၇ခိုင်ပြည်နယ်အပါအဝင် စစ်ကိုင်းတိုင်းဒေသကြီး၊ချင်းပြည်နယ် နှင့် ရှမ်းပြည်နယ်တို့တွင် မေလ ၁၅ ရက်မှ ၂၁ ရက်အထိ စစ်တပ် က လေကြောင်းမှဗုံးကြဲတိုက်ခိုက်မှုများပြုလုပ်ခဲ့သည်။
တစ်ပတ်အတွင်း (မေလ ၁၅ ရက်မှ ၂၁ ရက်အထိ) စစ်အာဏာရှင်တပ်သားများ(စစ်တပ်)၏လက်နက်ကြီး၊ လက်နက်ငယ်တို့ဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် အရပ်သား ၂၀ကျော် သေဆုံးပြီး ၅၀ ကျော် ဒဏ်ရာရရှိခဲ့သည်။
စစ်တပ်ကလူ့အခွင့်အရေးချိုးဖောက်မှုများကျူးလွန်ခဲ့မှုများကြောင့် အသက်မပြည့်သေးသူ ၈ ဦးသေဆုံးပြီး ၅ ဦး ဒဏ်ရာရခဲ့သည်။ စစ်အာဏာရှင်အစိုးရ၏ မြေမြှုပ်မိုင်းကြောင့်အရပ်သားတစ်ဦးလည်း သေဆုံးခဲ့သည်။
၂၀၂၄ ခုနှစ် မေလ၁၅ ရက်မှ ၂၁ ရက်အထိ ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင်လူ့အခွင့်အရေးချိုးဖောက်မှုများဖြစ်ပွားခဲ့မှုနှင့်ပတ်သက်ပြီးလူ့အခွင့်အရေးမှတ်တမ်းကွန်ရက်(မြန်မာနိုင်ငံ)ND-Burma ကမေလ ၂၃ရက်ကထုတ်ပြန်သည့်မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေအစီရင်ခံစာ အထက်ပါအတိုင်းထည့်သွင်းတွင်ဖော်ပြထားသည်။
မကွေးတိုင်းဒေသကြီး၊ ရန်ကုန် တိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့မှ အမျိုးသား ၂၀၀ ကျော်ကိုစစ်မှုထမ်း(အပတ်စဥ် ၂)အတွက် အဓမ္မဖမ်းဆီးခြင်း၊ ငွေကြေးတောင်းခံခြင်းများပြုလုပ်ခဲ့ကြောင်း၊
စစ်အာဏာရှင် တပ်ဖွဲ့ဝင်များနှင့် ၄င်းတို့လက်အောက်တွင်အလုပ်လုပ်နေကြသည့်ဝန်ထမ်းများသည် ဧရာ၀တီတိုင်းဒေသကြီးတွင် ခရီးသွားယာဥ်များနှင့်လူများထံမှငွေကြေးတောင်းခံခြင်းနှင့်NRC ကတ် (နိုင်ငံသားမှတ်ပုံတင်ကတ်)ပြုလုပ်ရာတွင်ငွေကြေးတောင်းခံခြင်းများပြုလုပ်လျက်ရှိနေကြောင်းဖော်ပြထားသည်။
Source/ND -Burma