ကြာသပတေး၊ ဇူလိုင်လ ၄ရက်၊ ၂၀၂၄

မြန်မာစစ်တပ်က ဗျိုင်းဖြူရွာမှ အပြစ်မဲ့ ပြည်သူ ၄၁ ဦးကို ရက်စက်စွာသတ်ဖြတ်ခဲ့မှုနှင့်ပတ်သက်ပြီး အမေရိကန် ရခိုင်လူမှုအဖွဲ့အစည်း (AAC)က ပြင်းထန်စွာကန့်ကွက်ရှုတ်ချ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၂ ဇွန် ၂၀၂၄
  • | ကြည့်ရှုသူ: 1.3k

ဂျွန်နသန်၊ နိရဉ္စရာ၊ ဇွန် ၂/၂၀၂၄

စစ်တွေမြို့ ၊ဗျိုင်းဖြူရွာတွင် မြန်မာစစ်တပ်က အပြစ်မဲ့ရခိုင်ပြည်သူ ၄၁ ဦးကို ရက်စက်စွာ သတ်ဖြတ်ခဲ့မှုနှင့် ပတ်သက်ပြီး အမေရိကန် ရခိုင် လူမှုအဖွဲ့အစည်း (AAC) က ပြင်းထန်စွာကန့်ကွက်ရှုတ်ချလိုက်သည်။

ရခိုင်ပြည်နယ်၊စစ်တွေမြို့ ၊ဗျိုင်းဖြူရွာတွင် သက်ကြီးရွယ်အိုများ အပါအဝင် မြန်မာစစ်တပ်က  အပြစ်မဲ့ ပြည်သူ ၄၁ ဦးကို ရက်စက်စွာ သတ်ဖြတ်ခဲ့မှုနှင့်ပတ်သက်ပြီး အမေရိကန် ရခိုင် လူမှုအဖွဲ့အစည်း (AAC) က ပြင်းထန်စွာရှုတ်ချလိုက်ကြောင်း ဇွန်လ ရက် နေ့စွဲဖြင့်ကြေညာချက်ထုတ်ပြန်ခဲ့သည်။

၂၀၂၄ ခုနှစ် မေလ ၃၁ ရက်နေ့တွင် ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်၊ဗျိုင်း ဖြူကျေးရွာ၌ မြန်မာစစ်တပ်က စစ်ရာဇ၀တ်မှုတစ်ခုကို ကျူးလွန်ခဲ့ကြောင်း သိရှိရပါသည်။ပြည်သူ့စစ်များ မြန်မာစစ်တပ်မှ စစ်သားများသည် ဗျိုင်းဖြူကျေးရွာသို့ ဝင်ရောက်ကာ တရွာလုံးရှိပြည်သူများကို ဓားစာခံအဖြစ်ဖမ်းဆီးကာ အသက် ၁၅ နှစ် ၇၀ ကြားရှိ လူငယ်နှင့် သက်ကြီးရွယ်အိုများ အပါအဝင် အပြစ်မဲ့ ရွာသား ၄၁ ဦးကို သတ်ဖြတ်ခဲ့သည်။

အမျိုးသမီးငယ် သုံးဦးကို စစ်သားများက အုပ်စုဖွဲ့ မုဒိမ်းကျင့်ပြီး ရက်စက်စွာ သတ်ဖြတ်ခဲ့ကြောင်း  မြန်မာစစ်တပ်မှ စစ်သားများသည် အနီးနားရှိ အိမ်ခြေတစ်ထောင်ကျော်ရှိသည့် ရွာနှစ်ရွာကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်းလည်း သတင်းရရှိပါသည်ဟုဆိုသည်။

၂၀၂၄ ခုနှစ် ဇွန်လ ရက်နေ့တွင် ပေါက်တောမြို့နှင့် ရိုးတရုတ် အပါအဝင်  မြိုခြောက် မြို့နှင့် ရွာများကို ဗုံးခွဲတိုက်ခိုက်မှုများနှင့် ၊၂၀၂၄ ခုနှစ် မေလ ၃၁ ရက်နေ့တွင် ရခိုင်ပြည်နယ် စစ်တွေမြို့ ဗျိုင်ဖြူ ကျေးရွာတွင် မြန်မာစစ်တပ် ကကျူးလွန်ခဲ့သော  စစ်ရာဇ၀တ်မှုများအတွက် မြန်မာစစ်တပ်အား ပြင်းထန်စွာ ရှုတ်ချကြောင်း၊ အမေရိကန် ရခိုင် လူမှုအဖွဲ့အစည်း(AAC) ၏ထုတ်ပြန်ချက်တွင်ဖော်ပြ ထားသည်ကိုတွေ့ရသည်။

ရခိုင်ပြည်တွင်း ကျူးလွန်ခဲ့သည့်စစ်ရာဇ၀တ်မှုတရားခံ မြန်မာစစ်တပ်ကို ရခိုင်ပြည်သူ လူထုမှ မကြာမီတရားမျှတမှု ရှိအောင် ဆောင်ရွက်နိုင်လိမ့်မည်ဟု  ကျွန်ုပ်တို့က ယုံကြည်ပါကြောင်း၊ မြန်မာစစ်တပ်မှ သိမ်းပိုက်ထားမှုမှ ရခိုင်လူမျိုးများ လွတ်မြောက်လာမည် ဟုလည်း ကျွန်ုပ်တို့ ယုံကြည်ပါကြောင်း လည်း ကြေညာချက်တွင်ဖော်ပြထားသည်။

အရေးအကြီးဆုံးမှာ ရခိုင်ပြည်သူများသည် ကိုယ်ပိုင်ပြဌာန်းခွင့်ကို ထောက်ခံအားပေးမှသာလျှင် ရခိုင်ပြည်သူပြည်သားများအနေဖြင့် ရခိုင်ပြည်နယ်တွင် နေထိုင်နိုင်မည်ဖြစ်ကြောင်း လွတ်လပ်မှု၊ လူ့အခွင့်အရေးနှင့် ရခိုင်ပြည်နယ်ရှိ မတူကွဲပြားသော အသိုက်အဝန်းများကြားတွင် သဟဇာတ ဖြစ်အောင် နေထိုင်ခြင်းတို့ကို အာမခံနိုင်မည်ဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။


ဆက်စပ် သတင်းများ