ကြာသပတေး၊ ဇူလိုင်လ ၁၈ရက်၊ ၂၀၂၄

ဆိုင်ကလုန်းမုန်တိုင်း ရီမယ်(လ်) ကြောင့် အနည်းဆုံး လူ၁၆ ဦး သေဆုံးခဲ့၊လူပေါင်း ၃ ဒသမ ၇၅ သန်း မုန်တိုင်းဒဏ်သင့်ခဲ့ပြီး နေအိမ် ၁၁၅၉၉၂ လုံး ထိခိုက်ပျက်စီးခဲ့


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၈ မေ ၂၀၂၄
  • | ကြည့်ရှုသူ: 1.5k

နိရဉ္စရာ၊ မေ ၂၈/၂၀၂၄

ဆိုင်ကလုန်းမုန်တိုင်း ရီမယ်(လ်) သည် အိန္ဒိယနိုင်ငံတောင်ပိုင်းနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတောင်ပိုင်း ကမ်းရိုးတန်းဒေသ တို့ကို ၀င်ရောက် တိုက်ခတ်ခဲ့ ပြီးနောက် အနည်းဆုံး လူ ၁၆ ဦး သေဆုံးခဲ့သည်။

လူပေါင်း ၃ ဒသမ ၇၅ သန်း သည် မုန်တိုင်းဒဏ်ခံခဲ့ရပြီး နေအိမ် ၁၁၅၉၉၂ လုံး ထိခိုက် ပျက်စီးခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဝန်ကြီး Mohibbur Rahman ကပြော ကြားသည်။

ဆိုင်ကလုန်းမုန်တိုင်း ရီမယ်(လ်) သည် မေလ၂၇ ရက်က တစ်နာရီလျှင် ကီလိုမီတာ ၁၁၀ နှုန်းဖြင့် အဆိုပါဒေသများကို ၀င်ရောက်ဖြတ်ကျော်တိုက်ခိုက်ခဲ့ရာ မိုးသည်းထန်စွာ ရွာသွန်းခြင်း၊ ဒီရေ လှိုင်းများမြင့်တက်ခြင်းများ ကြောင့် မြေနိမ့်ပိုင်းဒေသများ ရေလွှမ်းမိုးခြင်း ခံခဲ့ရသည်။

ဆိုင်ကလုန်း Remal သည် တနင်္ဂနွေနေ့(မေလ၂၇ ရက်) ညနေပိုင်း က ကုန်းတွင်းပိုင်းသို့ ဝင်ရောက်ခဲ့ပြီး လူတစ်သန်းနီးပါးကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ရသည်။ ဒေသဆိုင်ရာ အာဏာပိုင်များ၏ အဆိုအရ ကလေး ၃.၆ သန်း အပါအဝင် ဆိုင်ကလုန်း မုန်တိုင်း လမ်းကြောင်းတွင် လူ ၈.၄ သန်းခန့် နေထိုင်ခဲ့သည်။

မုန်တိုင်းသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ မိုင်းလားဆိပ်ကမ်းနှင့် အိန္ဒိယနိုင်ငံ အနောက်ဘင်ဂေါရှိ ဆက်ဂါ ကျွန်းများကို မေလ၂၇ ရက်က ဖြတ်ကျော်တိုက်ခတ်ခဲ့ပြီး နောက်တစ်နေ့တွင် အားပျော့သွားခဲ့သည်။

ဆိုင်ကလုန်းမုန်တိုင်းကြောင့် လူ ၁၀ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဝန်ကြီး Mohibbur Rahman က AFP သတင်းဌာနကို ပြောပါတယ်။

အချို့မှာ ရေနစ်သေဆုံးကြပြီး အချို့မှာ ပြိုကျနေသော အိမ်များအောက်တွင် နစ်မြုပ် ကာ သေဆုံးခဲ့ကြသည်။ “လူပေါင်း ၃.၇၅ သန်းမုန်တိုင်းဒဏ်သင့်ခဲ့ပြီး မုန်တိုင်းကြောင့် နေအိမ် ၁၁၅၉၉၂ လုံးလည်းထိခိုက်ပျက်ဆီး ခဲ့ရပါတယ်” ဟု Mr Rahman က ပြောကြားခဲ့သည်။ Source/BBC World and Photo by the Financial Express ( AFP)

ဆက်စပ် သတင်းများ