ကြာသပတေး၊ ဇွန်လ ၂၇ရက်၊ ၂၀၂၄

မောင်တောမြို့တွင် ည ၉ နာရီနောက်ပိုင်း အိမ်ပြင်ထွက်သူများကို သတ်ပစ်မည်ဟု စစ်တပ် ခြိမ်းခြောက်လာ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၁ ဇွန် ၂၀၂၄
  • | ကြည့်ရှုသူ: 966

နောင်မင်းသူ၊ နိရဉ္စရာ၊ ဇွန် ၁ ရက်/၂၀၂၄

ရခိုင်ပြည်အနောက်နယ်စပ် မောင်တောမြို့ပေါ်တွင် မေလ ၃၁ ရက်ကစပြီး ည ၉ နာရီ နောက်ပိုင်း အပြင်ထွက်သူများကို သတ်ပစ်မည်ဟု စစ်ကောင်စီက ခြိမ်းခြောက်ထားကြောင်း သိရသည်။

ထိုသို့ သတ်ပစ်မည်ဖြစ်ကြောင်းကို ဒေသခံများအားအုပ်ချုပ်ရေးမှုးများမှ တစ်ဆင့် အသိ ပေးလာကြောင်း မောင်တောဒေသခံများက သိရသည်။

" မေလ ၃၁ ရက် နေ့လယ်ပိုင်းမှာ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကလာပြောတယ်။စစ်တပ်က ပြောလိုက်တယ် ည ၉ နာရီအပြင်ထွက်တဲ့သူဘယ်သူကိုမဆို ပစ်သတ်မယ်လို့ ပြောခိုင်းတယ်လို့ ပြောလာတယ်"ဟု ပြောသည်။

လက်ရှိတွင် စစ်တပ်မှ မောင်တောမြို့ မြို့မမြောက်ရပ်ကွက်ဝိမလ မူလွန်စာသင်ကျောင်း မြို့မ အနောက်ရပ်ကွက်ရှိဒါက်ရွာရှိမူလွန်ကျောင်း နှင့် သာဿနဗိမ္မာန်များ၌ စခန်းချထားပြီး ဒေသခံများအား အချိန်ပြည့် စောင့်ကြည့်လျှက်ရှိနေကြောင်းဒေသခံများကပြောဆိုသည်။

" မောင်တောမြို့ပေါ်က နေရာတော်တော်များများမှာ စစ်တပ်က စခန်းချထားကြပြီး။ ဝိမလ စာသင်‌ကျောင်း ဒါက်ရွာစာ သင်ကျောင်းနဲ့ သာသနဗိမ္မန်နဲ့ မြို့မဈေးတွေမှာ စခန်းချနေထားကြတယ်။ လမ်းသွားလမ်းလာတွေနဲ့ လဖ္ဘက်ရည်ဆိုင်ထိုင်နေတဲ့ ပြည်သူတွေကိုအမြဲ တမ်းစောင့်ကြည့်နေတယ်။ ဖမ်းချင်ယင်လိုက်ဖမ်းတယ်" ဟု ပြောဆိုသည်။

မောင်တောမြို့ပေါ်၌ နယ်ခြားစောင့်စခန်းပြေးများအား နေရာချထားသည့် နေရာများအား နယ်ခြားစောင့်များအား ဖယ်ထုတ်လိုက်ပြီး စစ်အင်အားဖြည့်တင်းရာ၌ အသစ်ရောက်ရှိလာတဲ့ တပ်မ ၂၂ နှင့် တပ်မ ၃၃ တို့မှ နေရာယူစခန်းချနေထိုင်ကြသည်ဟု သိရသည်။

ဆက်စပ် သတင်းများ