုထမ်းဥပဒေ ထုတ်ပြန်ပြီးနောက်ပိုင်း အုပ်ချုပ်ရေးမှူးတချို့နှင့်ရဲတချို့ထွက်ပြေးမှုများရှိလာနေကြောင်း ဒေသခံများကပြောသည်။

 အလားတူတောင်ကုတ်မြို့တွင်လည်း တိုက်ပွဲဖြစ်လာမည်ကိုစိုးရိမ်၍ တောင်ကုတ်မြို့မရဲစခန်းမှူးအပါအဝင် စခန်းမှထွက်ပြေးပြီး ရဲတပ်ကြပ် တစ်ဦးမှာလည်းစခန်းမှထွက်ပြေးသွားခဲ့သည်။

ရခိုင်တောင်ပိုင်းတွင် တိုက်ပွဲအရှိန်မြင့်လာသည့်အတွက် စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးမှူး တချို့နှင့် ရဲများ၊စစ်သားများမှာလည်း ထွက်ပြေးမှုများလာပြီး အာရက္ခတပ်တော်ထံ ခိုလှုံသူများလည်း ရှိကြောင်းသိ၇သည်။ 

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.