တနင်္ဂနွေ၊ ဇွန်လ ၂၃ရက်၊ ၂၀၂၄

မောင်တော‌၌ အမည်မသိလူသေအလောင်း ၃ လောင်းတွေ့ရှိ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၂ ဇွန် ၂၀၂၄
  • | ကြည့်ရှုသူ: 1.5k

နောင်မင်းသူ၊ နိရဉ္စရာ၊ ဇွန် ၁ ရက်/၂၀၂၄

ရခိုင်ပြည်၊ မောင်တောမြို့တွင် အမည်မသိ လူသေအလောင်း ၃ လောင်းကို ချောင်းကမ်းနားစပ်တွင်  တွေ့ရှိကြောင်း မောင်တောဒေသခံများထံမှသိရှိရသည်။

လူသေအလောင်း ၃ လောင်းတွေ့ရှိခဲ့သော်လည်း မည်သူမည်ဝါ ဖြစ်သည်ကို အတိအကျမပြောနိုင်သေးဟု ဆိုသည်။

မောင်တော မြို့ဦးရွာဖက်ပ ုဇွန်ကန်တွင် လူသေအလာင်း ၂ လောင်း နှင့် ရွှေဇားဖက်ကျေးရွာ အုပ်စုဖက် ပုဇွန်ကန်၌ နောက်ပြန်ကြိုးတုတ်ထားသည့်​ ၁ လောင်း စုစုပေါင်း ၃ လောင်းတွေ့ရှိ ထား‌ကြောင်း ဒေသခံများကပြောဆိုထားသည်။

"မနေ့က ချောင်းဝ မှာ တံငါတဲ့သူတွေ့ တွေ့ခဲ့တဲ့အလောင်းက မြို့ဦးရွာပုဇွန်က မျောပါလာတဲ့ အလောင်းပါ။ နောက်အလောင်းတွေလည်းအဲ့ဒီလို ဒီရေအတက်အကျနဲ့ မြစ်ထဲ့ကိုမျောပါသွားကြမှာပါ။ လူသေအလောင်းတွေယင်လည်း ရဲကသွားစစ်တာမရှိ‌တောဘူး‌လေ။ အောင်ဗလချောင်းဝ နယ်ခြား စောင့်စခန်းမှာလည်း စစ်တပ်ကပြန်ဝင်ထိုင်ထားတယ်လို့ ကြားပါ"ဟု ပြောထားကြသည်။

ဇွန်လ ၁ ရက်နေ့ မောင်တောချောင်းဝ (ခေါ်) အောင်ဗလကျေးရွာချောင်းဝ နယ်ခြားစောင့်စခန်းဖက်၌ တွေ့ရှိသော လူသေအလောင်းမှာ မြို့ဦးရွာဖက်၌ မေလ ၂၉ ရက်နေ့၌တွေ့ရှိခဲ့တဲ့ အလောင်း ၂ လောင်းအနက်မှ တစ်လောင်းဖြစ်ပြီး  ဒီရေအတက်အကျဖြင့် မျောပါလာသည့် လူသေအလောင်းသာ ဖြစ်ကြောင်း ဒေသများကသုံးသပ်ထားကြသည်။၏

မောင်တောမြို့ပေါ်၌ စစ်တပ်ကဖမ်းဆီးမူတွေပြုလုပ်လာပြီး‌ နောက် ထွက်းပြေးကြသူတွေလည်း ရှိနေပြီးအဆက်အသွယ်မရဘဲ့ပြတ်နေတဲ့ ဝန်ထမ်းများပါအများအပြားရှိနေကြောင်း မောင်တောဒေသခံများထံမှသိရသည်။

ဆက်စပ် သတင်းများ