တနင်္လာ၊ ဇွန်လ ၂၄ရက်၊ ၂၀၂၄

ဘူသီးတောင်တွင် မီးရှို့ဖျက်ဆီးခံရ၍ အိမ် ၂၈၇၂ လုံး၊ ဘုန်းတော်ကြီးကျောင်း ၁၂ ကျောင်း၊ ဗလီ တစ်လုံး၊ ဟိန္တူကျောင်း ၂ကျောင်းနှင့် ခရစ်ယာန်ကျောင်းနှစ်ကျောင်း ပျက်စီးဆုံးရှုံး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၄ ဇွန် ၂၀၂၄
  • | ကြည့်ရှုသူ: 2.9k

(မွတ်ဆလင်မဟုတ်သူများ၏ နေအိမ်  ၂၃၂၂ လုံး မီးရှို့ဖျက်ဆီးခံခဲ့ရ)

နိရဉ္စရာ၊ ဇွန်လ ၃/ ၂၀၂၄

ရခိုင်ပြည်၊ ဘူသီးတောင်မြို့တွင် မီးရှို့ဖျက်ဆီးခံရ၍ ရခိုင်နှင့် တစ်ခြားမျိုးနွယ်စုများ၏ နေအိမ် ၂၃၂၂ လုံး၊ မွတ်ဆလင်များ၏ နေအိမ် ၅၅၀ လုံး၊ ဘုန်းတော်ကြီးကျောင်း ၁၂ ကျောင်း၊ ဗလီ တစ်လုံး၊ ဟိန္တူကျောင်း ၂ကျောင်းနှင့် ခရစ်ယာန်ကျောင်း နှစ်ကျောင်း ဆုံးရှုံးခဲ့ရသည်။

ထိုအပျက်အစီး စာရင်းများနှင့် ပတ်သက်ပြီး အာရက္ခတပ်တော်စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ဗွီအိုအေ (မြန်မာပိုင်းအစီအစဉ်)နှင့် အင်တာဗျူးတွင် ထည့်သွင်းပြောကြားသွားခဲ့ခြင်းဖြစ်သည်။

ဗိုလ်ချုပ် ထွန်းမြတ်နိုင်က “ ဒီမီးလောင်အိမ်တွေအရေအတွက်ကိုကြည့်မယ်ဆိုရင်တောင်မှ ဒီ ၁၇ ရက်နေ့မတိုင်ခင် ဘူးသီးတောင်မြို့နယ်မှာ မီးလောင်သွားတဲ့အိမ်တွေက ဒီမွတ်ဆလင်မဟုတ်တဲ့ အိမ်တွေပေါ့။ အိမ်ပေါင်း ကျွန်တော်တို့ မှတ်တမ်းအရဆိုရင် (ဧပြီ)  ၁၇ ရက်နေ့မတိုင်ခင် ၂၃၂၂ လုံးက မီးရှို့ခံလိုက်ရပြီ။ အဲဒီမှာ အများဆုံးက Non- Muslim (မူဆလင်မဟုတ်သူတွေ) အိမ်တွေရဲ့ အဆောက်အအုံတွေပဲ။ မွတ်ဆလင်အိမ်တွေပါသွားတာက ဒီအိမ်တွေကို မီးရှို့တဲ့အချိန်မှာ ဟိုဘက်ကို လေတိုက်ပြီးတော့ မီးကူးသွားတာတွေ အများကြီးရှိတယ်။ ဒီ ၁၇ ရက်နေ့နဲ့  ဒီဒေသကို နောက်ဆုံးထိုးစစ် သိမ်းပိုက်တဲ့ အချိန်မှာကျတော့ ဒီတိုက်ပွဲတွေကြားမှာ မီးလောင်သွားတာက အိမ်အလုံး ၅၅ဝ ပဲရှိတယ်။ ဟိုရှေ့က လောင်သွားပိုများတယ်။ ဒီမှာ ဘာသာရေးအဆောက်အအုံတွေကို ကြည့်မယ်ဆိုရင်တောင်မှ ဘုန်းကြီးကျောင်းပေါ့။ ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းက ၁၂ ကျောင်းရှိတယ်။ အာရဗီကျောင်းက တစ်ကျောင်းပဲပါတယ်။ ဟိန္တူကျောင်းက နှစ်ကျောင်း၊ ခရစ်ယာန်ချက်က နှစ်ကျောင်းရှိတယ်။ ဆိုတော့ အပြင်ကကြည့်လိုက်ရင်တော့ ဂြိုလ်ထုပုံတွေနဲ့ ဘယ်နေ့က ဘယ်မှာလောင်သွားတယ်ဆိုတာကို မပြောဘဲ။ ပြောရင်တော့ ဝါဒဖြန့်လို့ကောင်းတာပေါ့။ ဒါပေမယ် ကျွန်တော်တို့မှာခိုင်လုံတိကျတဲ့ အထောက်အထားတွေ ရှိနေပါတယ်”ဟု ပြောကြားသွားခဲ့သည်။  

ဆက်စပ် သတင်းများ