ကြာသပတေး၊ ဇွန်လ ၂၀ရက်၊ ၂၀၂၄

စစ်တွေမြို့၌ လူမဆန်သည့်သတ်ဖြတ်မှုများကြောင့်ထိခိုက်နစ်နာခဲ့ရသည့် မိသားစုဝင်များအတွက်ကျွန်ုပ်တို့သတိရဆုတောင်းပေးနေကြောင်း ဗြိတိန်သံရုံးထုတ်ပြန်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၄ ဇွန် ၂၀၂၄
  • | ကြည့်ရှုသူ: 4.7k

ဂျွန်နသန်၊ နိရဉ္စရာ၊ ဇွန် ၄/၂၀၂၄

မြန်မာနိုင်ငံအတွင်းပိုမိုများပြားလာသည့်ရက်စက်ကြမ်းကြုတ်မှုများနှင့်စပ်လျဥ်းသည့်သတင်းအစီရင်ခံစာများကို ကြားသိရသည့်အတွက် ဗြိတိန် အစိုးရအနေဖြင့်အလွန်အမင်းစိတ်မကောင်းဖြစ်မိပါကြောင်း ဗြိတိန်သံရုံး ယနေ့တွင်သတင်းထုတ်ပြန်သည်။

ရခိုင်ပြည်နယ်၊ စစ်တွေမြို့၌ လူမဆန်သည့်သတ်ဖြတ်မှုများကြောင့်ထိခိုက်နစ်နာခဲ့ရသည့် မိသားစုဝင်များအတွက်ကျွန်ုပ်တို့သတိရဆုတောင်းပေးနေပါသည်ဟုဆိုသည်

မြန်မာနိုင်ငံတွင် အရပ်သားပြည်သူများအပေါ် ကျူးလွန်သည့် ရက်စက်ကြမ်းကြုတ်မှုများ ပိုမို များပြားလာပြီး ၄င်းနှင့်စပ်လျဥ်းသည့်သတင်းအစီရင်ခံစာများကို ကျွန်ုပ်တို့ နေ့စဥ်နီးပါး ကြားသိနေရပါကြောင်း ယခုကဲ့သို့ ရက်စက်ကြမ်းကြုတ်မှုများကြောင့် ထိခိုက်နစ်နာခဲ့ရသည့် မိသားစုဝင်များနှင့် အသက်ရှင်ကျန်ရစ်သူများအား ကျွန်ုပ်တို့သတိရဆုတောင်းပေးနေပါကြောင်း သတင်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ရခိုင်ပြည်၊ စစ်တွေမြို့၊ဗျိုင်းဖြူကျေးရွာမှ ထောင်ချီသောရွာသူရွာသားများထဲမှ (၅၀) ကျော်အား ဖက်ဆစ် စစ်ကောင်စီနှင့်အတူ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) တပ်ဖွဲ့ဝင်အချို့၊ စစ်ကောင်စီ၏ အကြမ်းဖက်စစ် သင်တန်းဆင်း မူဆလင်တပ်ဖွဲ့ဝင်များမှ ၂၀၂၄ ခုနှစ်၊ မေလ(၂၉) ရက်နေ့မှစတင်ပြီး လေးရက်အတွင်း သတ်ဖြတ်ခဲ့ ကြောင်း ကနဦး သိရှိခဲ့ရသော်လည်း ၂၀၂၄ ခုနှစ်၊ ဇွန်လ (၄) ရက်နေ့နောက်ဆုံးရရှိထားသော သတင်းများအရ စစ်တွေ၊ ဗျိုင်းဖြူကျေးရွာဖြစ်စဉ်အတွင်း မတရားဖမ်းဆီးသတ်ဖြတ်ခံရသူ အရေအတွက်မှာ (၇၆) ဦးထိ ရှိလာခဲ့ပြီဖြစ်ကြောင်း အာရက္ခတပ်တော် (AA)က ယနေ့တွင် သတင်း ထုတ်ပြန်ထားသည်။

 

ဆက်စပ် သတင်းများ

ဆက်စပ်သတင်း မရှိပါ!!