တနင်္ဂနွေ၊ ဇွန်လ ၁၆ရက်၊ ၂၀၂၄

စစ်တွေ သက္ကယ်ပြင်မွတ်ဆလင်စျေး မီးလောင်မှုဖြစ်၍ ဆိုင်ခန်း ၇၀ ကျော် ပျက်စီး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၃ မေ ၂၀၂၄
  • | ကြည့်ရှုသူ: 1.1k

မောင်စာဂ နိရဥ္စရာ၊ မေ ၂၃/၂၀၂၄

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်ရှိ သက္ကယ်ပြင်မွတ်ဆလင်ကျေးရွာစျေးသည် ယနေ့ နေ့လယ်က မီးလောင်မှုဖြစ်၍ စျေးဆိုင်ခန်း ၇၀ ကျော်ပျက်စီးဆုံးရှုံးသွားကြောင်း သိရသည်။

ယနေ့ မေလ ၂၃ ရက်၊ နေ့လယ် ၂ နာရီ ၄၅ မိနစ်က အဆိုပါစျေးရှိ ဆိုင်ခန်းတစ်ခန်းတွင် ဆိုလာပြား အပူလွန်ကဲရာမှ အခြားဆိုင်ခန်းများကို မီးကူးစက်လောင်ကျွမ်းသွားခြင်း ဖြစ်သည်ဟု သက္ကယ်ပြင်ကျေးရွာတာဝန်ခံတစ်ဦးက နိရဉ္စ့ရာကို ပြောသည်။

"ဆိုလာပြားတွေက ဆိုင်ခေါင်မိုးပေါ်မှတင်ထားကြတာလေ။ ဆိုလာပြားအပူလွန်ရာကနေ ဖြစ်တာ။ အဲဒီနားမှာ အထည်ဆိုင်လည်းရှိတယ်။ လက်ဘက်ရည်ဆိုင်လည်းတစ်ဆိုင်ရှိတယ်။ ဘယ်ဆိုင်ကနေဖြစ်တာလဲတော့ အတိအကျမသိရသေးဘူး"ဟု ပြောသည်။

အဆိုပါစျေးတွင် ဆိုင်ခန်းပေါင်း ၁၂၀ ကျော်ရှိရာမှ ၇၀ ကျော် မီးလောင်ပျက်စီးဆုံးရှုံးသွားခြင်း ဖြစ်သည်။

မီးလောင်ပျက်စီးဆုံးရှုံးသွားသည့်ဆိုင်ခန်းများတွင် အထည်ဆိုင်၊ ဆေးဆိုင်၊ လက်ဘက်ရည်ဆိုင်နှင့် စားကုန်ဆိုင်တို့ပါဝင်သည်ဟုလည်း ဆိုသည်။

စျေးဆိုင်ခန်းများမီးလောင်မှုသည် ယနေ့ညနေ ၄ နာရီခန့်တွင် မီးငြိမ်းသွားကြောင်း သိရသည်။

ဆက်စပ် သတင်းများ