အိမ်စိုးဖြူ၊နိရဉ္စရာ၊မေ ၂၆/ ၂၀၂၄
ရခိုင်တွင်စစ်ကောင်စီက မြို့နယ်(၇)ခုတွင်သာ ကျောင်းဖွင့်ခဲ့ပြီး ကျောင်းအပ်နှံသူ ယနေ့ မေလ ၂၆ ရက်နေ့အထိ၃၈၀၀၀ ကျော်သာရှိသေးကြောင်း ရခိုင်ပြည်နယ်ပညာရေးမှူးရုံးမှ သိရသည်။
တနိုင်ငံလုံးတွင် ကျောင်းအပ်နှံရေး ရက်သတ္တပတ်အဖြစ် မေလ၂၃ ရက်နေ့မှ ဇွန်လ ၂ ရက်နေ့အထိကို စစ်ကောင်စီက ကြေညာထားသည်။
ရခိုင်မှကျောက်ဖြူ၊ တောင်ကုတ်၊မာန်အောင်၊ သံတွဲ၊ အမ်း၊ ဂွနှင့် စစ်တွေမြို့နယ်စသည့် မြို့နယ်(၇)ခုတွင်ကျောင်းသား ၃၈,၀၀၀ကျော်ကျောင်းအပ်ကြောင်း ရခိုင်ပြည်နယ်ပညာရေးမှူး ဦးဘထွီးစိန်ကနိရဉ္စရာအားပြောသည်။
“လျာထားတာတော့မရှိဘူး။ဝင်လာတာကိုလက်ခံတာပဲပေါ့။ လောလောဆယ် ခုနှစ်မြို့နယ်မှာ သုံးသောင်းကျော်လောက်ပေါ့”ဟုပြောသည်။
ကျန်နေသည့်မြို့နယ်များတွင် ကျောင်းများဖွင့်လှစ်နိုင်မည်
“ အဲဒါတွေကလုပ်ဖို့အစီစဉ်က လောလောဆယ်မရှိသေးဘူး။ ကျောင်းလည်းမဖွင့်ဘူးဆိုတော့ သူတို့ကိုဘယ်လိုလုပ်၇မလဲမသိဘူး” ဟုပြောသည်။
လွန်ခဲ့သည့် ၂၀၁၉ခုနှစ်တိုက်ပွဲများမှစ၍ ရခိုင်မြောက်ပိုင်းမြို့နယ်များ
၇ခိုင်တွင် အခြေခံပညာစာသင်ကျောင်းပေါင်း၃,၀၀၀ ကျော်ရှိပြီးလက်ရှိတွင် ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော၊ကျောက်တော်၊ မင်းပြား၊ မြောက်ဦး၊ ရမ်းဗြဲ၊မြေပုံနှင့်ပေါက်တောမြို့နယ်တို့
၇ခိုင်တွင် ယခင်၂၀၂၁ ခုနှစ်မှ ၂၀၂၃ ခုနှစ်တို့အတွင်း ကျောင်းသား၊ ကျောင်းသူ ဦးရေ သုံးသိန်းမှငါးသိန်းကျော်အထိ ကျောင်းအပ်ခဲ့ကြောင်း ရခိုင်ပြည်နယ်ပညာရေးမှူးရုံး၏စာရင်းများအရသိ၇သည်။
ပုံ-ယခင် စစ်တွေမြို့ပေါ်ရှိ အခြေပညာအထက်တန်းကျောင်းပုံဖြစ်