Preview

မြန်မာဘက်မှ အမြောက်ပစ်ခတ်သံများက ဘင်္ဂလားဒေ့ရှ် နယ်စပ်ကိုတုန်ခါသွားခဲ့

မေ ၁၉/ ၂၀၂၄ | ကြည့်ရှုသူ :3781
ရခိုင် သတင်း

(ညဘက်တွင်နယ်စပ်တစ်ဖက်ခြမ်းတွင် မီးတောက်မီးလျှံများကိုတွေ့မြင်နေရပြီး ဘင်္ဂလာ နယ်ခြားစောင့်တပ်နှင့် ကမ်းရိုးတန်းစောင့်တပ်များကိုလည်း တိုးမြှင့်ချထားပြီး ကင်းလှည့်မှုများ လုပ်ဆောင်နေ)

ဂျွန်နသန်၊ နိရဉ္စရာ၊ မေ ၁၉/၂၀၂၄

မြန်မာနိုင်ငံမှ အမြောက်ပစ်ခတ်သံ များကြောင့် ဘင်္ဂလားဒေ့ရှ်နယ်စပ်ကိုတုန်ခါ သွားစေခဲ့ကြောင်း၊ ညဘက်တွင်လည်းနယ်စပ်တစ်ဖက်ခြမ်းတွင် မီးတောက်၊ မီးလျှံများကိုတွေ့မြင်နေ၇ကြောင်းDhaka Tribune သတင်းကဖော်ပြသည်။

အဆိုပါဖြစ်စဥ်အပေါ်တုံ့ပြန်ဆောင်ရွက် သည့်အနေဖြင့် ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်နှင့် ကမ်းရိုးတန်းစောင့်တပ်များကိုလည်း တိုးမြှင့်ချထားပြီးကင်းလှည့်မှုများ လုပ်ဆောင်လျက်ရှိကြောင်း သိ၇သည်။

ဘင်္ဂလားဒေ့ရှ်နယ်စပ်၊ရခိုင်ပြည်နယ်တွင်အာရက္ခတပ်တော်(AA)နှင့် မြန်မာ့တပ်မတော်တို့အကြား တိုက်ပွဲများ ပြင်းထန်နေမှု ကြောင့် ကော့ဘဇားရှိ တက္ကနတ်နယ်စပ်တွင်မော်တာကျည် ပေါက်ကွဲသံ များ ထပ်မံကြားနေ၇ကြောင်း သတင်းတွင် ဖော်ပြသည်။

မေလ(၁၇ )ရက် ည ၁၀ နာရီခွဲ အချိန် ခန့်တွင် တက္ကနက်မြို့အပိုင် ၊ ဂျာလီယာရပ်ကွက်အနီး မြန်မာဘက်က နယ်စပ်တစ်လျှောက်တွင် ပေါက်ကွဲမှုများနှင့် မီးလောင်မှုများ ဖြစ်ပွားခဲ့သည်ဟု ဆိုသည်။ 

"ညပိုင်း မှာတော့ နယ်စပ်ရဲ့ တစ်ဖက်မှာ မီးတောက်၊မီးလျှံ တွေကိုမြင်တွေ့ခဲ့ရပါတယ်။ ကျယ်လောင်တဲ့ အသံတွေလဲ ကြားခဲ့၇ပါတယ်။ ဒီနေ့ (မေလ ၁ရရက်) အထိ ကြားနေ၇တုံးပါ"ဟု တက္ကနတ်ဒေသ ခံတစ်ဦးက ပြောဆို သည်။

မြန်မာ့တပ်မတော်သည်ခွဲထွက်ရေးအဖွဲ့အစည်းတစ်ခု ဖြစ်သည့် ရက္ခိုင့်တပ်မတော်နှင့် အပြင်းအထန် တိုက်ပွဲများဖြစ်ပွားနေကြောင်း သတင်းရရှိသည်။

အဆိုပါဖြစ်စဥ်အပေါ်တုံ့ပြန်ဆောင်ရွက် သည့်အနေဖြင့် ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ် (BGB) နှင့် ဘင်္ဂလားဒေ့ရှ် ကမ်းခြေစောင့်တပ်ဖွဲ့တို့သည် နတ်မြစ်တစ်လျှောက်နှင့်နယ်စပ်တစ်လျှောက်တို့တွင် ကင်းလှည့်မှုများ တိုးမြှင့်လုပ်ဆောင်ခဲ့ပြီးမည်သည့်အခြေအနေမျိုးတွင်မဆို အခြေအနေအရပ်ရပ်ကို စီမံဆောင်ရွက်နိုင်ရန်အထူးသတိထားစောင့်ကြည့်လျက်ရှိကြောင်းသိ၇သည်။

"နယ်စပ်ဒေသခံတွေပြောတာ က ဒီနေ့(မေလ၁ရရက် )အထိ တဖက်ခြမ်းက(မြန်မာဖက်ခြမ်း) သေနတ်သံတွေကြားနေရတယ်။ ကျွန်တော် တို့ရဲ့တရားဥပဒေစိုးမိုးရေး ဝန်ထမ်းတွေကတော့ နိုင်ငံအတွင်းမှာရှိတဲ့ ဘယ်အခြေအနေမျိုးကိုမဆို ကိုင်တွယ်ဖြေရှင်းနိုင်အောင်လို့ကြိုတင် ပြင်ဆင်မှုတွေဆောင်ရွက် လျက်ရှိပါတယ်”ဟု တက္ကနတ် Upazila Nirbahi မှအရာရှိမိုဟာမက်အာနန်ချောင်ဒရီ က ပြောဆိုသည်။

အတည်မပြုနိုင်သေးသည့်သတင်းများအရအာရက္ခတပ်တော်ကမောင်တောမြို့နယ်ကို သိမ်းပိုက်ထားပြီးဖြစ်ကြောင်းမြန်မာနယ်ခြားစောင့်ရဲတပ်ဖွဲ့ (BGP) မှ အဖွဲ့ဝင်အချို့သည်ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ထွက်ပြေး တိမ်းရှောင်သွားကြသည်ဟုဆိုသည်။

မေလတွင်မြန်မာနယ်ခြားစောင့်ရဲတပ်ဖွဲ့( BGP)မှ အဖွဲ့ဝင်( ၁၂၈)ဦးတို့သည် တက္ကနပ်နယ်စပ်မှတဆင့် ဖြတ်ကျော်ဝင်ရောက်လာပြီး ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် (BGB) နှင့်ကမ်းခြေစောင့်တပ်ထံ လက်နက်ချခဲ့သည်။

အဆိုပါအဖွဲ့ဝင်( ၁၂၈)ဦးစလုံးတို့၏ လက်နက်များကိုဖြုတ်သိမ်းပြီးနောက် လက်ရှိတွင်ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် BGB ၏Hnila အထက်တန်းကျောင်းရှိအချုပ်တွင်၄င်းတို့အားထိန်းသိမ်းထားသည်။

ယခင်ကလည်းမြန်မာနယ်ခြားစောင့်တပ်(BGP) မှရဲတပ်ဖွဲ့ ဝင်များနှင့် တပ်မတော်သား စုစုပေါင်း( ၆၁၈) ဦးတို့ကို ၄င်းတို့၏ နေရပ်သို့ပြန်ပို့ပေး ခဲ့ပြီးဖြစ်သည်။

(သတင်းတွင် ဖော်ပြထားချက်အတိုင်း ဘာသာပြန်ထားခြင်းဖြစ်ပါသည်)

 Source/Dhaka Tribune  and Photo/ Somoy News

 

#မြန်မာ# ဘင်္ဂလားဒေ့ရှ်# နယ်စပ်ရေးရာ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.