စနေ၊ ဇူလိုင်လ ၂၇ရက်၊ ၂၀၂၄

မဟုတ်မမှန် လုပ်ကြံသတင်းများ ပြောဆိုရေးသားနေခြင်းကို ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်းနှင့်လတ်လောဖြစ်ပေါ်နေသည့် သတင်းအချက်အလက်အများကို ဘက်လိုက်မှုမရှိဘဲ ပကတိအမှန်အတိုင်းဖော်ပြကြရန် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်( ULA) က ထုတ်ပြန်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၀ မေ ၂၀၂၄
  • | ကြည့်ရှုသူ: 5.3k

နိရဉ္စရာ၊ မေ ၂၀/၂၀၂၄

ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ်(ULA) က မေလ ၂၀ ရက်နေ့စွဲဖြင့် ကြေညာချက်တစ်စောင် ထုတ်ပြန်လိုက်သည်။


အဆိုပါ ထုတ်ပြန်ကြေညာချက်တွင် မေလ(၁၇)ရက် နေ့စွဲဖြင့် အာရ်အက်ဖ်အေ မြန်မာပိုင်းက ထုတ်လွှင့်ခဲ့သော အာရက္ခတပ်တော်မှ ဒရုန်းဖြင့် ဗုံးချ၍ ဘူးသီးတောင်မြို့အတွင်းမှ အရပ်သား ပြည်သူအချို့ သေဆုံး၊ရာချီဒဏ်ရာရ ဟူသောသတင်းမှာ မိမိတို့နှင့်သက်ဆိုင်ခြင်းမရှိသည့်အပြင် အခြေအမြစ်မရှိဘဲတစ်ဖက်သတ်စွပ်စွဲချက်သာဖြစ်ကြောင်းဖော်ပြထားသည်။

အလားတူ အာရက္ခဒေသနေ ရက္ခိုင်လူမျိုး၊ ရက္ခိုင်မျိုးနွယ်စုများနှင့် ဒေသခံမွတ်ဆလင်ပြည်သူကြားတွင်ပူးပေါင်းဆောင်ရွက်မှု၊ ချစ်ခင်စည်းလုံးမှုနှင့် သဟဇာတဖြစ်မှုများကို တမင်ပျက်ပြားစေရန် ရည်ရွယ်ပြီး စစ်ကောင်စီအလိုကျ သတင်းမှား ထုတ်လွှင့်ပြောဆိုရေးသားနေသူများကို ပြင်းထန်စွာ ကန့်ကွက် ရှုတ်ချကြောင်း နှင့် လတ်တလောဖြစ်ပေါ်နေသည့် သတင်းအချက်များကို ဘက်လိုက်မှုမရှိဘဲ ပကတိအမှန်တရားအတိုင်း ကျင့်ဝတ်နှင့်အညီ သတင်းရယူနိုင်ရေးကို မိမိတို့အဖွဲ့အစည်းမှ လိုလိုလားလား လက်ခံကြိုဆိုကြောင်း ဖော်ပြထားသည်။

ဆက်စပ် သတင်းများ