Preview

အမေရိကန်ရောက် ရခိုင်လူမျိုးများမှ ကုလသမဂ္ဂ လူ့အခွင့်အရေးကော်မရှင် Mr. Volker Türk ၏ ထုတ်ပြန်ချက်အား UN ရုံးရှေ့တွင် ကန့်ကွက်ဆန္ဒပြ

မေ ၂၀/ ၂၀၂၄ | ကြည့်ရှုသူ :1222
ရခိုင် သတင်း

“ ကုလသမဂ္ဂအနေဖြင့် ရခိုင်လူမျိုးများအပေါ် ခွဲခြားဆက်ဆံမှုများအား ရပ်တန့်ရန်တောင်းဆို”

လူထက်နိုင် (ဒွါရာမြီ)/ နိရဥ္စရာ ၊မေ ၁၉ /၂၀၂၄

ကုလသမဂ္ဂ လူ့အခွင့်အရေး ကော်မရှင် Mr. Volker Türk (United Nations Human Rights Commission) ၏ ဧပြီ၁၉ ရက်နေ့ ထုတ်ပြန်ချက်စာတန်းနှင့် ပတ်သက်ပြီး အမေရိကန်နိုင်ငံ၊ နယူးယောက် UN ရုံးရှေ့တွင် မေ ၁၉ ရက်နေ့ နံနက် ၁၀ နာရီ အချိန်၌ အမေရိကန်ရောက် ၇ခိုင်လူမျိုးများမှ ကန့်ကွက်ဆန္ဒပြခဲ့ကြသည်။

“ဒီမှာလာပြီးတော့ ဆန္ဒထုတ်ဖော်တာက အမေရိကမှာရောက်နေတဲ့ အမေရိကန်နိုင်ငံသား ၇ခိုင်လူမျိုးတွေက နေပြီးတော့ United Nations Human Rights Commission ကလူကြီး Mr.Volker Türk ရဲ့လုပ်ဆောင်ချက်တွေဟာ အုပ်စုတစ်ခုကိုပဲဦးစားပေးလုပ်သလိုမျိုး ဖြစ်နေတယ်။ ရခိုင်မှာနေတဲ့ သူတွေက ရခိုင်အပါအဝင် ကျန်လူမျိုးစုတွေလည်း အများကြီးရှိတာပေါ့နော်။ အဲ့ဒီလူတွေအတွက် မကြည့်ပဲ အုပ်စုတစ်စုကိုပဲ ကိုယ်စားပြုသလိုဖြစ်နေတယ်။ အဲ့ဒါကြောင့် အမေရိကကိုရောက်နေတဲ့ ရခိုင်လူမျိုးတွေအနေနဲ့ မခံမရနိုင်ဖြစ်ပြီးတော့ UN ရုံးရှေ့ကိုသွားပြီးတော့ ရှုံ့ချမယ်ဆိုပြီးတော့ ဆန္ဒထုတ်ဖော်ခဲ့တာပါ”ဟု ဆန္ဒထုတ်ဖော်ပွဲကို ဦးဆောင်သူများထဲက တစ်ဦးဖြစ်သည့် အမေရိကန်နိုင်ငံသား ၇ခိုင်လူမျိုး ဦးသာပွင့်က ပြောသည်။

အဆိုပါဆန္ဒဖော်ထုတ်ပွဲကို အမေရိကန် ရခိုင်လူမှုအဖွဲ့အစည်း ( Arakan American Community)  မှ ဦးဆောင်ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ၇ခိုင်လူမျိုး ၁၀၀ ခန့် ပူးပေါင်း ပါဝင်ခဲ့ကြောင်းသိ၇သည်။

ဆန္ဒပြရာတွင် “အကြမ်းဖက်အဖွဲ့ကို အားပေးထောက်ခံသူ ကုလသမဂ္ဂ လူ့အခွင့်အရေးကော်မရှင် Mr. Volker Türk  နုတ်ထွက်ပါ”၊ “ကုလသမဂ္ဂ ရခိုင်လူမျိုးများအပေါ် ခွဲခြားဆက်ဆံမှုများကို ရပ်တန့်ပါ”၊ “ ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေးကော်မရှင် ကျင့်ဝတ်စည်းမျဉ်းတွေကို ဖောက်ဖျက်နေ”၊ "Mr. Volker ဘက်လိုက်မှုရှိနေတယ်" စသည့် စာတန်းများကိုကိုင်ဆောင်ကာ ကြွေးကြော်သံများဖြင့် ကန့်ကွက် ဆန္ဒပြခဲ့ကြခြင်းဖြစ်ကြောင်းသိ၇သည်။

ကုလသမဂ္ဂ လူ့အခွင့်အရေးကော်မရှင် Mr. Volker Türk of United Nations Human Rights Commission ၏ ဧပြီလ ၁၉ ရက်နေ့ ထုတ်ပြန်ချက်သည် မြေပြင်ပကတိ အခြေအနေအတိုင်း မဟုတ်ကြောင်းနှင့် သတင်းအချက်အလက်များကို ပြောင်းပြန် ပြင်ဆင်ပြီး သတင်းမှားများ ထုတ်ပြန်ခဲ့ကြောင်း အမေရိကန်နိုင်ငံသား ၇ခိုင်လူမျိုးများမှ ဆန္ဒပြပွဲတွင်ထောက်ပြပြောဆိုခဲ့ကြသည်။

UNHCR မှ Volker Türk ၏ ထုတ်ပြန်ချက်သည် ကမ္ဘာတွင် ရက္ခိုင်လူမျိုးတည်ရှိမူကိုပါ ခြိမ်းခြောက်ရာရောက်ပြီး အာရက္ခပြည်သူများ၏ လူ့အခွင့်အရေး၊ တရားမျှတရေး၊ လွတ်မြောက်ရေး၊ ငြိမ်းချမ်းရေးနှင့် စစ်အာဏာရှင်တိုက်ဖျက်ရေးများကိုပါ မျက်ကွယ်ပြု လုပ်ဆောင်နေသည် ဟုမှတ်ယူ ကြောင်းဦးသာပွင့်က ပြောဆိုသည်။

Volker Türk ၏ ထုတ်ပြန်ချက်သည် ပြည်သူကိုစစ်ကျွန် ဖြစ်စေရန်နှင့် စစ်အာဏာရှင်လက်ကိုင်ဒုတ် အကြမ်းဖက်သမားများအတွက် အားပေးအထောက်အ ကူပြုသည့်လုပ်ရပ်ဖြစ် ကြောင့်လည်း ၎င်းက ထောက်ပြပြောဆိုခဲ့သည်။

ယခုကဲ့သို့ တရားမျှတမှု မရှိသည့် အပြင် ကုလသမဂ္ဂ အဖွဲ့အစည်းကြီးအနေဖြင့် ဘက်လိုက်ပြီး ထုတ်ပြန်ခြင်းသည် လုံး၀ မဖြစ်သင့်သည့်အတွက် အမေရိကရောက် အာရက္ခပြည်ဖွား အမေရိကန်များမှ UN ရုံးရှေ့တွင် ကန့်ကွက်ဆန္ဒပြ၇ခြင်းဖြစ်ကြောင်းလည်း ဦးသာပွင့်က ပြောဆိုသည်။

ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး ဗော်လ်ကာ တာ့က် (Volker Turk) ၏ ဧပြီ ၁၉ ရက်နေ့က Myanmar: Turk Sounds alarms amid rising tensions in Rakhine ခေါင်းစဉ်ဖြင့် ထုတ်ပြန်ချက်သည် ဘက်လိုက်မှုများ ပါဝင်သောကြောင့်ကန့်ကွက်ဆန္ဒပြခဲ့ကြခြင်းဖြစ်ကြောင်းသိ၇သည်။

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.