Preview

မောင်တောမြို့ ကို အာရက္ခတပ်တော် စတင် ထိုးစစ်ဆင်တိုက်ခိုက်

မေ ၂၁/ ၂၀၂၄ | ကြည့်ရှုသူ :2683
ရခိုင် သတင်း

(စစ်ကောင်စီဘက်က အကျဆုံးများနေ၍ နခခ (၂) ဝန်းကျင်ကို ဂျက်ဖိုက်တာဖြင့်ဗုံးကြဲတိုက်ခိုက်)

နောင်မင်းသူ၊နိရဉ္စရာ၊ မေ ၂၁ /၂၀၂၄

ရခိုင်ပြည်အနောက်ဘက်နယ်စပ်မြို့ မောင်တောကို အာရက္ခတပ်တော် (AA) က စတင်ထိုးစစ်ဆင်တိုက်ခိုက်နေပြီးမြို့အဝင် လေးမိုင်တွင်အခြေစိုက်သည့် နယ်ခြားစောင့်တပ်ဖွဲခွဲနခခ (၂) မှ သေနတ်သံများကို ယနေ့ နံနက် အဆက်မပြတ် ကြားခဲ့၇သည်ဟု မောင်တောဒေသခံများကပြောကြားသည်။

မောင်တော ဒေသခံတစ်ဦးက  "နခခ ၂ ကို အေအေက ညအချိန်က စတင် ထိုးစစ်ဆင်တယ်လို့ သိရတယ်။အထိနာတော့ မနက်အာရုဏ် ၄ နာရီလောက်မှာ ဂျက်နဲ့ဗုံးလာကြဲချတာ။ တစ်မြို့လုံး လန့်ပြီးနို့သွားကြတယ်။  မောင်တော တမြို့လုံး တုန်ခါသွားတယ်။နခခ(၅)ဖက်ကလည်း လက်နက်ကြီး ၅ ခါလောက်ပစ်တယ်။ လက်နက်ငယ်အသံတွေလည်း ကြားနေရတယ်"ဟု နိရဉ္စရာသတင်းဌာနသို့ ပြောကြားသည်။

မောင်တော မြို့အနီးရှိ လေးမိုင်အခြေစိုက် နခခ (၂) အား စတင် ထိုးစစ်ဆင် တိုက်ခိုက်ခြင်းဖြစ်ကြောင်း၊မေ၂၁ နံနက် ၄နာရီခန့်တွင် စစ်ကောင်စီဘက်က  အထိနာကျဆုံးမှုများနေသဖြင့် ဂျက်ဖိုင်တာဖြင့် ဗုံးလာကြဲခြင်းဖြစ်ကြောင်း၊ လေယာဉ်သံ ဗုံးချသံများကို မောင်တောမြို့ထဲကပင်ကြားရ၍ စိုးရိမ်မိကြောင်း ၎င်းက ပြောကြားသည်။

မောင်တောမြို့တွင် လေးမိုင် နခခ(၂) နှင့် မြို့သူကြီး နခခ(၅) နယ်ခြားစောင့်ဌာနချုပ် (၂) ခုရှိပြီး လေးမိုင် နခခ (၂) ကို အာရက္ခတပ်တော်က စတင်တိုက်ခိုက်ခြင်းဖြစ်သည်ဟု သိ၇သည်။

လေးမိုင် အနီးအနားရှိ ဒေသခံ တစ်ဦးက "နခခ(၂)မှာ အမည်သာရှိတာ။ တပ်အင်အားကလည်း  ၄ ပုံမှာ ၃ ပုံလောက်မရှိတော့ဘူး။ ထွက်ပြေးကုန်ပြီလို့ သိ၇ပါတယ်။ လွန်ခဲ့တဲ့  ဧပြီ ၂၅ရက်နေ့ကလည်း ဒရုန်းနဲ့ အတိုက်ခံ၇လို့  နယ်ခြားစောင့်၄ ဦးသေပြီးကတည်းက ထွက်ပြေးနေကြတာဆက်တိုက်ပါပဲ" ဟု ပြောဆိုသည်။

တိုက်ပွဲထဲမှ လက်နက်ငယ် ပစ်ခတ်သံများကို ယနေ့ နံနက် ၆ နာရီ၁၅ မိနစ်အထိကြားနေ၇သည်ဟု ဆိုသည်။

အာရက္ခတပ်တော်သည် ဘူးသီးတောင်မြို့အား အလုံးစုံ တိုက်ခိုက်သိမ်းပိုက်ပြီးနောက်မောင်တောမြို့ အဝင် လေးမိုင်ရှ် နခခ(၂)အား စတင်ထိုးစစ်ဆင် တိုက်ခိုက်လာခြင်းဖြစ်သည်။

မောင်တောမြို့နယ်တွင် အဓိက အခြေစိုက်ထားသည့် ကြိမ်ချောင်း၊ကျီးကန်းပြင်၊ လှဖိုးခေါင်၊ ငခူရ စသည့် နယ်ခြားစောင့်ဌာနချုပ်များအားလုံးကို အေအေသိမ်းပိုက်ထားပြီဖြစ်သဖြင့်မောင်တောမြို့လည်း များမကြာမီ အာရက္ခတပ်တော်လက်ထဲကျရောက်သွားနိုင်သည်ဟု စစ်ရေး လေ့လာသုံးသပ်သူများကပြောဆိုထားသည်။

ဘူးသီးတောင်မြို့နယ်ကို သိမ်းပိုက်ပြီးနောက် မောင်တောမြို့နယ်ကိုလည်းအလုံးစုံသိမ်းပိုက်နိုင်ရေး အတွက် အာရက္ခတပ်တော်(AA)ကထိုးစစ်အရှိန် တဆင့်မြင့် တိုက်ခိုက်မည်ဖြစ်သဖြင့်  မြို့ပေါ်နှင့် ကျေးရွာများမှ ပြည်သူဘေးလွှတ်ရာသို့ တိမ်းရှောင်ပေးကြရန် အာရက္ခတပ်တော်မှ မနေ့က သတင်း ထုတ်ပြန်ထားသည်ဟု သိ၇သည်။

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.