Preview

ပုဏ္ဏားကျွန်း ယိုးတရုပ်ရွာဗုံးကြဲခံရမှု ဒဏ်ရာပြင်းသူ နောက်ထပ်ဆရာမတစ်ဦး သေဆုံး

ဇွန် ၀၄/ ၂၀၂၄ | ကြည့်ရှုသူ :1398
ရခိုင် သတင်း

(သေဆုံးသူ ၄ ဦးရှိသွားပြီ)

မောင်စာဂ၊ နိရဥ္စရာ၊ဇွန် ၄/၂၀၂၄

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်ရှိယိုးတရုပ်ကျေးရွာကိုကောင်စီတပ်က ဗုံးကြဲခဲ့သည့် အတွက်ဒဏ်ရာပြင်းသူများအနက် နောက်ထပ် အလယ်တန်းပြ ကျောင်းဆရာမ တစ်ဦးထပ်မံသေဆုံးသွားကြောင်းသိရသည်။ 

သေဆုံးသွားသူမှာပုဏ္ဏားကျွန်းမြို့နယ်၊ ပက်ခွက်ဆိပ်ကျေးရွာမှ ယိုးတရုပ်ကျေးရွာတွင် နေထိုင်သူအလယ်တန်းပြကျောင်းဆရာမ ဒေါ်သန္တာခိုင်(၄၈)နှစ်ဖြစ်သည်။

သူမသည်ယမန်နေ့ ဇွန်လ ၂ ရက်တွင် ဆေးရုံ၌ဆေးကုသမှုခံယူနေစဥ် ဦးခေါင်းဒဏ်ရာ ပြင်းထန်၍သေဆုံးသွားခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။

ဒေသခံတစ်ဦးက "မနေ့က မနက် စောစောပိုင်းက ဆုံးတာပါ။ညနေမှာတော့ သူ့ဇာတိရွာမှာ သဂြင်္ိုလ်ဖို့လုပ်ပါသေးတယ်။ဒါပေမဲ့ အဲဒီအချိန် ဂျက်တိုက်လေယာဥ်တွေဝဲနေတာမို့ဒီနေ့မှ သင်္ဂြိုလ် ဖြစ်ပါတယ်"ဟုပြောသည်။

ယခုသေဆုံးသွားသူနှင့်အတူ ယိုးတရုပ်ရွာမှနောက်ထပ် ၁၀ ဦးသည် ဇွန်လ ၁ ရက်၊ နံနက် ၁၀ နာရီ ၁၅ မိနစ်ခန့်တွင်စစ်ကောင်စီ၏ထောက်/ပို့ယာဥ်ဖြစ်သည့် Y12လေယာဥ်ကရွာအပေါ်မှဝဲပျံကာ ဗုံးကြဲချခဲ့သည့်အတွက် ထိခိုက်ဒဏ်ရာများရရှိသွားခြင်းဖြစ်သည်။

အဆိုပါ၁၁ ဦးအနက် ၆ ဦးဒဏ်ရာပြင်းထန်ခဲ့ပြီး ယင်းအနက် ဒေါ်မဲမ(ခေါ် )ဒေါ်အေးနု (၄၃)နှစ်သည်လည်းဇွန်လ ၁ ရက်၊ ညဥ့်အချိန်တွင် ဆေးရုံ၌ဆေးကုသမှုခံယူနေစဥ်သေဆုံးသွားခဲ့သည်ဟု ဒေသခံများက ပြောသည်။

ယင်းအပြင်ယိုးတရုပ်ရွာ ဗုံးကြဲခံရမှုကြောင့် ယိုးတရုပ်ရွာ၊ ချောင်း၀ရပ်ကွက်မှမောင်ကျော်လွင်(ခ)ဒေါင်းဒေါင်း(၁၀) နှစ်နှင့် စစ်တွေမြို့နယ်၊ ပျားလည်ချောင်းရွာမှစစ်ရှောင်နေသူ မခိုင်မိုးအေး(၂၆)နှစ်တို့သည်လည်း အခင်းဖြစ်ပွားချိန်တွင် ပွဲချင်းပြီးသေဆုံးခဲ့သည်။

လက်ရှိတွင် ယိုးတရုပ်ရွာဗုံးကြဲခံ၇မှုကြောင့် သေဆုံးသူမှာ ပွဲချင်းပြီးသေဆုံးသူ ၂ဦးနှင့် ဒဏ်ရာ၇ပြီးမှ ဆေးကုသမှုခံယူနေသူ၂ ဦး၊ စုစုပေါင်း ၄ ဦးရှိသွားပြီဖြစ်သည်။

ယိုးတရုပ်ရွာဖြစ်စဥ်ကြောင့်ချောင်း၀ရပ်ကွက်မှ နေအိမ်နှစ်လုံးလည်း ထိခိုက်ပျက်စီးခဲ့သေးသည်။

 

 

#ပုဏ္ဏားကျွန်း
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.