နောင်မင်းသူ၊နိရဉ္စရာ၊ မေ ၁၇ ရက်/၂၀၂၄
ဘူးသီးတောင်မြို့တွင် အာရက္ခတပ်တော်(AA) နှင့် စစ်ကောင်စီတပ်တို့အကြားတိုက်ပွဲများ ပြင်းထန်လာနေသည့်အတွက် ဘူးသီးတောင် အကျဥ်းထောင်မှ ထောင်သက်တမ်း ရ နှစ်အောက် အကျဉ်းကျခံနေကြ၇သည့် အကျဥ်းသား/အကျည်းသူ ၃၈၄ ဦးကို မေလ ၁၅ ရက်နေ့က စစ်ကောင်စီက လွတ်ငြိမ်းခွင့်ပေးခဲ့သည်ဟု သိ၇သည်။
ဘူးသီးတောင်ထောင်အာဏာပိုင်များနှင့် နီးစပ်သူတစ်ဦးက “ရာဇတ်သတ်ကြီး ကျင့်ထုံး ဥပဒေပုဒ်မ (၄၀၁)အရ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ထောင်ဒဏ် ၇ နှစ် အောက် အကျဉ်းသား ၃၈၄ဦးကို ဒီလ ၁၅ ရက် မနက်ပိုင်းနဲ့ နေ့လယ်ပိုင်းတွေမှာ လွတ်ပေးလိုက်ပြီဖြစ်ပါတယ်” ဟု ပြောကြားသည်။
ဘူးသီးတောင်အကျဉ်းထောင်၌ လက်ကျန်အကျဉ်းသား၈၀၀ ကျော် ရှိပြီးလွတ်ငြိမ်း ချမ်းသာခွင့်၇သူအမျိုးသား ၃၁၂ ဦးနှင့် အမျိုးသမီး ၇၂ ဦး စုစုပေါင်း၃၈၄ ဦး ဖြစ်ကြောင်း အကျဉ်းဦးစီး စာရင်းများ အရသိ၇သည်။
ဘူးသီးတောင်အကျဥ်းထောင်တွင် လက်ကျန်ထောင်သား ၈၀၀ ခန့်ရှိပြီး ထိုအထဲက(၇) နှစ်အောက် ထောင်ကျအကျဉ်းသား ၃၈၄ ဦးကို လွှတ်ပေးခဲ့သော်လည်း (၁၀) နှစ်အထက်အကျဉ်းကျခံ နေ၇သူ အကျဥ်းသား၄၀၀ ကျော်အား ဘူးသီးတောင်မြို့ ဂန္ဓမာကျေးရွာရှေ့ နယ်ခြားစောင့် တပ်ဖွဲခွဲ နခခ(၃)အား သို့ ရွေ့ပြောင်း ထားလိုက်ကြောင်း အကျဉ်းဦးစီးဌာန တာဝန်ရှိသူတွေက ပြောဆိုသည်။
"တိုက်ပွဲထဲက လက်နက်ကြီးကျည်တွေ ထောင်အဆောက်အဦးတွေအထိ ကျလာတယ်။အခြေအနေက ထောင်လုံခြုံမှု မရှိတော့ဘူး။ ၃၈၄ ဦး လွတ်ငြိမ်းခွင့်ပြုပြီး လက်အကျဉ်းသား ၄၀၀ ကျော်ကိုတော့ နခခ (၃)ကို ပို့ထားရတယ်။ စားသောက်ရေးကတော့ အကျဉ်းထောင်က တာဝန် ယူထား၇တယ်" ဟုပြောကြားသည်။
ယခု လွတ်ငြိမ်းခွင့်မပြုမီကလည်း ဘူးသီးတောင်အကျဉ်းထောင်မှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားအကျဉ်သားများနှင့် နှစ်ကြီးအကျဉ်းသား ၅၀၀ ကျော်အား စစ်တွေနှင့် ရန်ကုန်သို့ ပြီးခဲ့သည့် ဧပြီလ၁ ရက်က ဇက်ရေယာဥ်ဖြင့် မောင်တော ကညင်ချောင်းဇုန်ရေနက်ဆိပ်ကမ်းမှတစ်ဆင့် ပို့ဆောင်ခဲ့သည်ဟု သိ၇သည်။
ထိုအထဲက ဘင်္ဂလားဒေ့ရှ်ထောင်သား ၁၇၃ ဦးကို ဧပြီ ၂၄ ရက်နေ့ကစစ်တွေထောင်ကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ပြန်လည် လွှဲပြောင်းပို့ဆောင်ခဲ့သည်။
ဘူးသီးတောင်ထောင်ထဲမှ လွတ်ပေးလိုက်သူများအထဲတွင်ရခိုင်နှင့် မွတ်ဆလင်အများစုဖြစ်ပြီး သက်ဆိုင်ရာ ကျေးရွာအသီးသီးသို့ ပို့ဆောင်ပေးခဲ့သည်ဟုသတင်းရရှိသည်။