Preview

မောင်တော သရီကုန်ဘောင်ရွာကို စစ်ကောင်စီက လေယာဥ်ဖြင့်ဗုံး ၃ လုံးကြဲချ၍ ဒေသခံ၂ ဦးဒဏ်ရာ၇ပြီး ကျေးလက်ဆေးပေးခန်းအပါအဝင်နေအိမ် ၅ အိမ်ပျက်စီး

မေ ၁၉/ ၂၀၂၄ | ကြည့်ရှုသူ :1139
ရခိုင် သတင်း

နောင်မင်းသူ၊နိရဉ္စရာ၊ မေ ၁၉ ရက်/၂၀၂၄

ရခိုင်ပြည်၊ မောင်တောမြို့နယ်တောင်ပိုင်းတွင် တည်ရှိသည့်  သရီကုန်ဘောင်ကျေးရွာကို မေလ၁၉ ရက် နံနက်၁၀ နာရီကျော်ခန့်၌  အကြမ်းဖက် စစ်ကောင်စီက ဂျက်တိုက်လေယာဉ်ဖြင့် ဗုံး ၃လုံးကြဲချခဲ့သဖြင့်  ဒေသခံ ၂ ဦးဒဏ်ရာရရှိပြီး ကျေးလက် ဆေးပေးခန်းအပါအဝင်လူနေအိမ်၅ လုံး ပျက်စီးသွားခဲ့ကြောင်း ကျေးရွာဒေသခံများထံမှ သိ၇သည်။

ကျေးရွာသား တစ်ဦးက  "ဒီနေ့မနက် ၁၀နာရီကျော်မှာ ဂျက်တိုက်လေယာဉ်တစ်စီးရုတ်တရက် ရောက်လာပြီး ရွာထဲကို ဗုံးချခဲ့တာ။ရွာသူရွာသားတွေ အနီးအနားက ရွာတွေကို ဈေးသွားဝယ်နေကြတဲ့ အချိန်ဖြစ်လို့။ မဟုတ်ယင်အသေအပျေက်တွေဖြစ်ကြမှာ။  အခုဒဏ်ရာ ၇တာ၂ ဦးရှိတယ်။ ကျေးလက် ဆေးပေးခန်းနဲ့လူနေအိမ် ၅ ဆောင်ပြိုသွားတယ်"ဟု ပြောကြားသည်။

ဒဏ်ရာရရှိသူများမှာအသက် ၇၉ နှစ်အရွယ် ဦးညိုမောင်နှင့် နောက်ရွားသားတစ်ဦးဖြစ်ပြီးကျေးလက် ကျန်းမာရေးဆေးပေးခန်းနှင့် နေအိမ် ၅ လုံးမှာလုံး၀ ပျက်စီးသွားကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

လာရောက်ကြဲချခဲ့သည့် ဗုံး ၃ လုံးတွင် ကျေးလက်ဆေးပေးခန်း၌တစ်လုံးကျရောက်ပြီး ဆေးပေးခန်း တစ်ခုလုံးပျက်စီးသွားသွားခဲ့ရကာ နောက်ထပ်ဗုံးနှစ်လုံးမှာ ကျေးရွာအတွင်းနှင့်ရွာအပြင်ဘက်တွင်  ကျရောက် ပေါက်ကွဲပြီးနေအိမ် ၅ အိမ်ပျက်စီးသွားခဲ့သည်။

ပျက်စီးသွားသည့် နေအိမ်များမှာဦးအောင်ထွန်းသာ၊ ဦးလှအောင်စံ၊ ဦးညိုမောင်၊ဦးဇော်ခိုင်နှင့် ဦးမောင်အေးတို့၏ အိမ်များဖြစ်ကြောင်း ၎င်းကျေးရွာမှ အမျိုးသမီးကြီး တစ်ဦးက ပြောသည်။

“  လုံး၀ပြိုသွားတာအိမ်တွေက၊ ဗုံးတွေက အရမ်းပြင်းတာ။  ဆေးရုံလည်း လုံး၀ ပြိုကျသွားတယ်။အခုက ကျွန်မတို့ နေစရာမရှိတော့ဘူး။ နောက်ထပ်လာပြီး ဗုံးကြဲမှာကို ကြောက်နေရတယ်။ ရွာသားတွေလည်း ဘယ်လိုလုပ်မ၇လဲမသိဖြစ်နေကြတယ်” ဟု ပြောဆိုသည်။

ပြီးခဲ့သည့် မေလ၁၄ရက် ၌ လည်း မောင်တောမြို့နယ် တောင်ပိုင်း ကင်းချောင်းကျေးရွာသို့ စစ်ကောင်စီမှဂျက်တိုက်လေယျာဉ် ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့်  ရွာသား ၃ ဦး ပွဲချင်းပြီး  သေဆုံးခဲ့ကာ ကျေးရွာသား  ၅ဦးထက်မနည်းထိခိုက်ဒဏ်ရာရရှိခဲ့၇သည်။

မေလ၆ရက်နေ့ကလည်း မောင်တောမြို့နယ် ရွှေဗဟိုကျေးရွာအတွင်း လက်နက်ကြီး ကျရောက်ပေါက်ကွဲ၍ အမျိုး သမီးတစ်ဦး ပြင်းထန်ဒက်ရာရရှိခဲ့၇သည်။

ဓာတ်ပုံ - ပေးပို့

#မောင်တော
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.