တနင်္ဂနွေ၊ ဇွန်လ ၂၃ရက်၊ ၂၀၂၄

မောင်တောမြို့၊ မြို့ဦး‌ကျေးရွာအနီးရှိ ပုဇွန်ကန်၌ လူသေအလောင်း၂ လောင်းတွေ့ရှိ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၉ မေ ၂၀၂၄
  • | ကြည့်ရှုသူ: 1.4k

နောင်မင်းသူ၊ နိရဉ္စရာ၊ မေ ၂၉/၂၀၂၄

ရခိုင်ပြည်နယ်၊ မောင်တောမြို့၊ မြို့ဦး‌ကျေးရွာအနီးရှိ ပုဇွန်ကန်၌ ယနေ့ မေလ ၂၉ ရက် နံနက်တွင် လူသေအလောင်း၂ လောင်းတွေ့ရှိကြောင်း မျက်မြင်ဒေသခံ မွတ်ဆလင်များထံမှ သိရသည်။

"လူသေအလောင်းနှစ်လောင်းက ရခိုင်တွေပါ။ လူအရုပ်ကိုကြည်ရင် ရခိုင်လို့သိပါတယ်။ ဘယ်သူလဲဆိုတာတော့ မသိပါ။ အလောင်း‌တွေက ဒီအတိုင်းပါ။ ဘယ်သူမှလာမယူသေးပါဘူး"ဟု မျက်မြင်မွတ်ဆလင်တစ်ဦးက နိရဉ္စရာကိုပြောသည်။

လူသေ အလောင်း ၂ လောင်းတွေ့ရှိသည့် ပုဇွန်ကန်မှာ မွတ်ဆလင်လူမျိုး‌ ရွှေမောင်ပိုင်ဆိုင်သောပုဇွန်ကန်ဖြစ်ပြီး သေဆုံးသူများမှာမည်သူမည်ဝါဆိုသည် နှင့် မည်သို့သေဆုံးရသည်ဆိုသည်ကို နိရဉ္စရာ က ‌စုံစမ်းနေဆဲဖြစ်ပါသည်။

ပြီးခဲ့သည့် မေလ ၂၇ ရက်ကလည်း ခရေမြိုင်ကျေးရွာမှ အသက် ၃၉ နှစ်အရွယ် ရခိုင်အမျိုးသား ၁ ဦးသည် အာဆာ လက်နက်ကိုင်အဖွဲ့၏ ပစ်ခတ်မှုကြောင့် သေဆုံးသွားခဲ့ရသည်။

ဆက်စပ် သတင်းများ