Preview

တိုက်ခိုက်ရေး အင်အားလေးသောင်းအထိ ရှိလာသော AA သည် ၇ခိုင်ပြည်မှ လက်ကျန် မြို့များဖြစ်သော အမ်း၊ စစ်တွေ၊ မောင်တော အပါအဝင်မြို့ ၈ ခုမှ တပ်စခန်းများကို တစ်ခုမကျန် ထိုးစစ်ဆင် တိုက်ခိုက်သွားမည်ဟု ထုတ်ပြန်ကြေညာ

ဇွန် ၀၃/ ၂၀၂၄ | ကြည့်ရှုသူ :17179
ရခိုင် သတင်း

(စစ်ကောင်စီကလည်း တန်ပြန်ထိုးစစ်များအတွက် ပြင်ဆင်ဆောင်ရွက်နေ) 

ခိုင်လူလှ၊ နောင်မင်းသူ/ နိရဉ္စရာ၊ ဇွန် ၃/၂၀၂၄

လက်နက်ကိုင်အင်အား ၄၀၀၀၀ အထိ အင်အားရှိလာသော အာရက္ခတပ်တော်(AA) သည်  ရခိုင်ပြည်ထဲက လက်ကျန်မြို့များဖြစ်ကြသည့် စစ်တွေ၊ မောင်တော၊ အမ်း၊ ကျောက်ဖြူ၊ တောင်ကုတ်၊ မာန်အောင်၊ သံတွဲနဲ့ ဂွမြို့ထဲမှာ ကျန်ရှိနေသည့် စစ်ကောင်စီ စခန်းများကို တစ်ခုမကျန် ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်သွားရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန် ကြေညာသည်။

ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA)၏ စစ်တွေမြို့  ဗျိုင်းဖြူရွာ အစုလိုက် အပြုံလိုက် လူသတ်မှုနှင့်ပတ်သက်ပြီး သတင်းထုတ်ပြန်ချက်တွင် ထိုသို့ ဖော်ပြထားခြင်းဖြစ်သည်။ 

တစ်ခြားတစ်ဖက်တွင်လည်း  စစ်ကောင်စီကလည်း တန်ပြန်ထိုးစစ်များအတွက်လည်း ကြိုးပမ်းဆောင်ရွက်နေမှုများကို  ထင်ရှားစွာတွေ့မြင်နေ၇သည်ဟုဆိုသည်။

ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်၏ ထုတ်ပြန်ချက်ထဲတွင်  အာရက္ခဒေသအတွင်း ဖက်ဆစ်စစ်ကောင်စီနှင့် အာရက္ခတပ်တော်တို့သည်ယနေ့အချိန်ထိ တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားလျက် ရှိနေဆဲဖြစ်ကြောင်း၊ အာရက္ခဒေသအတွင်းမှမြို့ကြီးများကို တစ်မြို့ပြီး တစ်မြို့သိမ်းယူပြီး ၎င်းမြို့များ၌ စစ်ကောင်စီ ကင်းစင်အောင် တိုက်ခိုက်လျှက်ရှိသည့်အာရက္ခတပ်တော်သည် ဘူးသီးတောင်မြို့ရှိ စစ်ကောင်စီ တပ်စခန်းများ အားလုံးကို တစ်ခုမကျန်သိမ်းပိုက်ပြီးနောက် လက်ကျန်မြို့များဖြစ်သော လက်ကျန်မြို့များဖြစ်သော အမ်း၊ စစ်တွေ၊မောင်တော၊ ကျောက်ဖြူ၊ သံတွဲ၊ တောင်ကုတ်၊ မာန်အောင်နှင့် တောင်ကုတ်မြို့များမှ စစ်ကောင်စီ၏လက်ကျန် စခန်းများကို တစ်ခုမကျန် ထိုးစစ်ဆင် တိုက်ခိုက်သွားရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်းဖြင့်ဖော်ပြထားသည်။

စစ်ရှုံးဖက်ဆစ် စစ်ကောင်စီကလည်း ၎င်းတို့၏ လက်ကျန်စခန်းများမဆုံးစေရန်အတွက် ခုခံစစ်များကို ပြင်ဆင်နေသကဲ့သို့ တန်ပြန်ထိုးစစ်များအတွက်လည်း ကြိုးပမ်းဆောင်ရွက်နေမှုများကို ထင်ရှားစွာ တွေ့မြင်နေ၇သည်ဟု ဖော်ပြသည်။

နိရဉ္စရာ သတင်းဌာနမှ စုံစမ်း ရရှိသော သတင်းများအရ စစ်ကောင်စီသည်မောင်တောမြို့တွင် တပ်အင်အားများကို ဖြည့်တင်းနေပြီး အာရက္ခတပ်တော်မှ သိမ်းပိုက်ထားသည့်နယ်မြေများကို ပြန်လည် ထိုးစစ်ဆင်တိုက်ခိုက်ရန် စီစဉ်နေပုံရသည်ဟု မောင်တော ဒေသခံ စစ်ရေးလေ့လာသူ တစ်ဦးက ပြောဆိုသည်။

"ဒီလောက်အင်အားဖြည့်တင်းနေပုံအ၇ဆိုယင်အေအေ သိမ်းပိုက်ထားတဲ့ မောင်တောမြောက်ပိုင်းကို ပြန်လည်ထိုးစစ်ဆင်မလားတော့ မသိဘူး။မနေ့က ညနေမှာ ကင်းထောက်လေယာဉ်တစ်စီး ကျီးကန်းပြင်နဲ့ ၄ မိုင်ဘက်ကို အပြောင်းအပြန် ၁၀ ကြိမ်မကပျံသန်းနေခဲ့တယ်” ဟု ၎င်းက သုံးသပ်ပြောဆိုသည်။

ယနေ့ဇွန်လ၁ ရက် နံနက်တွက်စစ်တွေမြို့မှ ကမ်းထိုးရေယာဉ် ၂စီးဖြင့်စစ်အင်အားလက်နက် အင်အားများအားမောင်တောဘုတ်ဆိတ် POE မှတစ်ဆင့် နခခ(၅)၊နခခ(၂) နှင့်  ကညင်ချောင်း စီးပွားရေးဇုန် ဖြည့်တင်းခဲ့သည်ဟု သိ၇သည်။

"ဇက်ရေယာဉ်တွေနဲ့ အင်အားဖြည့်တာ စစ်အားထောင်ချီပါတယ်လို့သိ၇တယ်။ တပ်မ၂၂ ၊တပ်မ ရ၇ ၊တပ်မ ၃၃၊ တပ်မ ၅၅ နဲ့ စစ်မူထမ်း အသစ်တွေပါပါတယ်လို့သိ၇တယ်။မနက် ၆ နာရီကတဲ့က ကား နဲ့ နခခ(၅)၊နခခ(၂)နဲ့ ကညင်ချောင်း စီးပွါးရေးဇုန်ဖက်ကိုပို့နေတာ စစ်သားတင်ထားတဲ့ ကားအစီး ၂၀ ကျော်ပြီ။ လက်နက်ခဲ့ယမ်းတင်တဲ့ကား၁၀ ကျော်နေပြီ။ အခုထိပြောင်းမပြီးကြသေးဘူး"ဟု ဇွန် ၁ ရက်နေ့က ပြောကြားသည်။

ယခုကဲ့သို့ တပ်မအများအပြားကို စစ်ကောင်စီက မောင်တောတွင်အင်အားဖြည့်နေကြောင်း ပြောဆိုသော်လည်း နိရဉ္စရာသတင်းဌာန အနေဖြင့် သီးခြား အတည်ပြုနိုင်ခြင်းမရှိပါ။

တစ်ပြိုင်နက်တည်းတွင် စစ်ပွဲနှင့် မသက်ဆိုင်သော ဆေးရုံ၊ရပ်ရွာ၊ မြို့များနှင့် ပြည်သူလူထု အစရှိသောအရပ်သားပစ်မှတ်များကို အဓိက ဦးတည်တိုက်ခိုက်ခြင်း၊ မီးရှို့ဖျက်ဆီးခြင်း၊လေကြောင်းမှ ဗုံးကြဲ တိုက်ခိုက်ခြင်း၊ ဒရော့ဗုံးကြဲချတိုက်ခိုက်ခြင်းတို့ အပြင် အပြစ်မဲ့အရပ်သားပြည်သူလူထုများကို  ရည်ရွယ်ချက်ရှိရှိဦးတည်တိုက်ခိုက်ခြင်းများကို စစ်ကောင်စီက တောက်လျှောက်ပြုလုပ်နေသည်ဟု AAက ပြောဆိုထားသည်။ 

အာရက္ခတပ်တော် (AA )တွင် အရန်တပ်ဖွဲ့များ မပါဝင်ဘဲ လက်ရှိ စစ်သည်အင်အား လေးသောင်းနီးပါးရှိနေပြီဖြစ်ကြောင်း  The New Humanitarian အင်တာဗျူး၌ ပြောဆိုထားသည်။

#AA#စစ်ကောင်စီ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.