တနင်္လာ၊ ဇွန်လ ၁၇ရက်၊ ၂၀၂၄

မောင်တောအား AA မှ ထိုးစစ်အရှိန်မြင့်၊ စစ်ကောင်စီဖက်ကလည်း စစ်အင်အားအလုံးအရင်းဖြည့်တင်း


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၅ မေ ၂၀၂၄
  • | ကြည့်ရှုသူ: 2.6k

နောင်မင်းသူ

နိရဉ္စရာ၊ မေ ၂၄ ရက်/၂၀၂၄

ရခိုင်ပြည်မောင်တောမြို့အပါအဝင် မြို့နယ်တစ်ခုလုံးကို သိမ်းပိုက်နိုင်ရေးအတွက် အာရက္ခတပ်‌‌တော် (AA) မှ ထိုးစစ်အရှိန်မြင့်နေပြီး စစ်ကောင်စီမှလည်း ရေကြောင်းအသုံးပြုပြီး မောင်တောမြို့ကို စစ်အင်အား အလုံးအရင်းဖြင့် ဖြည့်တင်းလျှက်ရှိနေကြောင်း မျက်မြင်ဒေသခံများထံမှသိရသည်။

၎င်းပြင် စစ်ကောင်စီပူးပေါင်တပ်များသည် လူနေကျေးရွာများ၊ ဘာသာရေး အဆောက်အဦများတွင်  နေရာ ယူထားပြီး ခုခံကာကွယ်ရန် ပြင်ဆင်ထားသည်ဟု​ ဒေသခံတစ်ဦးက ပြောကြားသည်။  

စစ်သားတွေနဲ့ မွတ်ဆလင် လက်နက်ကိုင်တွေကို မောင်တောမြို့ပတ်လည်မှာရှိတဲ့  မောင်နီ ကျေးရွာအုပ်စု၊ ကညင်တန်း ကျေးရွာအုပ်စု၊ အမှတ်(၅)ရပ်ကွက် ဧတေလီယာ ကျေးရွာအုပ်စုနဲ့ ရွှေဇားကျေးရွာ အုပ်စုတွေ အပြင် မြို့ပေါ်ရှိစာသင်ကျောင်းတွေနဲ့  သာဿနဗိမ္မာန်မှာ  နေရာ ချထားတာတွေကို တွေ့နေရတယ်ဟု  ၎င်းက ပြောကြားသည်။

မောင်တော မြောက်ပိုင်း နယ်ခြားစောင့်စခန်းများမှ ထွက်ပြေးလာကြသည့် နယ်ခြားစောင့် တပ်သားများကိုလည်း ၎င်းနေရာများတွင် နေရာချပေးထားသည်ဟု ဆိုသည်။

အများစု အောက်ခြေနယ်ခြားစောင့်တွေက စစ်မတိုက်ချင်တော့ဘူး။ တိုက်ရင်လည်း မထူးဘူးလေ။ ဒီလောက် ဌာနချုပ်တွေတောင် ကျသွားပြီဆိုတော့ သူတို့လည်း မဖြစ်သာလို့ ပါနေကြတာ။ အေအေက လာတိုက်ရင်တော့ ထွက်ပြေးမယ့်သူများတယ်။ လက်ရှိ မောင်တောမြို့ပေါ်ကို မတိုက်သေးပေမယ့် မြို့ပြင်မှာတော့ တိုက်ပွဲတွေဖြစ်နေတယ်။ မြို့အဝင် နခခ (၅) ဘက်ကလည်း သေနတ် ပစ်ခတ် သံတွေကို ကြားရတယ်။  မြိုရဲ့ ပတ်ပတ်လည်ကို အေအေတွေက ဝိုင်းထားပြီဟု ပြောဆိုသည်။

အာရက္ခတပ်တော်သည် မောင်တောမြို့ ၏ အရှေ့ဘက်၊ မြောက်ဘက်နှင့် တောင်ဘက်တို့မှ ဝိုင်းဝန်းပိတ်ဆို့ထားပြီး မောင်တောမြို့ အနီးဝန်းကျင်တွင် သွားလာလှုပ်ရှားလျက်ရှိသည်ဟု ဆိုသည်။

စစ်ကောင်စီကလည်း မောင်တောမြို့ အေအေလက်ထဲ မရောက်စေရန် နေ့စဉ် အင်အား ဖြည့်တင်းနေသည်ဟု တစ်ခြားမွတ်ဆလင် ဒေသခံတစ်ဦးက ပြောသည်။

"စစ်တပ်က နေစဉ်လိုလို ရေကြောင်းနဲ့ စစ်အင်အားဖြည့်နေကြတာ။ မေလ ၂၀ မှာ ကမ်းထိုးယာဉ် ၂ စီး မေလ ၂၂ ရက်ညမှာလည်း ကမ်းထိုးရေယာဉ် ၂ စီးနဲ့ စစ်အင်အားတွေ ရက်ဆက် ဖြည့်နေကြတာ" ဟု ပြောကြားသည်။

ကမ်းထိုးရေယာဉ် ၂ စီဖြင့် စစ်သည်အင်အား ကား ၅ စီး လက်နက်ကြီးကျဉ် ကား ၅ စီးဖြင့် မေလ ၂၂ ရက်ညအချိန်၌ နခခ(၅)နှင့် နခခ(၂)များသို့ အင်အားဖြည်ဘတင်းခဲ့သလို မေလ ၂၀ နေ့ မနက်အာရုံ၌ လည်း ကမ်းထိုးရေယာဉ်ဖြင့်ရောက်ရှိလာတဲ့ လက်နက်ကြီးကျဉ် ကား ၅ စီအား နခခ(၅)သို့ အင်အားဖြည့်တင်းခဲ့ပြီး စစ်သည်အင်အားများအား ကညင်ချောင်းစီးပွါးရေးဇုန်ဖက်သို့ အင်အား ဖြည့်တင်းခဲ့သည်ဟု သိရသည်။

" မောင်တောမြို့မကျ‌‌ စေဖို့ စစ်တပ်အလိုကျ မွတ်ဆလင်စစ်သားတွေ နဲ့ ARSA အဖွဲတွေကို စစ်တပ်က ထိမ်းချုပ်ပြီး မွတ်ဆလင်ကျေးရွာတိုင်းမှာ‌ ‌‌ခြေကုတ်စခန်းတွေချထားတယ်။ မြို့အဝင်၊ အထွက်ကို ဘယ်သူမှသွားမရဘူး။တွေ့ယင်ဖမ်းတယ်။ပစ်သတ်တယ်"ဟု နောက်ထပ် ဒေသခံမွတ်လင်တစ်ဦးက ပြောဆိုသည်။

ဒေသခံအများစုက အာရက္ခတပ်တော်(AA)မှ များမကြာမီ မောင်တောမြို့ပေါ်ကို ဝင်တိုက်ခိုက်နိုင်သဖြင့် မြို့ထဲက ပြည်သူများ စစ်ဘေးရှောင်နေကြသူများရှိသလို တချို့ မြို့ထဲတွင် ကျန်နေခဲ့ကြသူများ အနေဖြင့် စိုးရိမ်မှုများလည်း ရှိနေကြောင်း သိရသည်။

ဆက်စပ် သတင်းများ