Preview

ကျောက်ဖြူနှမ်းဖဲတောင်ရွာမှ စစ်တပ်ဖမ်းဆီးခံသွားသည့် အမျိုးသမီး ၉ ဦးနှင့် အမျိုးသား ၂ ဦးအထဲမှ အမျိုးသမီး၅ ဦးကို ပြန်လွတ်ပေးပြီး ကျန်သူများနှင့် အဆက်အသွယ်မရဖြစ်နေ

မေ ၂၀/ ၂၀၂၄ | ကြည့်ရှုသူ :1461
ရခိုင် သတင်း

သဉ္ဇာနွယ်/နိရဉ္စရာ၊ မေ ၁၉/၂၀၂၄

ရခိုင်ပြည်၊ကျောက်ဖြူမြို့နယ်၊ ဂုံးချွိန်တိုက်နယ်၊နှမ်းဖဲတောင်ရွာမှ အမျိုးသမီး၉ ဦးအပါအဝင်  ဒေသခံ ၁၁ ဦးကို စစ်ကောင်စီတပ်ကဖမ်းဆီးသွားပြီး ထိုအထဲက အမျိုးသမီး ၅ ဦးကို ပြန်လွှတ်ပေးပြီး ကျန်အမျိုးသမီး၄ နှင့် အမျိုးသား ၂ ဦးမှာ အဆက်အသွယ်မရဘဲ ဖြစ်နေကြောင်း သတင်းရရှိသည်။

ပျောက်ဆုံးနေသူ အမျိုးသမီးများမှာ ဒေါ်ယိုင်မေနု ၊ဒေါ်အောင်မဝေ၊ ဒေါ်မအေးလှ၊နောက်ထပ် အမျိုးသမီး တစ်ဦးနှင့် အမျိုးသား နှစ်ဦးတို့ဖြစ်ကြသည်။

ကျောက်ဖြူမြို့နယ်၊ဂုံးချွိန်တိုက်နယ်၊ နှမ်းဖဲတောင်ရွာကို ပြီးခဲ့သည့် မေလ ၁၆ ရက်နေ့ နံနက်ပိုင်းကနှမ်းဖဲတောင်ကျေးရွာဘုရားကုန်းတွင် တပ်စွဲထားသည့်စစ်ကောင်စီတပ်သားတချို့ဝင်ရောက် လာပြီး အမျိုးသမီး ၉ဦးနှင့် အမျိုးသား ၂ဦးကို ဖမ်းဆီးခေါ်ဆောင်သွားသည်ဟုကျောက်ဖြူဒေသခံတစ်ဦးက နိရဉ္စရာ သတင်းဌာန ကိုပြောသည်။

" နှမ်းဖဲတောင်ရွာမှာက ဘုရားတောင်မှာ စစ်ကောင်စီတွေ တပ်စွဲထားတယ်။ သူတို့တစ်ရက် ရွာထဲကို ဝင်လာပြီး သေနတ်တွေနဲ့ ရွာသားတွေကို ခြိမ်းခြောက်ပြီး အမျိုးသမီး ၉ ယောက်နဲ့အမျိုးသား ၂ ယောက်ကို ဖမ်းခေါ်သွားတယ်။ ဖမ်းဆီးပြီး ဘုရားကုန်းမှာပဲထားတယ်။ ဘာကြောင့်ဖမ်းလည်း ဆိုတာကိုလည်း မသိရဘူး" ဟုပြောသည်။

ယင်းသို့ဖမ်းဆီးခေါ်ဆောင်ခံ၇ပြီး နောက်တစ်နေ့မတ်လ၁၇ ရက်နေ့ တွင် စစ်ကောင်စီမှ အမျိုးသမီး ၅ဦးကို ပြန်လွှတ်ပေးခဲ့ပြီး ကျန်အမျိုးသမီး ၄ ဦးနှင့် အမျိုးသား ၂ ဦးတို့ကို လက်ရှိ အချိန်ထိ ပြန်မလွတ်ပေးသေးကြောင်းသိ၇သည်။

သူတို့နှင့် ဆွေမျိုးတော်စပ်သူ  အမျိုးသမီး တစ်ဦးက“ အခု သူတို့နဲ့ အဆက်အသွယ်မရဘူး။ ပျောက်ဆုံးနေတယ်လို့ ပြောလို့ရတယ်။ သတင်းတွေက ကြားနေရတာပေါ့နော်။  ဖမ်းဆီးခံထား၇တဲ့ အမျိုးသမီး ၄ဦးအထဲက ၃ဦးကို ကျောက်ဖြူမြို့၊အမှတ်(၃၂) တပ်ရင်းရဲစခန်းသို့ ခေါ်ဆောင်သွားတယ်လို့ လည်း ကြားတယ်။ဒါဆိုရင် နောက်အမျိုးသမီးတစ်ဦးနဲ့ အမျိုးသား နှစ်ဦးက ဘယ်ရောက်နေလဲ။ သူတို့အတွက် စိုးရိမ်နေကြရတယ်။မိသားစုတွေဆီလည်း စစ်တပ်က ဘာမှ အကြောင်း မကြားဘူး”  နိရဉ္စရာကို ပြောသည်။

နောက်ထပ် ကျေးရွာလူကြီး တစ်ဦးကဖမ်းဆီးခံထားရသူများနှင့် ပတ်သက်ပြီး သတင်း တချို့ရသော်လည်း မျက်မြင်မဟုတ်၍ ယုံကြည်၍မ၇ကြောင်း ပြောဆိုသည်။

" စစ်ကောင်စီကအမျိုးသမီး ၉ ယောက်ထဲက ၅ယောက်ကိုပြန်လွတ်တယ်။  နောက်ထပ်၄ ယောက်ထဲက ၃ယောက် ကို   နောက်တစ်နေ့ နေ့လယ်လောက်မှာစစ်ကောင်စီက နှမ်းဖဲတောင် ဘုရားကုန်းကနေ  ရဲတပ်ရင်း ၃၂ ကိုခေါ်သွားတယ်။ ကျန်တဲ့ အမျိုးသမီး၁ယောက်နဲ့ အမျိုးသား နှစ်ယောက်က ဘုရားကုန်းမှာပဲ ထားတယ်။ ဒီလိုတော့ သတင်းရတယ်။ ဘယ်သူကမှ သွားကြည့်လို့ ၇တာမဟုတ်တော့ယုံကြည်ဖို့တော့ ခက်ခဲနေတယ်"ဟုပြောသည်။

မေလ ၁၇ ရက်နေ့နံနက်ပိုင်းက စစ်ကောင်စီနှင့်အမှတ်(၃၂)ရဲတပ်ရင်းက ရဲတပ်ဖွဲ့ဝင် ပူးပေါင်းအင်အား ၃၀ ခန့် သည်လည်း  ကျောက်ဖြူမြို့၊ဂုံးချွိန်တိုက်နယ်၊ မလကျွန်းရွာဦးစေတီတောင်သို့ ရောက်ရှိ လာပြီး  ဒိုးရီချောင်းအနီးဝန်းကျင်နှင့်အင်းကယ်ပြင်အနီးတွင်  လူသွားလူလာလမ်းများတွင်မိုင်းများ ထောင်လျက်ရှိသည်ကိုမြင်တွေ့ခဲ့၇ကြောင်း ဒေသခံများက ပြောသည်။ 

(ဓာတ်ပုံ- ကျောက်ဖြူမြို့မှ စစ်ကောင်စီအရာရှိတချို့)

 

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.