Preview

မောင်တောသို့ ကမ်းထိုးဇက်ရေယာဥ်ဖြင့် စစ်အင်အားထပ်မံဖြည့်တင်း

မေ ၂၂/ ၂၀၂၄ | ကြည့်ရှုသူ :2923
ရခိုင် သတင်း

(၎င်းရေယာဉ်များအပြန်တွင် လူကယ်ရီလုပ်ပြီး စစ်တွေသို့ သွားလိုသူတစ်ဦးကိုကျပ် ၁၀သိန်း၊ ရန်ကုန်သို့  သိန်း ၃၀ဖြင့် တင်ဆောင်သွား) 

နောင်မင်းသူ၊နိရဉ္စရာ၊ မေ ၂၂ရက်/၂၀၂၄

ရခိုင်ပြည်အနောက်ဘက်နယ်စပ် မောင်တောသို့ စစ်ကောင်စီမှကမ်းထိုးဇက်ရေယာဥ်များဖြင့်စစ်လက်နက်အင်အားများ ထပ်မံဖြည့်တင်းနေသည်ဟု သတင်းရရှိသည်။

မျက်မြင်ဒေသခံတစ်ဦးက "လက်နက်ကြီးကျည်တွေလို့ ယူဆ၇တယ်။ ကား ၅ စီးနဲ့ အပြည့် နခခ(၅)ကို တင်သွားကြတာ။ စစ်သားအင်အားတွေလည်းအများကြီးပါလာတာတွေ့၇တယ်" ဟု ပြောဆိုသည်။

၎င်းဇက်ရေယာဥ် နှစ်စီးသည်  မေလ ၂၀ ရက် နံနက်တွင် မောင်တောချောင်း၀ (နတ်မြစ်) တွင် ကျောက်ချရပ်နာပြီး စစ်လက်နက်ပစ္စည်းများကို မော်ဘုတ်များဖြင့် မောင်တော ဝင်/ထွက်စခန်း POE ဆိပ်ကမ်းမှ တဆင့် နခခ(၅)သို့  အင်အားဖြည့်တင်းခဲ့သည်ဟုဆိုသည်။

“ မောင်တောကနယ်စပ်မြို့ဖြစ်နေတော့စစ်ကောင်စီက အကြီးအကျယ်ကာကွယ်မယ့်ပုံရှိပါတယ်။  လေးမိုင်မှာ တိုက်ပွဲကတော့ လောလောဆယ် အသံတိတ်နေပါတယ်။စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲ တိုက်ခိုက်တာမျိုးတော့ ရှိပါတယ်”ဟု ၎င်းက ဆက်လက် ပြောကြားသည်။

၎င်းဇက်ရေယာဉ်များအပြန်တွင် မောင်တောမှ စစ်တွေသို့ သွားလိုသူ တစ်ဦးကို လိုက်ပါခွင့် ရရေးအတွက်  ငွေကျပ်၈ သိန်းမှ ၁၀ သိန်းအထိ ပေးရပြီးရန်ကုန်သို့ဆိုလျှင် ငွေကျပ်သိန်း၃၀ အထိပေးမှ လိုက်ခွင့်ရကြောင်းမောင်တောဒဒေသခံများထံမှသိ၇သည်။

မောင်တောဒေသခံ မွတ်ဆလင်တစ်ဦးက "မောင်တောကနေ စစ်တွေကို ကမ်းထိုးယာဉ်နဲ့လိုက်မယ်ဆို ငွေ ၁၀ သိန်း၊  ရန်ကုန်အထိဆိုသိန်း ၃၀ အထိပေးရတယ်။ ငွေတတ်နိုင်သူတွေလိုက်သွားကြတယ်။ ငွေမတတ်နိုင်သူတွေကတော့ ဘယ်သွားနိုင်မလဲ။ ကျွန်တော်တို့မွတ်ဆလင်သူဌေးတွေကတော့ ရန်ကုန်အထိ တစ်ယောက်ကို သိန်း ၃၀ နဲ့လိုက်သွားကြတွေများတယ်" ဟု ပြောသည်။

မောင်တောသို့ကညင်ချောင်းစီးပွါးရေးဇုန်မှ တစ်ဆင့် မတ်လ နှင့် ဧပြီလ များ၌စစ်အင်အား၊  လက်နက်အင်အား၊စားနပ်ရိက္ခာနှင့် လောင်စာဆီများအား ၄ ကြိမ်တိုင်တိုင်အင်အားဖြည့်တင်းခဲ့သည်။

ထိုအချိန်ကလည်း ကမ်းထိုး ဇက်ရေယာဉ်များက စစ်တွေမြို့သို့ သွားလိုသူများကို  အစိုး၇ ဝန်ထမ်း တစ်ဦးလျှင်၃ သိန်းကျပ်၊ အရပ်သားတစ်ဦးလျှင် ၅သိန်းကျပ်ဖြင့် တင်ဆောင်ခေါ်ယူသွားခဲ့သည်ဟုသိ၇သည်။

လှဖိုးခေါင်နခခ(၁၀) အား အာရက္ခတပ်တော်မှ သိမ်းပိုက်အပြီး မောင်တော ကညင်ချောင်း စီးပွါးရေး ဇုန်၌ကမ်းထိုးဇက်ရေယာဥ်များ လုံခြုံရေးအရ ဆိုက်ကပ်၍  မ၇တော့သဖြင့် မောင်တော ချောင်း၀ (နတ်မြစ်) တွင် ကမ်းထိုးရေယာဥ်များ ရပ်နားကာ ထိုမှ တဆင့် မော်တော်ဘုတ်များဖြင့်POE ဆိပ်ကမ်းမှ အင်းအင်းဖြည့်တင်းလျှက်ရှိသည်ဟု သိ၇သည်။

ယခုလအတွင်း မေလ၁၅ နေ့တွင် တစ်ကြိမ်၊ မေလ ၂၀ ရက်နေ့တွင် တစ်ကြိမ်  မောင်တော ဝင်/ထွက်စခန်းPOE မှ အင်အားဖြည့်လာနေခြင်း ဖြစ်သည်ဟု သိ၇သည်။

#မောင်တော
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.