တနင်္ဂနွေ၊ ဇွန်လ ၁၆ရက်၊ ၂၀၂၄

တအာင်း (TNLA) ဆရာ/မများ စွမ်းရည်မြှင့်တင်ရေးသင်တန်းဆင်းပွဲအခမ်းအနား AA ဒုစစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင် တက်ရောက်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၂ မေ ၂၀၂၄
  • | ကြည့်ရှုသူ: 4.2k

လူထက်နိုင် (ဒွါယာမြီ)၊ နိရဉ္စရာ၊မေ ၂၂ရက်/၂၀၂၄

ရှမ်းမြောက်ဒေသ တအာင်းပြည် နမ့်ဆန်မြို့တွင်  မေ၂၂ ရက်နေ့က ပြုလုပ်သော တအာင်းပညာရေး ကောင်စီ (TLEC) ၏ ဆရာ/မ စွမ်းရည်မြှင့် သင်တန်းဆင်းပွဲကို အာရက္ခတပ်တော်(AA) ၏ ဒုစစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင် တက်ရောက်ခဲ့ကြောင်း ပလောင်ပြည်နယ် လွတ်မြောက်ရေး တပ်ဦး PSLF/TNLA မှထုတ်ပြန်ထားသည်။

တအာင်းပြည်၊ တပ်မဟာ (၂) စစ်ဒေသ၊ နမ့်ဆန်မြို့ တွင် မေလ ၂၂ ရက်နေ့တွင် Ta'ang Land Education Council (TLEC) ၏ တစ်လကြာ ဆရာ/မများ စွမ်းရည်မြှင့်တင်ရေး သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်သည်။

အခမ်းအနားတွင် (PSLF/TNLA) ၏ အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ် တားဘုန်းကျော်နှင့် အာရက္ခတပ်တော် (AA) ၏ ဒုတိယစစ်ဦးစီချုပ် ဒုဥက္ကဌ (၁) ဒေါက်တာညိုထွန်းအောင် တို့အသီးသီး တက်ရောက် အမှာစကား ပြောကြားခဲ့ကြောင်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။


စာသင်ကျောင်းတစ်ခုတွင် သင်ရိုးညွှန်းတမ်းထက် ကျောင်းသူကျောင်းသားများအား ပညာ သင်ကြားပေးမည့် ဆရာ/မ များက အလွန်အရေးကြီးပြီး ပုံစံခွက်ဖြင့်သင်ကြားခြင်းထက် ကျောင်းသူ/သားများ စဥ်းစားတွေးခေါ်နိုင်အောင်၊ အရည်အချင်းပြည့်မှီအောင် သင်ကြားပေးရမည်ဟု ဗိုလ်ချုပ် တားဘုန်းကျော်က မှာကြားခဲ့သည်။

ထို့နောက် သင်တန်းကာလအတွင်း ဘာသာရပ်ထူးချွန်သည့် ဆရာ/မများ ဆုချီမြှင့်ပေးခြင်းနှင့် ဖျော်ဖြေရေး အစီအစဥ်များဖြင့်  အခမ်းအနားပြီးဆုံးခဲ့သည်။

အဆိုပါ အပတ်စဥ်(၃)သင်တန်းသည် ပြီးခဲ့သည့် ဧပြီလ ၂၂ရက်နေ့တွင် စတင်ဖွင့်လှစ်ရာ မေလ ၂၂ ရက်နေ့အထိ တစ်လကြာ သင်တန်းပို့ချပေးကာ ဆရာ/မ လူဦးရေ (၄၀၀) တက်ရောက်ခဲ့ကြောင်း သိရသည်။ (ဓာတ်ပုံ- (PSLF/TNLA)

ဆက်စပ် သတင်းများ

ဆက်စပ်သတင်း မရှိပါ!!