Preview
Preview
Preview

ကျောက်တော်၊ ဝဲကြီးထောင့်ဆေးရုံအား စစ်ကောင်စီက ဗုံးကြဲသဖြင့် ဆေးရုံတစ်ခုလုံးနီးပါး ပျက်စီးသွားပြီးဆေးဝန်ထမ်း၊ လူနာ နှင့် လူနာစောင့် (၂၀) ဦးထက်မနည်း ထိခိုက်ဒဏ်ရာရ

မေ ၁၅/ ၂၀၂၄ | ကြည့်ရှုသူ :803
ရခိုင် သတင်း

အေးမြတ်ခိုင်

နိရဉ္စရာ၊ မေလ ၁၅/၂၀၂၄

ကျောက်တော်မြို့နယ်၊ ဝဲကြီးထောင့်ဆေးရုံအား စစ်ကောင်စီ၏ ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည့်ဖြစ်စဉ်အတွင်း ဆေးရုံတစ်ခုလုံးနီးပါး ပျက်စီးဆုံးရှုံးခဲ့ရပြီး ဆေးဝန်ထမ်း၊ လူနာ နှင့် လူနာစောင့် အရပ်သားပြည်သူ စုစုပေါင်း (၂၀) ဦး ထက်မနည်း ထိခိုက်ဒဏ်ရာရပြီး သေဆုံးသူအချို့ရှိခဲ့သည်ဟု အာရက္ခတပ်တော်(AA) က ယနေ့ မေလ ၁၅ ရက်တွင် ထုတ်ပြန်သည်။

မေလ (၁၅) ရက်နေ့၊ နံနက် ၁၂ နာရီ ၁၆ မိနစ်ခန့်တွင် ကျောက်တော်မြို့နယ်၊ ဝဲကြီးထောင့် ကျေးရွာရှိ "ဝဲကြီးထောင့်ဆေးရုံ" အား လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် ဆေးရုံတစ်ခုလုံးနီးပါး ပျက်စီး ဆုံးရှုံးသွားခဲ့ရပြီး ဆေးဝန်ထမ်း၊ လူနာ နှင့် လူနာစောင့်အရပ်သားပြည်သူ စုစုပေါင်း (၂၀) ဦးထက်မနည်း ထိခိုက်ဒဏ်ရာရသည့်အနက် အပြင်းစားဒဏ်ရာ၇သူ (၅) ဦးရှိခဲ့ပြီး မြင်း (၁) ကောင်လည်း သေဆုံးခဲ့သည်ဟု ဖော်ပြထားသည်။

ယင်းအပြင် သေဆုံးသူအချို့ရှိခဲ့သည်ဟုဆိုသော်လည်း အရေအတွက်အတိအကျကိုမူ ဖော်ပြထားခြင်း မရှိပေ။

ဝဲကြီးထောင့်ကျေးရွာရှိဆေးရုံကို ဗုံးမကြဲမီ ၁၅ မိနစ်ခန့်ကလည်း လမ်းမတော်ကျေးရွာအထက်တန်းကျောင်းကို သုံးကြိမ်ပစ်ခတ်ခဲ့သည့်အတွက်   လမ်းမတော်စာသင်ကျောင်းတွင် စစ်ဘေးရှောင်နေသည့် စစ်ရှောင် ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ခဲ့သည်ဟု ဒေသခံများက ပြောသည်။

စစ်ရှုံးနေသော စစ်ကောင်စီသည် လူမျိုးရေး အမုန်းတရားများကို အခြေခံပြီး တိုက်ပွဲနှင့်မသက်ဆိုင်သောအရပ်ဘက်ပစ်မှတ်၊ ဆေးရုံ၊ ဈေးများကို ဦးတည်ပစ်ခတ် တိုက်ခိုက်နေခြင်းမှာ အပြစ်မဲ့ပြည်သူများအားအစုလိုက်အပြုံလိုက် သတ်ဖြတ်နေခြင်းပင် ဖြစ်ပြီး စစ်ရာဇဝတ်မှုကို ပြောင်ပြောင်တင်းတင်း ကျူးလွန်နေသည်ဟု ထုတ်ပြန်ထားသည်။

ပြည်သူလူထု၏ အသက်၊ အိုးအိမ်၊ စည်းစိမ်များနှင့် လူမှုဘ၀လုံခြုံမှုကို နေ့စဉ်နှင့်အမျှ ခြိမ်းခြောက်နေသောလုပ်ရပ်များနှင့် ပြည်သူများကို နေ့စဉ်သတ်ဖြတ်နေသော လုပ်ရပ်များမှာ မြန်မာနိုင်ငံအနှံ့ စစ်ကောင်စီကနေ့စဉ်ကျူးလွန်နေပြီး စစ်ကောင်စီ၏ ယခုကဲ့သောလုပ်ရပ်များနှင့် ယခင်ကျူးလွန်ထားခဲ့သော မှတ်တမ်းများကို နိုင်ငံတကာအဖွဲ့အစည်းများထံ ပေးပို့သွားမည်ဟုလည်း ပြောဆိုထားသည်။

ဓာတ်ပုံ- AA

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.