Preview

ဘူးသီးတောင်အခြေစိုက် စကခ (၁၅)နှင့် စစ်ဗျူဟာအပါအဝင် တပ်ရင်း ၂၀ နီးပါးကို တိုက်ခိုက်သိမ်းပိုက်ပြီးနောက် ဘူးသီးတောင်မြို့နယ်တစ်ခုလုံးကို အပြီးသတ်ထိန်းချုပ်လိုက်ပြီဖြစ်ကြောင်း AA အတည်ပြု

မေ ၂၀/ ၂၀၂၄ | ကြည့်ရှုသူ :2656
ရခိုင် သတင်း

ခိုင်လူလှ (ရိုးမမြီ) နိရဉ္စရာ၊ မေလ ၂၀/၂၀၂၄

အမှတ် (၁၅) စစ်ဗျူဟာ ကွပ်ကဲမှုဌာနချုပ်၊ ဘူးသီးတောင် စစ်ဗျူဟာ၊နယ်ခြားစောင့်တပ်ဌာနချုပ် နခခ (၈)၊ နခခ(၃) အပါအဝင် တပ်ရင်းပေါင်း ၂၀ နီးပါးကို တိုက်ခိုက်သိမ်းပိုက်ပြီးနောက်ဘူးသီးတောင် မြို့နယ် တစ်ခုလုံးကို အပြီးသတ်သိမ်းပိုက် ထိန်းချုပ်လိုက်ပြီဖြစ်ကြောင်းအာရက္ခတပ်တော်(AA)  ပြောခွင့်ရသူ ဦးခိုင်သုခက နိရဉ္စရာသတင်းဌာနသို့ ယနေ့ မေလ၂၀ ရက်နေ့တွင် အတည်ပြု ပြောဆိုသည်။

“ ဘူးသီးတောင်မြို့နယ်အခြေစိုက်တပ်ရင်းတွေကို သိမ်းပိုက်ပြီးနောက် ဘူးသီးတောင်မြို့ကိုလည်း အောင်မြင်စွာသိမ်းပိုက် ထိန်းချုပ်လိုက်ပါပြီ”ဟု ဦးခိုင်သုခက ပြောဆိုသည်။

ဘူးသီးတောင်မြို့ အနီးဝန်းကျင်ရှိ စစ်တပ် တပ်ရင်းများကိုသိမ်းပိုက်ပြီးနောက် စစ်ကောင်စီ တပ်သားများနှင့် ၎င်းတို့ လက်နက်တပ်ဆင်ပေးထားသည့် မွတ်ဆလင်လက်နက်ကိုင်များသည် မြို့ထဲသို့ ဆုတ်ခွာပြီး ခုခံကာကွယ်ကြသော်လည်း AA က အပြီးသတ် တိုက်ခိုက်သိမ်းပိုက်လိုက်ခြင်းဖြစ်သည်ဟု ဆိုသည်။




ဘူးသီးတောင်မြို့နယ် ရခိုင်ပြည်အတွင်း စစ်ကောင်စီတပ်ရင်းအများဆုံး အခြေစိုက်ရာ မြို့နယ်တစ်ခုဖြစ်ပြီး စစ်သည်အင်အား၊ လက်နက်အင်အား အများဆုံးတပ်ဖြန့်ချထားသောမြို့နယ် ဖြစ်သည်။

သို့သော်လည်း အာရက္ခတပ်တော်၏ ထိုးစစ်ဆင်တိုက်ခိုက်မှုအောက်တွင်၎င်းတပ်ရင်များ အားလုံးမှာ ပြားပြားဝပ်သွားခဲ့ကြသည်ဟု သိ၇သည်။

အာရက္ခတပ်တော်သည် ဘူးသီးတောင်အရှေ့ခြမ်းရှိ ခမ၇ (၅၅၂) တပ်ရင်းအား ၂၀၂၄ ခုနှစ်မတ်လ (၂၅) ရက်နေ့တွင်လည်းကောင်း၊  ခမ၇(၅၆၄) တပ်ရင်းအား ဧပြီလ (၅) ရက်နေ့တွင်လည်းကောင်း၊  ခမ၇(၅၆၅) တပ်ရင်းအား ဧပြီလ (၂၄) ရက်နေ့တွင်လည်းကောင်း၊  စကခ (၁၅) ဘူးသီးတောင် တပ်မဌာနချုပ်အား မေလ (၂)ရက်နေ့တွင်လည်းကောင်း၊  ခမ၇(၅၅၁) တပ်ရင်းအား မေလ (၃) ရက်နေ့တွင်လည်းကောင်းသိမ်းပိုက်ခဲ့သည်။

၎င်းနောက်ကျန်ရှိနေသည့် တပ်ရင်းများကို ထပ်မံထိုးစစ်ဆင် မေလ(၁၃) ရက်နေ့တွင် နခခ (၃) ဌာနချုပ်အားလည်းကောင်း၊ မေလ (၁၆) ရက်နေ့တွင် နခခ(၈) ဌာနချုပ်အား လည်းကောင်း၊ မေလ (၁၄) ရက်နေ့ ၌  ခမ၇(၃၅၃) ၊ ခမ၇ (၅၃၅) ၊ ခလ၇ (၂၆၃) နှင့် ခလ၇ (၂၃၃) တပ်ရင်းတို့ အားလည်းကောင်း၊ မေလ(၁၈) ရက်နေ့တွင်ဘူးသီးတောင် ဗျူဟာဌာနချုပ်၊ အမြောက်တပ် အမတ(၃၇၈)၊ ခမ၇ (၂၃၄)၊ ခမ၇ (၃၄၅)၊ ခမ၇ (၃၅၂) တပ်ရင်းများ၊ အမြောက်တပ်၊ထောက်ပို့တပ်ရင်း နှင့် GE တပ်ရင်း တို့ကို ဆက်လက် သိမ်းပိုက်ခဲ့သည်။

အာရက္ခတပ်တော်၏ ထုတ်ပြန်ချက်ထဲတွင် မေလ (၁၈) ရက်၊မွန်းတည့် (၁၂) နာရီအချိန်ခန့်တွင်ဘူးသီးတောင် အခြေစိုက် တပ်ရင်းတပ်ဖွဲ့များအားလုံးကိုအောင်မြင်စွာ သိမ်းပိုက်ရရှိခဲ့ကြောင်း ထုတ်ပြန်ထားသည်။

(ဓာတ်ပုံ- ပုံဟောင်းသာ)


 

#AA
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.