Preview

စစ်ကောင်စီမှ ညအချိန် သံတွဲလင်းသီကျေးရွာကို လက်နက်ကြီးပစ်ခတ်၍ ဒေသခံ ကမန်လူမျိုး ရ ဦး ပွဲချင်းပြီးသေဆုံး

မေ ၁၅/ ၂၀၂၄ | ကြည့်ရှုသူ :4618
ရခိုင် သတင်း

(ဒဏ်ရာ၇သူ နောက်ထပ် ၃ ဦးလည်း ဆေးရုံယူဆောင်စဉ် သေဆုံးသွားဟုဆို)

 လူထက်နိုင် (ဒွါရာမြီ)နိရဥ္စရာ ၊မေ ၁၄ /၂၀၂၄

 

၇ခိုင်ပြည် သံတွဲမြို့ လင်းသီကျေးရွာတွင် မေ ၁၄ရက် ညအချိန်မတော် စစ်ကောင်စီမှ လက်နက်ကြီးဖြင့်ပစ်ခတ်၍ ဒေသခံကမန်လူမျိုး   ဦးသေဆုံးသွားကြောင်း ဒေသခံများမှ နိရဥ္စရာ ကိုအတည်ပြုသည်။

 

ယခုသေဆုံးမှုသည် သံတွဲမြို့တွင် စစ်ကောင်စီလက်နက်ကြီးကျ၍ ပထမဦးဆုံးပွဲချင်းပြီးသေဆုံး မှုဖြစ်ကြောင်းသိ၇သည်။

 

သေဆုံးသွားသောသူများမှာ ဦးမှာ ဦးညီလေး (၄၇နှစ်) မငယ်လေး (၂၅) နှစ်၊ အပုလေး (၂၁) နှစ်၊ ဦးမောင်လေး (၂၆) နှစ်၊ မမေပု (၂၇) နှစ်၊ ဦးမောင်တင်ညွန့် (၄၇) နှစ် နှင့် မမေ လီရန် (၇၅) နှစ်တို့ဖြစ်ကြသည်။

 

ဒဏ်ရာ ရရှိသူများမှာ ဒေါ်သန်းသန်း(၆၃) နှစ်၊ ဒေါ်မညံ့ (၅၅) နှစ် ဦးအောင်ကျော်ဝင်းမိန်းမနှင့်ကလေ တို့မှာ အပြင်းအထန်ဒဏ်ရာရရှိသွားကြောင်း ဒေသခံများ ပြောကြားချက်အရသိရှိ၇သည်။

 

လင်းသီရွာသည် သံတွဲမြို့မြောက်ဘက်တွင် ၁၇ မိုင်ခန့် အကွာတွင်တည်ရှိပြီး အိမ်ခြေ ၃၀၀ ကျော်ခန့်ရှိကာ ကမန်လူမျိုးအများစု နေထိုင်သည့် ကျေးရွာတစ်ရွာဖြစ်သည်။

 

၎င်းလင်းသီရွာသို့ ၈နာရီ ခွဲခန့်တွင် လက်နက်ကြီးကျည်များကျရောက်လာခဲ့ပြီး ဒေသခံ အမျိုးသား ဦးနှင့် အမျိုးသမီး ဦး ပွဲချင်းပြီးသေဆုံးခဲ့ပြီးအမျိုးသမီး တစ်ဦးလက်ပြတ်ထွက်သွားကာ တခြားထိခိုက်ဒဏ်ရာ၇သူများ လည်းရှိကြောင်း ဒေသခံများက  ၉ နာရီ ၃၀ မိနစ်တွင်နိရဉ္စရာသတင်းဌာနသို့ အတည်ပြုသည်။

 

တစ်ရက်လုံးမပစ်ဘူးရေစင်ဖက်ကိုပဲပစ်နေတာလေညဖက်လူတွေ အမှတ်တမဲ့ဖြစ်တဲ့အချိန်မှာ လာပစ်တာ။ရွာထဲမှာစစ်သားတွေလဲရှိတော့ သေတဲ့သူတွေရဲ့အိမ်တွေကို မသွားရဲကြသေးဘူး တော်တော်ရက်စက်တာဗျာမိသားစုတစ်ခုမှာဆို ကလေးပဲအသက်ရှင်တယ်ရမ်းသမ်းပစ်နေတာ ပြည်သူတွေရွာက ရှောင်ဖို့ဆိုရင်လည်း စစ်တပ်ကခွင့်မပြုဘူးလေဟု ဒေသခံတစ်ဦးကပြောသည်။

 

စကစ လက်နက်ကြီးကြောင့် ပွဲချင်းပြီး ထိခိုက်ဒဏ်ရာ၇သော လူနာများမှာ ပြင်းထန်သဖြင့် သံတွဲဆေးရုံသို့ ပို့ဆောင် သွားကြောင်း သိရှိ၇သည်။ဆေးရုံ ယူဆောင်သွားသူများအထဲက နောက်ထပ် ၃ ဦးသေဆုံးသွားသည်ဟု ဒေသခံများက ဆက်သွယ်ပြောဆိုလာသည်။

 

အဆိုပါလက်နက်ကြီးများအား သံတွဲမြို့ရှိဘားဒေါင့်တောင်နှင့် ကွင်းဝိုင်းရေတပ်တို့မှပစ်ခတ်နေခြင်း ဖြစ်ကြောင်း ဒေသခံများကဆိုသည်။

 

ရွှေလှေတံတားထိပ် လင်းသီကျေးရွာတွင် တပ်စွဲထားသော စစ်ကောင်စီတပ်သား ၂၀၀ ကျော်မှာ အာရက္ခတပ်တော်မှပိတ်ဆို့ထားသောကြောင့် သံတွဲမှလည်း တပ်ကူပို့မ၇ဖြစ်နေကာ ကြောက်ရွံ့နေသဖြင့်ပြည်သူများကြား နေထိုင်ကာ လင်းသီကျေးရွာသားများကိုလည်း စစ်ရှောင်ခွင့်မပေး ကြောင်း သိ၇သည်။

 

ဒီမှာအသေခံ၇မလိုဖြစ်နေတာလေ လင်းသီရွာကထွက်ခွင့်မပေးဘူး။ အေအေရှိတဲ့နေရာသူတို့ သိတာပဲ ရင်ဆိုင်လေ တိုက်လေပစ်လေ ပြည်သူကိုပဲ ဒုက္ခလိုက်ပေးတာအေအေကိုကြောက်လို့ရမ်းသမ်းပစ်နေတာ။သေဆုံးတဲ့ အထဲမှာ  ဇီးတောမော်ပိုင်းကအိမ်က အဖွားကြီးတစ်ယောက်သေတယ် လက်ပြတ်တဲ့သူထိချတဲ့သူလဲရှိ တယ်။ ရဲစခန်းနားကမိသားစုတွေလဲသေတယ်ဟုဒေသခံတစ်ဦး မှပြောသည်။

 

သံတွဲမြို့နယ်၊ အောက်နတ်မော်ကျေးရွာသို့လည်း မေလ ၁၃ရက်နေ့ နေ့လယ်ပိုင်းတွင် စစ်ကောင်စီတပ်မှ ရမ်းသမ်းပစ်ခတ်သည့် လက်နက်ကြီးကျည်ထိမှန်၍ နေအိမ်တလုံး မီးလောင်ကျွမ်းပြီး၊ အရပ်သား ၃ဦး ဒဏ်ရာ၇ခဲ့သေးသည်။

 

ထို့အတူ ပြီးခဲ့သည့် မေလ ၉ရက်က အာရက္ခတပ်တော်(အေအေ)နှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲဖြစ်စတွင် ရွှေလှေတိုက်နယ်၊ လင်းသီကျေးရွာလမ်းခွဆုံ တဝိုက်သို့ လက်နက်ကြီးကျည် ကျရောက်ခဲ့ပြီး အရပ်သားတဦး ခါးဆစ်ရိုး လက်နက်ကြီးကျည်ထိမှန်ဒဏ်ရာရရှိခဲ့ပြီး ရန်ကုန်သို့သွားရောက်ကုသနေစဉ်သေဆုံးသွားပြီဖြစ်ကြောင်းသိ၇သည်။

 

ယခုရက်ပိုင်းအတွင်း ၂ဖက်တိုက်ပွဲမရှိပဲ သံတွဲမြို့အထွက် ဘားတောင်းတောင်နှင့် သံတွဲမြို့ပေါ်ရပ်ကွက်များအနီးရှိ သူခိုးစမ်းတောင်ကြောမှနေ၍ ဟောင်ဝှစ်ဇာအမြှောက်များနှင့် အဆက်မပြတ် ပစ်ခတ်နေပြီး ရွှေလှေတိုက်နယ်၊ ဇီးကျွန်းနှင့် တလိုင်းတဲကျေးရွာအစပ်ရှိ ကွင်းပြင်များသို့ ကျရောက်ခဲ့ကြောင်း ရွှေလှေတိုက်နယ်ဒေသခံများထံမှ စုံစမ်းသိ၇သည်။

#စစ်ကောင်စီ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.