စနေ၊ ဇူလိုင်လ ၂၇ရက်၊ ၂၀၂၄

လေဖိအားနည်းရပ်ဝန်း မဖြစ်ပေါ်မီ နေ့အပူချိန်များ တစ်ကျော့ပြန် မြင့်တက်လာမည်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၅ မေ ၂၀၂၄
  • | ကြည့်ရှုသူ: 3.7k

အိမ်စိုးဖြူ

နိရဉ္စရာ၊ မေ ၁၅/ ၂ဝ၂၄

မေလ ၂၁ ရက်နေ့ နှင့် ၂၂ ရက်နေ့များတွင် လေဖိအားနည်းရပ်ဝန်းတစ်ခု မဖြစ်ပေါ်မီ မြန်မာနိုင်ငံ၌ နေ့အပူချိန်များ တစ်ကျော့ပြန် မြင့်တက်နေမည်ဖြစ်သဖြင့် သတိပြုကြရန် မိုးလေဝဿပညာရှင်ဦးဝင်းနိုင်ကသတိပေးထားသည်။

အဆိုပါ လေဖိအားနည်းရပ်ဝန်းမဖြစ်ပေါ်မီ မြန်မာနိုင်ငံအရပ်ရပ်တွင် နေ့အပူချိန်များ မြင့်တက်နေဦးမည်ဖြစ်ပြီး ယနေ့ (မေလ ၁၅ ရက်နေ့) ထုတ်ပြန်ချက်အရ ကမ္ဘာ့အပူဆုံး (၁၅)နိုင်ငံစာရင်းတွင် မြန်မာနိုင်ငံမှချောက်မြို့နှင့် မကွေးမြို့တို့ ပါဝင်နေကြောင်း တွေ့ရှိရသည်ဟု ၎င်းက ဆိုသည်။

၎င်းအပြင် ဦးဝင်းနိုင်က “ မေလ ၂ဝ-၂၁ ကျော်လွန်သည်အထိ အပူချိန်များ တစ်ကျော့ပြန်မြင့်မားလာခြင်းကို သတိပြုကြပါရန် မေလ ၂ဝ ရက်ကျော်ပြီးနောက် ဖြစ်ပေါ်လာမည့် ထူးခြားမိုးလေဝဿ ဖြစ်စဉ်များအခြေအနေကို ဂရုပြုနားစွင့်ကြပါရန် အသိပေးတင်ပြလိုက်ပါသည်။” ဟု ဆိုသည်။

ချောက်မြို့နယ်မှာ ကမ္ဘာ့အပူချိန်အမြင့်ဆုံး (၁၅)နိုင်ငံစာရင်းတွင် အဆင့် (၉) နေရာ၌ ရှိပြီး အပူချိန် ၄၄.၄ဒီဂရီစင်တီဂရိတ်ရှိကာ မကွေးမြို့က အဆင့်(၁၁) နေရာ၌ အပူချိန် ၄၄.၁ ဒီဂရီ ဆဲလ်စီးယပ်စ်ရှိနေကြောင်းသိရသည်။

ရခိုင်နှင့် ဧရာဝတီအပါအဝင် ပင်လယ်ကမ်းခြေဒေသများ၌လည်း ယခုရက်ပိုင်းအတွင်းတွင် အပူချိန်များသိသိသာသာမြင့်မားလာနေကြောင်း ဒေသခံများ​၏ ပြောပြချက်အရ သိရသည်။

ဆက်စပ် သတင်းများ

ဆက်စပ်သတင်း မရှိပါ!!