Preview

စစ်တွေမြို့နယ်၊ မွတ်ဆလင်ကျေးရွာများအနီး ပင်လယ်ကမ်းခြေတလျှောက်တွင် စစ်ကောင်စီက မိုင်းထောင်နေပြီး စစ်ကောင်စီ၏မွတ်ဆလင်တပ်သားများကီု ကင်းပုန်းချထား

မေ ၁၇/ ၂၀၂၄ | ကြည့်ရှုသူ :5056
ရခိုင် သတင်း

အိမ်စိုးဖြူ

နိရဉ္စရာ၊ မေ ၁၇/ ၂၀၂၄

ရခိုင်ပြည်၊ စစ်တွေမြို့နယ်ရှိ မွတ်ဆလင်ကျေးရွာများအနီး ပင်လယ်ကမ်းခြေတလျှောက်တွင် စစ်ကောင်စီက မိုင်းထောင်နေပြီး စစ်ကောင်စီလက်နက်ကိုင် မွတ်ဆလင်တပ်သားများက ကင်းပုန်းချ နေရာယူနေကြောင်း သတင်းရရှိသည်။

စစ်တွေမြို့နယ်ရှိ သဲချောင်း၊ ဒါးပိုင်၊ အုန်းတောကြီး၊ အုန်းတောချေ၊ ပလ္လင်ပြင်ကျေးရွာများအပါအဝင်ကမ်းခြေတလျှောက်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ၎င်းတို့၏ လက်နက်ကိုင်မွတ်ဆလင်တပ်သားများမှာလွန်ခဲ့သည့် မေလ ၁၃ ရက်နေ့ခန့်ကစပြီး မိုင်းထောင်နေကြပြီး ကင်းစခန်းချနေကြခြင်းဖြစ်ကြောင်း ထိုဒေသနေ မွတ်ဆလင်ပြည်သူတစ်ဦးက နိရဉ္စရာအားပြောသည်။

“ သူတို့မိုင်းထောင်တဲ့နေ့ကစပြီး ပင်လယ်ထဲငါးရှာနေတဲ့သူတွေ မသွားရဲကြတော့ဘူး။ ဘယ်သူမှ ကမ်းခြေဘက် မသွားရဲဘူး။ စစ်ကောင်စီက ခိုင်းထားတဲ့ မွတ်ဆလင်စစ်သားတွေနဲ့ သူတို့စစ်ကောင်စီတပ်သားတွေလည်း ပါပါတယ်။ ကမ်းခြေတလျှောက်မှာ ထောင်နေကြတာပါ” ဟုပြောသည်။

အဆိုပါ မွတ်ဆလင်ကျေးရွာသားအများစုမှာ ငါးဖမ်းစက်လှေလုပ်သားများဖြစ်ပြီး လက်ရှိတွင် ယခင်ကထက် စားဝတ်နေရေးကျပ်တည်းပြီး အစာ၊ အာဟာရပြတ်သူများပင်ရှိလာကြောင်း ၎င်းကဆက်ပြောသည်။

“ကျွန်တော်တို့ ဘယ်ကိုမှ သွားလာခွင့်မရှိပါဘူး။ စစ်ကောင်စီက မြို့ကိုပိတ်ဆို့ထားတာပါ။ NGO/INGO တွေကလည်း ဒုက္ခသည်တွေကိုပဲ ကူညီတာပါ။ အခုက ဒုက္ခသည် မဟုတ်တဲ့လူတွေလည်း ငတ်နေကြတာပါ။” ဟုပြောသည်။

စစ်တွေမြို့နယ်တစ်ခုလုံးကို စစ်ကောင်စီက လွန်ခဲ့သည့် ၂၀၂၃ ခုနှစ် နိုဝင်ဘာလမှစ၍ ယနေ့အချိန်အထိပြင်ပသို့ သွားလာခွင့်ပိတ်ပင်ထားပြီး မြို့ပတ်ပတ်လည်၊ မြို့တွင်းနေရာတချို့နှင့် ၎င်းတို့၏ ကင်းစခန်းများအနီးအနားများတွင် မိုင်းများထောင်ထားသဖြင့် ဒေသခံတချို့မိုင်းနင်းမိပြီး ထိခိုက်ဒဏ်ရာရမှုများ ရှိနေကြောင်းသိ၇သည်။

ပုံ - စစ်တွေမြို့နယ်ရှိ မွတ်ဆလင်ကျေးရွာမှ ဒေသံများအားတွေ့၇စဉ်(ယခင်ပုံ)

#စစ်ကောင်စီ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.