တနင်္ဂနွေ၊ ဇွန်လ ၁၆ရက်၊ ၂၀၂၄

ဘူးသီးတောင်တွင် စစ်ရာဇဝတ်မှုများကျူးလွန်နေသည်ဟု AA အပေါ်သို့ အပြစ်ပုံချကာ နိုင်ငံတကာသို့ လိမ်လည်ပြီး ဝါဒဖြန့်နေမှုအပေါ် ငြိမ်းချမ်းရေး သံဃသမဂ္ဂအဖွဲ့ (PSU) ရှုတ်ချ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၃ မေ ၂၀၂၄
  • | ကြည့်ရှုသူ: 1.9k

(ဘုံရန်သူ အာဏာရှင်ပျောက်ကာ လူမျိုးရေးပဋိပက္ခမီးများကြီးပြီး တော်လှန်ရေးပျက်စီးသွားနိုင်သည်ကို သတိထားရန်လိုဟုဆို)

 

လူထက်နိုင် (ဒွါရာမြီ)၊

နိရဉ္စရာ၊မေ ၂၃ရက်/၂၀၂၄

 

စစ်ကောင်စီတပ်သည် အကြမ်းဖက်မွတ်ဆလင်များနှင့် ပူးပေါင်းပြီး ဘူးသီးတောင်မြို့ပေါ်ရှိ နေအိမ်များကို မီးရှို့ ဖျက်ဆီးခြင်း သတ်ဖြတ်ခြင်းစသည့် စစ်ရာဇဝတ်မှုများကို ကျူးလွန်ကာ အာရက္ခတပ်တော် (AA) အပေါ်သို့ အခြေအမြစ်မရှိ အပြစ်ပုံချကာ နိုင်ငံတကာသို့ လိမ်လည်ပြီး ဝါဒဖြန့်နေမှုများ အပေါ် ရှုတ်ချကြောင်း မေလ (၁၉) ရက်တွင် ငြိမ်းချမ်းရေး သံဃသမဂ္ဂအဖွဲ့/ Peace Sangha Union (PSU) မှထုတ်ပြန်ထားသည်။

 

ဘုံရန်သူစစ်တပ်ကို တိုက်ထုတ်နေသည့်အချိန်တွင် မလိုလားအပ်သော ဘာသာရေးလူမျိုးရေး ပဋိပက္ခများ မဖြစ်ပွားရန်အလွန် အရေးကြီးကြောင်းလည်း Peace Sangha Union (PSU) ငြိမ်းချမ်းရေး သံဃသမဂ္ဂအဖွဲ့ ၏ ပြောရေးဆိုခွင့်ရှိသူ ဆရာတော်မှ နိရဉ္စရာသို့ပြောသည်။

 

“ ဘာသာရေး လူမျိုးရေး ပဋိပက္ခတွေကို စစ်တပ်က လက်နက်သဖွယ် အသုံးပြုတယ်။ အခု ရခိုင်က ဘူးသီးတောင်နဲ့ မောင်တောမြို့တွေမှာ မွတ်ဆလင် အဖွဲ့တွေကို နိုင်ငံရေးနဲ့စစ်ရေးမှာ အသုံးချပြီးတော့မှ ပဋိပက္ခ မီးတွေကို မကြီးထွားကြီးထွားအောင် မီးရှို့နေတယ်။ အဲ့တော်တော်လှန်ရေး အပေါ်မှာ အထင်အမြင်လွဲလာတယ်။ အာရက္ခတပ်တော် အပေါ်မှာ အထင်အမြင်လွဲလာတယ်။ ဘုံရန်သူဖြစ်တဲ့ အာဏာရှင်ဟာ ပျောက်သွားပြီးတော့မှ လူမျိုးရေး ပဋိပက္ခမီးတွေကြီးပြီးတော့ တော်လှန်ရေးဟာ ပျက်စီးသွားနိုင်တာကို သတိထားဖို့လိုတယ်” ဟု ငြိမ်းချမ်းရေး သံဃသမဂ္ဂအဖွဲ့ ၏ ပြောရေးဆိုခွင့်ရှိသူ ဆရာတော်မှ နိရဉ္စရာသို့ပြောသည်။

 

အဆိုပါထုတ်ပြန်ချက်တွင်” ဘူးသီးတောင်မြို့တွင် အေးချမ်းစွာ နေထိုင်နေတဲ့ အရပ်သား မွတ်စလင်တွေကို အတင်းအဓမ္မ တပ်သားစုဆောင်း စစ်သင်တန်းပေးပြီး လက်နက်များ တပ်ဆင်ကာ  အရပ်သားပြည်သူများ၏ နေအိမ် ကျေးရွာနှင့် မြို့များကို မီးရှို့ တိုက်ခိုက်ခဲ့သည့်အပေါ် ငြိမ်းချမ်းရေးသံဃသမဂ္ဂအဖွဲ့အစည်းအနေနဲ့ ပြင်း ပြင်းထန်ထန် ရှုတ်ချသည်” ဟုပါရှိသည်။

 

ထို့အပြင် စစ်တပ်က အကြမ်းဖက်မူဆလင်များကို သွေးထိုးလှုံ့ဆော်ကာ ဘူးသီးတောင်နှင့် မောင်တောမြို့တို့ တွင် မွတ်ဆလင်များနှင့် ရခိုင်လူမျိုး ၂ ခုအကြား လူမျိုးရေးပဋိပက္ခနှင့် အဓိကရုဏ်းများကို ရည်ရွယ်ချက်ရှိရှိဖော်ဆောင်နေသည်ကို မြင်တွေရသည်ဟုလည်းဆိုသည်။

 

“စစ်တပ်က အကြမ်းဖက်မွတ်ဆလင်များနှင့် ပူးပေါင်းပြီး ဘူးသီးတောင်မြို့ပေါ်ရှိ နေအိမ်များကို မီးရှို့ ဖျက်ဆီးခြင်း သတ်ဖြတ်ခြင်းစတဲ့ စစ်ရာဇဝတ်မှုများကို ကျူးလွန်ကာ အာရက္ခတပ်တော် (AA) အပေါ်သို့ အခြေအမြစ်မရှိ အပြစ်ပုံချကာ နိုင်ငံတကာသို့ လိမ်လည်ပြီး ဝါဒဖြန့်နေတာကိုလဲ ပြုလုပ်နေသည်။

 

ဒါကြောင့် “ စစ်တပ်နဲ့ အပေါင်းအပါ အကြမ်းဖက်မှုစလင်များရဲ့ ယုတ်မာအောက်တန်းကျတဲ့ လုပ်ရက်များကို ငြိမ်းချမ်းရေးသံဃသမဂ္ဂအဖွဲ့အစည်းအနေနဲ့ ပြင်းပြင်း ထန်ထန်ရှုတ်ချသည်” ဟု Peace Sangha Union (PSU) ငြိမ်းချမ်းရေး သံဃာသမဂ္ဂအဖွဲ့ ၏ထုတ်ပြန်ချက်တွင်ပါရှိသည်။

ဆက်စပ် သတင်းများ