နောင်မင်းသူ၊နိရဉ္စရာ၊ မေ ၁၅ ရက်/၂၀၂၄
၇ခိုင်ပြည်နည်၊မောင်တောမြို့၌ ၁၂ နှစ်ကြာ နီးပါးပိတ်ထားခြင်းခံခဲ့၇သည့် မြို့မဗလီကြီးအားမေလ ၁၄ ရက်နေ့တွင် စစ်ကောင်စီမှ ပြန်လည်ဖွင့်လှစ်ပေးလိုက်ပြီဖြစ်ကြောင်း မောင်တောဒေသခံ မွတ်ဆလင်များထံမှ သိ၇သည်။
"ဒီမြို့မဗလီကြီးကို၂၀၁၂ ကတည်းက ဝတ်ပြုခွင့် အပိတ်ခံခဲ့ရတာ။မနေ့ကစပြီး ပြန်လည်ဝတ်ပြုခွင့် ပြုတယ်ဆိုပြီးအစ္စလာမ်သာဿနာရေးအဖွဲ့ကို စာနဲ့အကြောင်းကြားလာတာ။ မနေ့ကတောဗလီထဲ ခြုံနွယ်တွေကို ရှင်းလင်းရေးလုပ်ခဲ့ကြတယ်"ဟု ပြောကြားသည်။
မောင်တောဗလီကြီးအား(နစက) ခေတ်၂၀၁၂ ခုနှစ် ဇွန်လ ၈ ရက်နေ့၌ မြို့လုံးကျွတ် စုပေါင်း ဝတ်ပြုဆုတောင်းပွဲပြုလုပ်ကျင့်ပခွင့်ပြုခဲ့ရာမှ ဗလီအဆင်း၌ ဆန္ဒပြကြရာမှ မောင်တောမြို့၌ ဆူပူအကြမ်းဖက်မူများ ဖြစ်ပွားခဲ့ပြီး ၇ခိုင်လူမျိုး ၂၀ ခန့် သေဆုံး ဒဏ်ရာရရှိခဲ့ပြီး လူနေအိမ် အများအပြား မီးရှို့ခံခဲ့၇သည်။
ယင်းနောက်ပိုင်းမှ စပြီး ဗလီကြီးအား ပိတ်ထားခဲ့ခြင်းဖြစ်သည်။ ၂၀၂၄ခုနှစ် မေလ ၁၄ ရက်နေ့၌စစ်ကောင်စီအမိန့်ဖြင့် ထွေအုပ်မှစာထုတ်ပြီး ပြန်လည် ဝတ်ပြုခွင့်ပြုခဲ့ခြင်း ဖြစ်သည်။
၂၀၁၂ခုနှစ် ဇွန် ၈ ရက်သောကြာ နေ့ဗလီဆင်းချိန်က ရာနဲ့ချီတဲ့ အစ္စလာမ် ဘာသာဝင်များသည် ဇွန်လ ၃ ရက်နေ့က တောင်ကုတ်မြို့၌ အစ္စလာမ်ဘာသာဝင် ဗလီဆရာ ၁၀ ဦးအသတ်ခံရတဲ့ကိစ္စအား မကျေမနပ် ဖြစ်ပြီးဆန္ဒပြကြရာ ကနေ အကြမ်းဖက်မူများ ဖြစ်ပွားပြီး လူသေဆုံးမူနေအိမ်များအားမီးရှို့ခံရမူများအထိဖြစ်ပွါးခဲ့၇ခြင်းဖြစ်သည်။