Preview

ဆိုင်ကလုန်းမုန်တိုင်း ရီမယ်(လ်) စစ်တွေမြို့(Sittwe)၏ အနောက်-အနောက်တောင်ဘက် ရေမိုင် ၂၀၀ မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေသော်လည်း ရခိုင်သို့ ဦးတည်ရွှေ့လျားမည့် အခြေအနေမရှိ၍ အဝါရောင်အဆင့်သတ်မှတ်

မေ ၂၆/ ၂၀၂၄ | ကြည့်ရှုသူ :1406
ရခိုင် သတင်း

ကံ့ကော်နီနီ၊ နိရဥ္စရာ ၊ မေ ၂၆ / ၂၀၂၄

ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလား ပင်လယ်အော် အရှေ့အလယ်ပိုင်းတို့တွင်ဖြစ်ပေါ်နေသော ဆိုင်ကလုန်းမုန်တိုင်း (Cyclonic Storm) ရီမယ်(လ်)(REMAL)သည်စစ်တွေမြို့(Sittwe)၏ အနောက်-အနောက်တောင်ဘက်ရေမိုင် ၂၀၀ မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေသော်လည်းရခိုင်သို့ ဦးတည်ရွှေ့လျားမည့် အခြေအနေမရှိ၍  အဝါရောင်အဆင့်သတ်မှတ်ထားသည်ဟု သိရှိ၇သည်။

ယနေ့နံနက်ရ နာရီအချိန် မြန်မာမိုးဇလ၏   ယနေ့ နံနက် ၅နာရီခွဲတိုင်းထွာချက်ကို ကိုးကားဖော်ပြရာတွင် မြန်မာနိုင်ငံသို့ဦးတည်ရွေ့လျားမည့်အခြေအနေမရှိ၍ မုန်တိုင်းအဝါရောင် အဆင့် သတ်မှတ်ကြောင်း ဖော်ပြသည်။

ဆိုင်ကလုန်းမုန်တိုင်း(Cyclonic Storm) ရီမယ်(လ်) (REMAL)သည်မြောက်ယွန်းယွန်းသို့ ရွေ့လျား ခဲ့ပြီး၊ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းသို့ရောက်ရှိခဲ့ကာ သံတွဲမြို့(Thandwe)၏ အနောက်-အနောက်မြောက်ဘက် ရေမိုင် ၂၈၅ မိုင် ခန့်၊ စစ်တွေမြို့(Sittwe)၏ အနောက်-အနောက်တောင်ဘက် ရေမိုင် ၂၀၀ မိုင်ခန့် ပင်လယ်ပြင်ကို ဗဟိုပြုနေသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံနိုင်ငံကဆိုလျှင်  ခီပူပါရာမြို့(Khepupara)၏တောင်-အနောက် တောင်ဘက် ရေမိုင် ၁၆၀ မိုင်ခန့်နှင့် အိန္ဒိယနိုင်ငံက ဆိုလျှင် အနောက်ဘင်္ဂလားပြည်နယ်၊ဆာဂါကျွန်း(Sagar Island)၏ တောင်-အရှေ့တောင်ဘက်ရေမိုင် ၁၆၀ မိုင် ခန့်နှင့် ကန်နင်းမြို့(Canning)၏ တောင်- အရှေ့တောင်ဘက် ရေမိုင် ၁၈၀ မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေသည်ဟုဆိုသည်။

အဆိုပါဆိုင်ကလုန်းမုန်တိုင်း ရီမယ်(လ်) (REMAL) ဗဟိုချက်လေဖိအား ၉၈၅ ဟက်တိုပါစကယ်နှင့် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင်မိုင် ၅၀ နှုန်းခန့်ဖြစ်သည်မိုးဇလထုတ်ပြန်ချက်ကဆိုသည်။


ဆိုင်ကလုန်းမုန်တိုင်း(CyclonicStorm) ရီမယ်(လ်)(REMAL)သည် မြောက် ဘက်သို့ဆက်လက်ရွေ့လျားနိုင်ပြီး၊ ပိုမိုအားကောင်းလာနိုင်ကာ နောက်(၆)နာရီ အတွင်း ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင်အားကောင်းသောဆိုင်ကလုန်း မုန်တိုင်း(SevereCyclonic Storm) အဖြစ်သို့ ရောက်ရှိနိုင်ပြီး၊ ယနေ့ညပိုင်းတွင်ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ခီပူပါရာမြို့နှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသောအိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလားပြည်နယ်ကမ်းခြေ ဆာဂါကျွန်းတို့အကြား၊ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ မွန်ဂလမြို့အနီးမှ ဖြတ်ကျော်နိုင်သည်ဟုခန့်မှန်းထားသည်။

အဆိုပါဆိုင်ကလုန်းမုန်တိုင်း၏ အရှိန်ကြောင့် ယနေ့နံနက်မှ မေလ ၂၇ ရက်အတွင်းနေပြည်တော်၊စစ်ကိုင်းတိုင်း ဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာ၀တီတိုင်းဒေသကြီး၊တနင်္သာရီတိုင်းဒေသကြီး၊ ကချင် ပြည်နယ်၊ ချင်းပြည်နယ်၊ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှနေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ အချို့နေရာများတွင် ဒေသအလိုက်နှင့် နေရာကွက်၍ မိုးကြီးခြင်းများနှင့်အတူ လေပြင်းတိုက်ခတ်ခြင်းများဖြစ်ပေါ်နိုင်သည်ဟုဆိုသည်။

မြစ်၀ကျွန်းပေါ်၊ရခိုင်ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင်မကြာခဏ မိုးသက်လေပြင်းများ ကျရောက်ကာ လှိုင်းကြီးရာမှလှိုင်းအလွန်ကြီးမည်ဖြစ်ပြီး မိုးသက်လေပြင်းကျစဉ် ရေပြင်/ မြေပြင်လေသည်တစ်နာရီလျှင် ၄၅ မိုင် မှ ၅၅ မိုင်အထိ တိုက်ခတ်နိုင်ပြီး၊ လှိုင်းအမြင့်မှာ ၁၃ ပေမှ ၁၆ ပေခန့် ရှိနိုင်သည်ဟုဆိုသည်။

မုတ္တမကွေ့၊မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင် တို့တွင်လည်း ရံဖန်ရံခါ မိုးသက်လေပြင်းများကျရောက်ပြီးလှိုင်းကြီးကာ မိုးသက်လေပြင်း ကျစဉ်ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင် ၄၀ အထိ တိုက်ခတ်နိုင်ပြီး၊လှိုင်းအမြင့်မှာ ၉ ပေမှ ၁၂ ပေခန့်ရှိနိုင်ကြောင်း မိုးဇလထုတ်ပြန်ချက်ကဆိုသည်။ ဆိုင်ကလုန်းမုန်တိုင်း(Cyclonic Storm) ရီမယ်(လ်)(REMAL)၏ အရှိန်ကြောင့် မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူလေပြင်းတိုက်ခတ်ခြင်း၊ ရုတ်တရက်ရေကြီးခြင်းနှင့်မြေပြို ခြင်းစသည့် သဘာ၀ဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်သဖြင့်ကုန်းမြင့်ဒေသအနီးတွင် နေထိုင်ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ်နှင့်မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများ အနေဖြင့်ရေကြီး၊ ရေလျှံမှုများကို ကြိုတင်သတိပြုနိုင်အသိပေးနှိုးဆော်ထားသည်။ အလားတူ ပြည်တွင်းလေကြောင်းပျံသန်းရေး၊မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေယာဉ်များ၊ သင်္ဘောများအနေဖြင့်လည်းကြိုတင်သတိပြုရန် အသိပေးနှိုးဆော်ထားသည်။

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.