- Web Master
- ၁၂ မေ ၂၀၂၄
အေးမြတ်ခိုင်၊ နိရဉ္စရာ၊ မေလ ၁၈/၂၀၂၄
ရခိုင်ပြည်၊ ဘူးသီးတောင်မြို့ပေါ်တွင် ဖြစ်ပွားခဲ့သည့် မီးလောင်မှု၊ လူထိခိုက်သေဆုံးမှု စသည့် အကြမ်းဖက်မှုများနှင့် ပတ်သက်၍ စွပ်စွဲချက်များ အပေါ် အာရက္ခတပ်တော် (AA) က ၎င်းတို့နှင့် မသက်ဆိုင်ကြောင်းပြောဆိုပြီး ပယ်ချလိုက်သည်။
ယမန်နေ့ မေလ ၁၇ ရက် ညက အာရက္ခတပ်တော် (AA) မီးရှို့၍ ဘူးသီးတောင်မြို့ပေါ်ရှိ မွတ်ဆလင် နေအိမ်အများအပြား မီးလောင်ပြာကျခဲ့ရပြီး မွတ်ဆလင် စစ်ဘေးရှောင်များ ခိုလှုံနေသည့် အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်းကို အေအေက ဒရုန်းဗုံးကြဲချ၍ ထိခိုက်သေဆုံးမှု အများအပြား ရှိခဲ့ကြောင်း မွတ်ဆလင်အရေး အသိုင်းအဝိုင်းနှင့် တက်ကြွလှုပ်ရှားသူများက ရေးသား ပြောဆိုကြသည်။
မွတ်ဆလင်အရေးတက်ကြွလှုပ်ရှားသူ ရိုနေဆန်းလွန်က "ဘူးသီးတောင်မြို့ပေါ်မှာရှိတဲ့ ရိုဟင်ဂျာ
နေအိမ်တွေအားလုံးကို မနေ့ညက အေအေ (AA) က မီးရှို့လိုက်လို့ ပြာဖြစ်သွားပြီ။ တစ်သိန်းခွဲ
ကျော်လောက်ရှိမယ့် အိုးမဲ့အိမ်မဲ့ ဖြစ်သွားတဲ့ ရိုဟင်ဂျာတွေအားလုံး လမ်းပေါ်မှာ၊ လယ်ကွင်းတွေမှာ အစားအသောက်မရှိ ခိုလှုံစရာနေရာမရှိကြဘူး။
အေအေ
NUG လူ့အခွင့်အရေးဆိုင်ရာ ဒုဝန်ကြီး ဦးအောင်ကျော်မိုးကလည်း ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ဖြစ်ပေါ်နေသည့် အခြေအနေများနှင့်ပတ်သက်ပြီး စိုးရိမ်စရာကောင်းသည့် မြေပြင် သတင်း အချက်အလက်များကို လက်ခံရရှိထားသည်ဟု ဆိုသည်။
သက်ဆိုင်သူအားလုံးက မှန်မှန်ကန်ကန် လူသားချင်းစာနာထောက်ထားမှုဆိုင်
အဆိုပါ စွပ်စွဲချက်များပတ်သက်ပြီး အခြေအမြစ်မရှိသော စွပ်စွဲချက်များဖြစ်သည်ဟု ဆိုကာ အေအေပြောခွင့်ရသူ ဦးခိုင်သုခက ပယ်ချလိုက်သည်။
အေအေ အနေနှင့် အရပ်ဘက်ပစ်မှတ်များကို တိုက်ခိုက်ခြင်း လုံးဝမရှိသလို အပြစ်မဲ့ အရပ်သား ပြည်သူများကို လူမျိုး၊ဘာသာမခွဲခြားဘဲ ကူညီကာကွယ်ပေးနေသည်ဟု ပြောသည်။
သို့သော် အကြမ်းဖက်မှုကျူးလွန်နေသူများနှ
"ဒီဟာကတော့ လုံးဝမမှန်ကန်ပါဘူးဗျ။ ပြောရမယ်ဆိုရင်တော့ အခြေအမြစ်မရှိတဲ့ စွပ်စွဲချက်လို့ပဲ ပြောရမှာဖြစ်ပါတယ်"ဟု နိရဥ္စရာကို ပြောသည်။
ဘူးသီးတောင်မြို့ပေါ်တွင် စစ်ကောင်စီနှင့် မွတ်ဆလင်လက်နက်ကိုင်တပ်ဖွဲ့များ
ယင်းအပြင် မွတ်ဆလင်လက်နက်ကိုင်များက နေအိမ်တချို့ကို ၎င်းတို့ကိုယ်တိုင် မီးရှို့ ပြီး ဓာတ်ပုံရိုက်
မှတ်တမ်းတင်ကာ
နိုင်ငံတကာအဖွဲ့များသို့ပေးပို့
ဘူးသီးတောင်မြို့ပေါ်အခြေအနေကို သိရှိနိုင်ရန် ဒေသခံများကို ဆက်သွယ်မေးမြန်းခဲ့ရာတွင် အမည် မဖော်လိုသည့် ဒေသခံမွတ်ဆလင်တစ်ဦးက နိရဉ္စရာသတင်းဌာနကို ယခုကဲ့သို့ပြောသည်။
"အေအေက မြို့သိမ်းတော့မှာမလို့ မြို့တွင်းမှာ မနေဘဲ မနက်ဖြန် အမြန်ဆုံးရှောင်ဖို့ မွတ်ဆလင်
လူကြီးတချို့ကို ခေါ်ပြီးသတိပေးတယ်လို့ပြောတယ်။ တချို့ကတော့ အရင်ကတည်းက ရှောင်သွားကြတာရှိတယ်။ ကျန်ခဲ့တဲ့ တချို့လူတွေက မြို့အတွင်းကအဆောက်အအုံတွေမှာပဲ ရှောင်နေပြီး မြို့ပြင်ထွက်ရှောင်ဖို့ငြင်း
ဘူးသီးတောင်မြို့သိမ်းတိုက်ပွဲ
အာရက္ခတပ်တော်(AA)က ပြီးခဲ့သည့် မေလ ၁၄ ရက်က စစ်ကောင်စီ၏ ဘူးသီးတောင်အခြေစိုက် ခမရ (၃၅၃) တပ်ရင်းကို သိမ်းပိုက်ချိန်မှာ စစ်ကောင်စီ ဖမ်းဆီးထားသည့် ခရုချောင်း မူဆလင်ကျေးရွာက ကလေးငယ်များအပါဝင် မူဆလင် အမျိုးသား အမျိုးသမီးစုစုပေါင်း (၃၅) ယောက်ကိုကယ်ထုတ်ခဲ့သည့်
ရုပ်သံဖို
ယနေ့ မေလ (၁၈) ရက်၊ မွန်းတည့် (၁၂) နာရီအချိန်ခန့်တွင် ဘူးသီးတောင်မြို့ရှိ စစ်ကောင်စီ၏ နောက်ဆုံးလက်ကျန် စခန်းများ ဖြစ်သော ဘူးသီးတောင် ဗျူဟာဌာနချုပ် အပါအဝင် ဗျူဟာ လက်အောက်ခံ တပ်ရင်းများ၊ အမြောက်တပ်၊ ထောက်ပို့တပ်ရင်း နှင့် ဒကစ (စစ်တွေ) လက်အောက်ခံ ဘူးသီးတောင် အခြေစိုက်တပ်ရင်းအချို့ အပါအဝင် စခန်းအားလုံးကို အေအေက တစ်ခုမကျန်သိမ်းပိုက်ထားပြီး စစ်ရှုံး၍ထွက်ပြေးနေသော စစ်ကောင်စီတပ်သားများ နှင့် လက်နက်ကိုင်မွတ်ဆလင်များကို လိုက်လံရှင်းလင်းနေသောကြောင့် ဘူးသီးတောင်မြို့ဝန်းကျင်တွင် စစ်ရေးသတိဖြင့်နေထိုင်ကြရန် အာရက္ခတပ်တော် က ထုတ်ပြန်ထားသည်။
လက်ရှိတွင်လည်း အာရက္ခတပ်တော်(AA) နှင့် စစ်ကောင်စီတပ်နှင့် မွတ်ဆလင်ပူးပေါင်းတပ်ဖွဲ့တို့