Preview

စစ်ရှောင် ကသည်းလူမျိုးများ၏ လက်နက်များကို လက်ခံထားသည့် မောင်တောဒေသခံ ၆ ဦးဖမ်းဆီးခံရ

မေ ၃၁/ ၂၀၂၄ | ကြည့်ရှုသူ :1559
ရခိုင် သတင်း

နောင်မင်းလူ/နိရဉ္စရာ၊ မေ ၃၁ /၂၀၂၄

မောင်တောမြို့နယ်၊ အောင်မြေဗောဓိကျေးရွာမှ ဒေသခံ ၆ ဦးကို စစ်ဘေးရှာင်သွားသည့် ကသည်းလူမျိုးများကအပ်နှံထားခဲ့သည့်လက်နက် ၃ လက်နှင့် အတူ စစ်ကောင်စီတပ်က ဖမ်းဆီးသွားသည်ဟု သတင်းရရှိသည်။

ဖမ်းဆီးခံ၇သူ ၆ဦးမှာ ဦးဒေါင်းပြောက်(ဘ) စိန်ရွှေမောင်၊မောင်မောင်ချေ(ဘ)ဦးမောင်တင်၊ အရိုး(ဘ) မောင်ချေ၊ နေမျိုးထွန်း(မီးသတ်တပ်ဖွဲဝင်)၊  ဦးမြတ်နိုင်(ဘ)ထွန်းရီနှင့်ဟိန္ဒူတစ်ဦးတို့ဖြစ်ကြောင်း ဒေသလံရွာသားများကပြော ဆိုသည်။

"သေနတ်တွေက ကသည်း လူမျိုးတွေဟာလို့သိရပါတယ်။ကသည်းလူမျိုးတွေက စစ်ဘေးရှောင်ဖို့ သွားတဲ့ အချိန်မှာသူတို့ဆီမှာ အပ်နှံထားခဲ့ကြတာ”ဟု အောင်မြေဗောဓိရွာခံတစ်ဦးကပြောဆိုသည်။

၎င်းတို့အား မေလ ၃၀ ရက်နေ့က ဖမ်းဆီးသွားခြင်းဖြစ်ပြီး လောလောဆယ်မိသားနှင့် အဆက်အသွယ် မရရှိသေးဟု သိ၇သည်။

"မနေ့က နေ့လယ်ပိုင်းမှာ အောင်မြေဗောဓိရွာက ရွာသား ၆ကိုစစ်တပ်ကဖမ်းဆီးတယ်။ သူတို့ နေအိမ်တွေနဲ့ အခြားနေ အိမ်တွေကိုဝင်ရောက်ရှာဖွေကြတယ်။လက်နက်တို ၁ လက်၊လက်နက်အရှည် ၂ လက် နဲ့ ကျည်တွေပါဖမ်းဆီးရမိတယ်လို့သိ၇တယ်”ဟု ၎င်းက ဆက်လက်ပြောကြားသည်။

မောင်တောမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားနေသဖြင့် ကသည်းလူမျိုးများလည်း စစ်ရှောင်ကြရာလက်နက်များကို အောင်မြေဗောဓိကျေးရွာတွင် အပ်နှံထားခဲ့ပြီး စစ်သားများက သတင်းအရ ဝင်ရောက်ရှာဖွေ ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း သိ၇သည်။

ကသည်း လူမျိုးများသည် အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ်သားများဖြစ်ကြပြီး ခွဲထွက်ရေးအတွက် လက်ကိုင်တိုက်ပွဲဝင်နေကြသည့် တော်လှန်ရေးသမားများဖြစ်ကြကာ  ၂၀၀၂ ခုနှစ် ထောက်လှမ်းရေး အကြီးအကဲဟောင်း ဗိုလ်ချူပ်ခင်ညွှန့် လက်ထက်တွင် မောင်တောမြို့နယ် မြောက်ပိုင်း ခမောင်ဆိတ်ကျေးရွာအုပ်စုငရံ့ချောင်း (နတလ) စံပြကျေးရွာ တည်ထောင်ပြီး နေရာ ချထားပေးခဲ့သည်။

၎င်းတို့ နေထိုင်ရာ ငရံ့ချောင်း(နတလ) စံပြကျေးရွာသည် မောင်တောမြို့မှ မိုင် ၃၁ မိုင်ခန့် ဝေးပြီး အိမ်ခြေ ၇၀ကျော် လူဦးရေ ၅၀၀ ခန့်ရှိနေထိုင်ကြသည်ဟု သိ၇သည်။

နောက်ပိုင်းတွင်ငွေကြေးတတ်နိုင်သူများမှာ မောင်တောမြို့ပေါ်၌ အိမ်ဝယ်၊အိမ်ငှားပြီး နေထိုင်နေကြသူများလည်း ရှိလာကြသည်။

ကသည်းလူမျိုးများမှာ ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ အခြေချနေထိုက်ကြသလို စစ်ကိုင်းတိုင်း တမူးမြို့နယ်တွင်လည်းအခြေချနေထိုင်လျှက်ရှိကြောင်းသိ၇သည်။

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.