Preview

မောင်တောမြို့အနီး AA နှင့် စစ်ကောင်စီပူးပေါင်းတပ်ဖွဲ့တို့အကြား တိုက်ပွဲပြင်းထန်စွာဖြစ်ပွား

မေ ၁၆/ ၂၀၂၄ | ကြည့်ရှုသူ :3842
ရခိုင် သတင်း

နောင်မင်းသူ၊နိရဉ္စရာ၊ မေ ၁၆ ရက်/၂၀၂၄

ရခိုင်ပြည်၊ မောင်တောမြို့၊ ကညင်းချောင်းစီးပွားရေးဇုန်အနီးရှိ လဘော်ဇားကျေးရွာ၌ မေလ ၁၅ ရက် ညအချိန်တွင်လည်းကောင်း၊ ယနေ့ မေလ ၁၆ ရက်ညနေပိုင်းတွင်မောင်တောမြို့အနီးရှိ ရွှေဇားကျေးရွာအုပ်စုတွင် လည်းကောင်း၊ အာရက္ခတပ်တော် (AA)နှင့် စစ်ကောင်စီပူးပေါင်းတပ်ဖွဲ့ တို့အကြား တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွါးလျှက်ရှိနေကြောင်း သတင်းရရှိသည်။

ယနေ့ မေလ၁၆  ညနေ၆ နာရီ ၁၀ မိနစ်မှစပြီး မောင်တောမြို့ ရွှေဇားကျေးရွာအုပ်စု၌ တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားလျှက်ရှိနေသည်ဟု ဒေသခံမွတ်ဆလင်တစ်ဦးက ပြောကြားသည်။

“ လက်နက်ကြီး၊ လက်နက်ငယ်၊ စက်သေနတ်ပစ်ခတ်သံတွေကို ကြားနေရပါတယ်။ ခုလို တိုက်ပွဲ ဖြစ်တော့ ဒေသခံတွေအကြား  စိုးရိမ်မှု မြင့်တက်နေပါတယ်”ဟု ၎င်းက ပြောသည်။

တိုက်ပွဲများမှာ မောင်တောမြို့အနီးထိ ဖြစ်ပွားလာနေပြီး မေလ၁၅ ရက်ကလည်း လဘော်ဇားရွာတွက် တိုက်ပွဲဖြစ်ပွားခဲ့ပြီး တစ်ညလုံး နှစ်ဖက်ပစ်ခတ်သံများကို ကြားခဲ့၇သည်ဟု ဆိုသည်။ 

"မနေ့က မေ ၁၅ ရက်က  ည ၉ နာရီကျော်ကနေ မနက် အာရုဏ်တက်ချိန်  ၂ နာရီကျော်နီးပါးအထိ လဘော်ဇားမှာ တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားခဲ့ကြတယ်။လက်နက်ငယ်၊ လက်နက်ကြီးအသံတွေ ပစ်ခတ်နေကြတာ  တစ်ညလုံးမအိပ်လိုက်ကြ၇ဘူး" ဟု၎င်းက ဆက်လက်ပြောကြားသည်။

မောင်တောမြို့နယ် ရွေဇားကျေးရွာအုပ်စု၊ လဘော်ဇား၊ ပေါင်းဇား၊ ဂေါ်ညှာ စသည်မွတ်ကျေးရွာများ၌ စစ်ကောင်စီသင်တန်းဆင်း မွတ်ဆလင်များ၊ စစ်ကောင်စီလက်သပ်မွေးထားသည့် ARSAတပ်ဖွဲ့ဝင်များနှင့် စစ်ကောင်စီတပ်များသည် လဘော်ဇား တံတားအား မိုင်းခွဲဖျက်ဆီးပြီး အေအေတပ်ဖွဲ့ဝင်များ  မောင်တောမြို့တွင်းသို့ မဝင်လာစေရန် စခန်းချနေထိုင်လျှက်ရှိနေကြသည်ဟု အနီးကပ် စစ်ရေး အခြေအနေများကို စောင့်ကြည့်နေသူ တစ်ဦးကပြောသည်။

" ကျီးကန်းပြင်ဌာနချုပ်နဲ့လှဖိုးခေါင် နခခ(၁၀)နယ်ခြားစောင့်စခန်းတွေ လက်နက်ချတပ်ဆုတ်ပြီးတာနဲ့ စစ်ကောင်စီးကလှဖိုးခေါင်သွားလမ်းက မွတ်ဆလင်ကျေးရွာတွေအားလုံးနီးပါး မှာ စစ်သင်တန်းဆင်းမွတ်ဆလင်တွေ နဲ့ ARSA အဖွဲတွေစစ်ကောင်စီတပ်သားတွေကို စခန်းနေရာ ချထားလိုက်ကြတာ"ဟု ပြောဆိုသည်။

အကြမ်းဖက်စစ်ကောင်စီနှင့် စစ်သွေးကြွမွတ်ဆလင်များသည် ပြီးခဲ့သည့်မေလ ၆ ရက် ညဥ့် ၁၂ နာရီတွင်လည်း မောင်တောမြို့နယ်၊ ရွှေဇားကျေးရွာ အုပ်စုဂေါင်ညာရွာ - လဘော်ဇားရွာကြား အလျား ( ၅၀၀) ပေ၊ အနံ ( ၁၂ )ပေ ရှိသော လဘော်ဇားကွန်ကရစ်တံတားအားမိုင်းခွဲဖျက်ဆီးခဲ့သည်။

၎င်းနောက်ပိုင်းတွင် အေအေတပ်ဖွဲ့ဝင်များသည်  မွတ်ဆလင်ကျေးရွာများ၌စခန်းနေရာချထားသည့် စစ်သင်တန်းဆင်း မွတ်ဆလင်လက်နက်ကိုင်များ၊ ARSA တပ်ဖွဲ့နှင့်စစ်ကောင်စီ ပူးပေါင်းတပ်ဖွဲ့များအားတစ်ရွာပြီးတစ်ရွာထိုးစစ်ဆင် တိုက်ခိုက်လျှက်ရှိနေသည်ဟု သိ၇သည်။

အဆိုပါ တိုက်ပွဲဖြစ်ပွားနေရာသို့စစ်ကောင်စီ ကညင်ချောင်းစီးပွားရေးဇုန် လက်နက်ကြီး အထိုင်စခန်း နှင့် မြို့သူကြီးအခြေစိုက်နခခ(၅)မှ အတွဲလိုက်ဒုံးများပစ်ကူပေးလျှက်ရှိနေသည်ဟု ဒေသခံများက ပြောကြားသည်။(ပုံစာ- မောင်တောမြို့နယ် မြောက်ပိုင်းမှ တိုက်ပွဲမြင်ကွင်းတစ်ခု/ဓာတ်ပုံ-  NPnews)

#AA
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.