မောင်စာဂ
နိရဥ္စရာ၊မေ ၂၉/၂၀၂၄
ရခိုင်ပြည်နယ်၊ပုဏ္ဏားကျွန်းမြို့ကို စစ်တွေရှိ စစ်ကောင်စီတပ်က အတွဲလိုက်ဒုံးဖြင့်နှစ်ကြိမ်တိုင် ပစ်ခတ်ခဲ့သည်ဟု သိ၇သည်။
ယမန်နေ့မေလ ၂၈ ရက်၊ ည ၈ နာရီခွဲခန့်တွင် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု မြို့ခံတစ်ဦးကနိရဥ္စရာကို ပြောသည်။
"လေးလုံးတစ်တွဲ၊ လေးလုံးတစ်တွဲနဲ့နှစ်ကြိမ်တိုင်ပစ်တာပါ။ မြို့ထဲမှာတော့ မကျခဲ့ဘူး"ဟု ပြောသည်။
မြို့ပြင်ရပ်ကွက်ဖြစ်သည့်ရွာဟောင်းပိုင်းရပ်ကွက်ရှိ ဂူ၀ဘုရားအနီး၊ ပုဏ္ဏားကျွန်းချောင်း၀နှင့်
နတ်ဆိတ်ကျေးရွာကြားနှင့်ကျွဲထိုးရွာအနီးတို့တွင် ကျရောက်ပေါက်ကွဲခဲ့၍ ထိခိုက်မှုတစ်စုံတစ်ရာမရှိခဲ့ဟုဒေသခံများက ပြောသည်။
နောက်ထပ်ဒေသခံတစ်ဦးကလည်း"ဂျက်က လာပစ်တာမဟုတ်ဘူး။ လက်နက်ကြီးနဲ့ စစ်တွေကနေ လှမ်းပစ်တာပါ။အတွဲလိုက်ပစ်တာပါ"ဟု ပြောသည်။
အာရက္ခတပ်တော်(AA)က ပုဏ္ဏားကျွန်းမြို့ကိုသိမ်းပို
ယင်းသို့သိမ်းပိုက်ရရှိပြီးနော
ဓာတ်ပုံ- စစ်ကောင်စီ၏ အတွဲလိုက်ဒုံးဖြင့် လေ့ကျင့်ပစ်ခတ်နေမှုမြင်ကွင်း