ကြာသပတေး၊ ဇွန်လ ၂၇ရက်၊ ၂၀၂၄

စစ်တွေမြို့ ဗျိုင်းဖြူရွာတွင် အမျိုးသမီးများအပါအဝင် လူပေါင်း (၄၀) ကျော် အသတ်ခံရကြောင်း ကိုယ်တိုင်ကြုံခဲ့ရသူက နာမည်နှင့် တကွ ထုတ်ဖော်ပြောကြားလာ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၁ ဇွန် ၂၀၂၄
  • | ကြည့်ရှုသူ: 1.5k

(အမျိုးသမီး ၃ဦး အဓမ္မပြုကျင့်ကာသတ်ဖြတ်ခံရဟုဆို)

ရက္ခိုင်အမျိုသားအဖွဲ့ချုပ်နှင့် ရခိုင်ပြည်နယ် စစ်ကောင်စီအား အတည်ပြုချက်ရယူရန် မေးမြန်းနေဆဲဖြစ်

အေးမြတ်ခိုင်၊ နိရဉ္စရာ၊ ဇွန်လ ၁/၂၀၂၄

စစ်တွေမြို့နယ်၊ ဗျိုင်းဖြူရွာတွင် အမျိုးသမီးများအပါအဝင် လူပေါင်း (၄၀) ကျော် ရက်ရက်စက်စက် အသတ်ခံရကြောင်း ကိုယ်တိုင်ကြုံခဲ့ရသူတစ်ဦးက နာမည်နှင့် တကွ ထုတ်ဖော်ပြောဆိုသည်။

ယင်းအပြင် ဖမ်းဆီးခံရသည့်အထဲမှ အမျိုးသမီး ၃ ဦးကိုမူ အဓမ္မပြုကျင့်ပြီး စစ်ကောင်စီက သတ်ဖြတ်ခဲ့သည်ဟု ဒေသခံများက ပြောသည်။

စစ်ကောင်စီ၏ အကြမ်းဖက် သတ်ဖြတ်ခြင်းကို ခံခဲ့ရသူများမှာ ဦးကျော်ဆန်းဦး (ဗျိုင်းဖြူရွာ၊ အောင်ချမ်းသာရပ်ကွက်)၊ ဦးကျော်သိန်း (ဗျိုင်းဖြူရွာ ၊အောင်ချမ်းသာရပ်ကွက်)၊ ဦးကုလားအောင် (ဗျိုင်းဖြူရွာ၊အောင်ချမ်းသာရပ်ကွက်)၊ ဦးဖိုးသန်းစိန် (ဗျိုင်းဖြူရွာ၊ ဆက်ရိုးကျအရှေ့)၊ ဦးချဘုကောင် (ဗျိုင်းဖြူရွာ ၊ဆက်ရိုးကျအရှေ့) ဦးဘောက်သာ၏ သား( ဗျိုင်းဖြူရွာ၊ ဆက်ရိုးကျအရှေ့)၊ ကိုကိုမောင် (အသက် ၃၀ ကျော်)၊ ခင်မောင်အေး  (အသက် ၃၆ )၊ကိုမောင်သန်း (အသက် ၂၉ )၊ ဦးကျော်နိုင် (အသက်   ၄၂ )၊ ကိုမောင်ချီး  (အသက် ၂၂ )၊ ရဲကျော်  (အသက် ၂၁ )၊  ကိုအောင်နိုင်ဌေး  (အသက်  ၃၁)၊ ဦးဇော်မင်းထွန်း (အသက်  ၄၀ ကျော်)၊ ဦးမောင်လှဦး (အသက်  ၄၀ ကျော်)၊ ဦးသားချေ (အသက်  ၃၀ ကျော်)၊ ဦးမြင့်ချေ (အသက်  ၃၆)၊ ကိုဦးမောင်ဆန်း (အသက်  ၂၆)၊ မောင်လှယေ  (အသက် ၃၂)၊ မောင်ထွီး (အသက် ၂၂) ၊ ကိုမောင်လုံးချေ  (အသက်  ၄၀ )၊ ဦးဦးကျော်နိုင် (အသက် ၄၀ ကျော်)၊ဦးမောင်သိန်းထွန်း (အသက်   ၅၀ ကျော်)၊ ဦးမောင်စံသား (အသက် ၆၀)၊ ဦးကျန်သာထွန်း  (အသက်    ၇၀)၊ဘုမောင် (အသက် ၁၈)၊ ဦးသန်းဌေးမောင်  (အသက်  ၄၀ ကျော်)၊ ဦးဖားချေ  (အသက် ၅၀ ကျော်)၊ကိုကိုအောင်  (အသက်  ၃၆ )၊ ကိုအောင်သူချေ (အသက် ၂၉ )၊ မောင်ဖြိုးဖြိုးနိုင် (ဘ)ဦးမောင်သိန်းထွန်း  (အသက် ၁၅)၊ ဦးဇော်ထွန်းနိုင် (အသက် ၃၅ ) နှင့် တခြားအမည် အတည်မပြုနိုင်သေးသူများအပါအဝင် စုစုပေါင်း ၄၀ ကျော်ဖြစ်ကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲ့ရသည့်အမည်မဖော်လိုသူတစ်ဦးက ပြောသည်။

၎င်းတို့ကို မေလ ၃၀ ရက် ည ၁၂ နာရီခန့်မှ ၃၁ ရက် နံနက် ၄ နာရီအတွင်း ‌သေနတ်များဖြင့် ရက်စက်စွာ သတ်ဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း မျက်မြင်ကိုယ်တွေ့ ကြုံတွေ့ခဲ့ရသူတစ်ဦးက ပြောသည်။

"ဖမ်းထားတဲ့အမျိုးသမီး‌ေတွအထဲက မသင်္ကာလို့ဆိုပြီး ၃ ယောက်ကို ဖမ်းသွားပြီး ယောကျ်ား‌တွေကို ဖမ်းထားတဲ့ဘက်ကို ခေါ်သွားပါတယ်။၃၀ ရက်နေ့ ည ၁၂ နာရီ အချိန်‌ေလာက်က စတင်ပြီးတော့ ယောကျ်ား ၄၀ ကျော်လောက်ကို ၃၁ ရက်နေ့ အာရုဏ်တက် ၄ နာရီအချိန်ထိ ပစ်သတ်ပါတယ်။ အဲ့ဒီအထဲက ပစ်သတ်လို့ မသေနိုင်တဲ့တစ်ယောက်ကိုတော့ အရှင်လတ်လတ် မြေမြှုပ် သတ်လိုက်ကြပါတယ်"ဟု ပြောသည်။

အရပ်သားများအား သေနတ်ဖြင့် မပစ်သတ်မီ လူမဆန်စွာ နှိပ်စက်မှုများ၊ အမျိုးသမီးများကို အဓမ္မပြုကျင့်မှုများ ပြုလုပ်ခဲ့သည်ဟု အမည်မဖော်လိုသည့် အမျိုးသမီး တစ်ဦးကလည်း ပြောဆိုထားပါသည်။

အဆိုပါ သတင်းနှင့် ပတ်သက်ပြီး အတည်ပြုချက်ရယူနိုင်ရန် ရက္ခိုင့်တပ်တော် ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခ၊ ပြည်နယ် အစိုးရ ပြောခွင့်ရသူ  ဦးလှသိန်းတို့အား ဆက်သွယ် မေးမြန်းနေဆဲဖြစ်သဖြင့် နိရဉ္စရာသတင်းဌာနအနေဖြင့် သီးခြား အတည်ပြုချက်တော့ ရယူနိုင်ခြင်း မရှိသေးပါ။

အသေးစိတ်သတင်းများကို ဆက်လက်စုံစမ်းနေဆဲဖြစ်ပြီး ဤသတင်းကို ဆက်လက်ထုတ်ပြန်ပေးပါမည်။

ဆက်စပ် သတင်းများ