တနင်္ဂနွေ၊ ဇွန်လ ၁၆ရက်၊ ၂၀၂၄

ရခိုင်လူမှုရေးအသင်း (ဂျပန်)မှ အဖွဲ့ဝင်တစ်ဦး အိပ်ခန်းထဲတွင် တစ်ဦးတည်း သေဆုံး၍တွေ့ရှိ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၃ မေ ၂၀၂၄
  • | ကြည့်ရှုသူ: 1.4k

(သေဆုံးရခြင်းအကြောင်းအရင်း မသိရသေး)

နိရဉ္စရာ၊ မေ ၂၃/ ၂၀၂၄

ရခိုင်လူမှုရေးအသင်း (Arakanese Social Association (Japan)မှ အဖွဲ့ဝင်တစ်ဦးကို ဂျပန်နိုင်ငံ၊ တိုကျိုမြို့ရှိ သူ၏အိပ်ခန်းထဲတွင် တစ်ဦးတည်း သေဆုံး၍တွေ့ရှိခဲ့ပြီး သေဆုံးရသောအကြောင်းအရင်းကို မသိရသေးဟု ဂျပန်ရောက် ရခိုင်လူမှုအသိုင်းအဝိုင်းမှ တဆင့် သိရှိရသည်။

သေဆုံးသူမှာ ကိုမင်းဒင်( မင်းတင်) အသက် (၅၉) နှစ် ဖြစ်ကြောင်း ဖြစ်ကြောင်းသိရသည်။

သူသေဆုံးရခြင်းနှင့် ပတ်သက်ပြီး ကိုမင်းဒင်သည် ံတွဲ ဇာတိ ဖြစ်သော်လည်း စစ်တွေတွင် ကြီးပြင်းခဲ့သူ၊ ရခိုင်လူမှုရေးအသင်း(ဂျပန်) (ASAJ)တွင် ကျနော်တို့နှင့် တက်တက်ကြွကြွ ပါဝင်ပြီး လူမှုရေးလုပ်ငန်းများကို ပါဝင်လုပ်ဆောင်ခဲ့သူ၊  မည်သည့်အတွက်ကြောင့် ဆုံးသွားသည်ကို မသိရသေးပါသင်္ဂြိုလ်မည့် ရက်ကိုတော့ သက်ဆိုင်ရာနှင့် မိသားစုတို့ ညှိနှိုင်းပြီး စီစဉ်ကြမည်ဟု သိရပါသည်  ကောင်းရာသုဂတိလားပါလီ ကိုမင်းဒင်ဟု ဂျပန်မှ ရခိုင်အမျိုးသားရေး ဆောင်ရွက်နေသူ တစ်ဦးဖြစ်သည့် ကိုလှအေးမောင်က သူ၏ ပို့စ်တွင် ရေးသားထားသည်။

အဆိုပါ ကိုမင်းဒင် သေဆုံးရခြင်းနှင့် ပတ်သက်ပြီး ဂျပန်ရောက် ရခိုင်အမျိုးသားတစ်ဦးဖြစ်သူ ကိုဘုန်းမြင့်သို့ နိရဉ္စရာသတင်းဌာနက ဆက်သွယ်မေးမြန်းရာ သေဆုံးခြင်းအတည်ပြုသော်လည်း သေဆုံးရသည့် အကြောင်းအရင်းကို မသိရသေးဟု ဆိုသည်။

လက်ရှိတွင် ဂျပန်ရဲတပ်ဖွဲ့မှ DNA စစ်ဆေးပြီး သူ့အား မည်သူမည်ဝါဖြစ်ကြောင်းကို အတည်ပြုမည်ဖြစ်ပြီး အချိန်အားဖြင့် စစ်ဆေးမှုမှာ ၂ လခန့်ကြာမြင့်နိုင်မည်ဟု သိရသည်။

 

ဆက်စပ် သတင်းများ

ဆက်စပ်သတင်း မရှိပါ!!