စနေ၊ ဇူလိုင်လ ၂၇ရက်၊ ၂၀၂၄

မောင်တောမြို့တွင် ကုန်ဈေးနူန်းမျာမြင့်တက်လာပြီး မြို့ တွင်းပိတ်မိနေဒေသခံပြည်သူများ စားဝတ်နေရေး အခက်တွေ့နေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၇ မေ ၂၀၂၄
  • | ကြည့်ရှုသူ: 859

နောင်မင်းသူ၊ နိရဉ္စရာ၊ မေ ၂၇ ရက်/၂၀၂၄

ရခိုင်ပြည်နယ်၊မောင်တောမြို့တွင် သယ်ယူပို့ဆောင်ရေး လမ်းကြောင်းများအားလုံး ပြတ်တောက်နေသဖြင့်  ကုန်ဈေးနူန်းများ အဆမတန်မြင့်တက်လာနေပြီး မြို့တွင်း၌ ပိတ်မိနေသည့်  ဒေသခံပြည်သူများအနေဖြင့် စားဝတ်နေရေး အထူး အခက်တွေလျှက်ရှိနေကြောင်း ဒေသခံများက ပြောကြားသည်။

"မြို့အဝင်/အထွက်ကို မေလ ၉ ရက်နေ့ကတည်း စစ်တပ်က ပိတ်ထားတာ။ အခု သယ်ယူပို့ဆောင်ရေး လမ်းကြောင်းတွေ ပြတ်နေတယ်။ ကုန်ပစ္စည်းအဝင်အထွက်မရှိဘူး။ အခုလို ဖြစ်နေတာ ရက် ၂၀ ပြည့်တော့မယ်။ ဟင်းသီးဟင်း ရွက်ကအစရှာမရတောဘူး။ဆန်တွေပြတ်‌တော့မယ် "ဟု မောင်တောဒေသခံ ရခိုင်တစ်ဦးကပြောသည်။

မောင်တောမြို့ ပန်းတောပြင်ကျေးရွာတံတားနှင့် လဘော်ဇားကျေးရွာတံတားအား မိုင်းခွဲ ဖျက်ဆီး လိုက်ပြီးနောက် ဘင်္ဂလားဒေ့ရှ်ဖက်မှ ကုန်စည်များ မြို့တွင်းသို့ မဝင်ရောက်လာနိုင်တော့သလို ၃ မိုင် တံတားနှင့် ဆားကုန်ဘုတ်လမ်းရှိ တံတားငယ်အားလည်း စစ်ကောင်စီက မိုင်းခွဲဖျက်ဆီးထားသဖြင့် ကုန်စည်များအပါအဝင် ဟင်းသီးဟင်းရွက်များ မောင်တောမြို့တွင်းသို့ မရောက်ရှိနိုင်ကြတော့ဟု ဆိုသည်။

၎င်းအပြင်  မြို့ဝင်စစ်‌ ဆေးရေးဂိတ်အားပိတ်ထားတာကြောင်း ၄ မိုင်ဖက်ရှိကျေးရွာများမှ ဟင်းသီးဟင်းရွက်များ မြို့ပေါ်သို့ လာရောက်ရောင်းမရောင်းချနိုင်သဖြင့် မောင်တော၌ ဟင်းသီးဟင်းရွက်များပါ ရှားပါးကာ စားသောက်ရေး လွန်စွာခက်ခဲကျနေသည်ဟု ဒေသခံများက‌ ပြောဆိုသည်။

"ဒီလိုသာမြို့တွင်းအဝင်/အထွက်တွေကို စစ်ကောင်စီပိတ်ထားမယ်ဆိုယင် မြို့တွင်းမှာပိတ်မိနေတဲ့ ဒေသခံဟိန္ဒူ၊မွတ်ဆလင်၊ရခိုင်တွေ‌ဒုက္ခရောက်ကြရမှာပါ။ သူတို့ စခန်းပြေး နယ်ခြားစောင့် တပ်သားတွေလည်း ကုန်‌ဈေးနူန်းကကြီး လစာကမရ ဆိုတော ပိုပြီးထွက်ပြေးကြလိမ့်မယ်။"

ယခင်ဈေး ပေါ်ဆန်းမွေး တစ်အိတ် ၂သိန်းရှိခဲ့ရာမှ  ယခု ၃ သိန်းထိ စျေးမြင့်တက်ခဲ့ပြီး  ရိုရိုးဆန် ယခုအခါ ၁ သိန်းခွဲထိ ရှိနေသည်ဟု သိရသည်။ စားဆီမှာ ယခင် ၁ လီတာ ၁၂၀၀၀ ကျပ် ယခု ၂၀၀၀၀ ကျပ်ထိ စျေးတက်လာခဲ့သည်ဟု ဆိုသည်။

 

ဆက်စပ် သတင်းများ