အင်္ဂါ၊ ဇူလိုင်လ ၂ရက်၊ ၂၀၂၄

အမ်းတွင် နယ်ကျေးရွာများသို့ စျေးသွားရောင်းသူ အရပ်သား ၂၀ ကျော်ကို စစ်ကောင်စီက ဖမ်းဆီးပြီးပါးရိုက်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၅ ဇွန် ၂၀၂၄
  • | ကြည့်ရှုသူ: 731

သဉ္ဇာနွယ်နိရဉ္စရာ၊ ဇွန် / ၂၀၂၄

ရခိုင်ပြည်၊ အမ်းမြို့နယ်တွင် ကုန်ပစ္စည်းပို့ဆောင် ရောင်းချနေသည့် ကျေးရွာသူ၊ ကျေးရွာသား ၂၀ ကျော်ကို စစ်ကောင်စီတပ်က ဖမ်းဆီးပြီး ပါးရိုက်ခဲ့သည်ဟု  တင်းရရှိသည်။

အမ်းမြို့နယ်၊ အောက်ရွာနတ်စင်ကုန်းရွာမှ ထန်းချောင်းကျေးရွာသို့ စက်သုံးဆီအပါအဝင် ားသောက်ကုန်ပစ္စည်းများတင်ပို့ ရောင်းချနေသည့် ဒေသခံပြည်သူ ၂၁ ဦးကို ယမန်နေ့ ဇွန်လ ၃ ရက်၊ နေ့လယ် ၁ နာရီခန့်က စစ်ကောင်စီ၏ တမိုင်ကုန်း စစ်တပ်ဂိတ်က ဖမ်းဆီးခေါ်ဆောင် သွားခဲ့သည်။

နောက်ထပ် ကုန်ပစ္စည်းများမတင်ပို့ရန် တားမြစ်ပြီး  အဖမ်းခံရသူတစ်ဦးကို ပါးနှစ်ချက်စီ ရိုက်နှက်ခဲ့ပြီး ပြန်လွှတ်ပေးခဲ့သည်ဟု  အမ်း‌မြို့နယ်မှ ဒေသခံအမျိုးသားတစ်ဦးက နိရဉ္စရာ သတင်းဌာနကို ပြောသည်။

" အောက်ရွာနတ်စင်ကုန်းက ရွာသားတွေပါ။  စစ်ကောင်စီက တမိုင်ကုန်းစစ်ဆေးရေးဂိတ်ကို ပိတ်ထားလို့ အောက်ဖက်ကပတ်ပြီး ဆည်ကဆိပ်ကမ်းမှာ ပစ္စည်းတင်တယ်။ ပြီးရင်ပို့တယ်။ အဲ့ဒီ ဆည်ရဲ့ဆိပ်ကမ်းမှာ အဖမ်းခံရတာ။ ဆည်နဲ့တမိုင်ကုန်းက သိပ်မဝေးဘူးလေ။ စ်မိုင်ကုန်း ခြေရင်းက စစ်ကောင်စီစစ်သားတွေက ဖမ်းပြီးရိုက်နှက်တာ။ တစ်ယောက်ကို ပါးနှစ်ချက်စီ ရိုက်လွှတ်လိုက်တယ်။ ပစ္စည်းတွေတင်ပို့ပြီး ပြန်လာလို့ တွေ့တဲ့အချိန်မို့လို့ ပစ္စည်းတွေ ပါမသွားတာ။ ရွာသားတွေကတော့ တအားကြောက်နေတယ်။ နောက်တစ်ခါ မသွားဖို့ ခြိမ်းခြောက်တာတွေရှိတယ်။ သူတို့က အဲ့ဒီလမ်းတွေကို ပိတ်ထားတာမို့လို့ ‌ဒေသခံတွေက မသိအောင်သွားရင်း ခံလိုက်ရတာပါ"ဟု ပြောသည်။

ယခုလို ပြည်သူများအား ဖမ်းဆီးရိုက်နှက်ခြိမ်းခြောက်ခြင်းမှာ စစ်ကောင်စီက ပြည်သူများ အပေါ် နိုင်ထက်စီးနင်းပြုလုပ်ရာရောက်သလို ဒေသခံပြည်သူများအား ရာဇဝတ်မှု ကျူးလွန်နေခြင်းဖြစ်သည်ဟု အမ်းမြို့မှ လူမှုရေးလုပ်နေသူတစ်ဦးက နိရဉ္စရာကိုပြောသည်။

" ဒီအခြေအနေမှာ လူတိုင်းက စားဝတ်နေရေး အခက်အခဲရှိတယ်။ ဒါကြောင့် ရတဲ့အလုပ်ကို လုပ်ကြရတယ်။ မှန်ဆို ဒီလူတွေက ရိုးရိုးသားသား သွားလာလုပ်စားနေကြတဲ့လူတွေပဲ။ အပြစ်မရှိတဲ့ လူတွေကိုဖမ်းဆီးပြီး ရိုက်နှက်တာကတော့ သူတို့က အာဏာပြသလိုလုပ်နေတာ။ စစ်ရာဇဝတ်မှုကျူးလွန်နေတာ" ဟု ပြောသည်။

အမ်း-ပဒါန်း ကားလမ်းတစ်လျှောက်တွင်လည်း စစ်ကောင်စီတပ်သားများ လုံခြုံရေး ယူထားလျက်ရှိသည်ဟု အမ်းဒေသခံအမျိုးသမီးတစ်ဦးက နိရဉ္စရာကို ပြောသည်။

" အမ်း-ပဒါန်း လမ်းမှာ တမိုင်ကွာရင် စစ်သား ၅ ယောက်စီ လုံခြုံရေး ချထားတယ်။ ကုန်ကားတွေ အဝင်အထွက်အတွက် ချထားတာတော့ထင်တယ်။ အမ်းမြို့ကိုတော့ ကုန်တွေဝင်ပါတယ်။ မြို့ပေါ်ကနေ နယ်ဖက်တွေကို သွားတဲ့လမ်းတွေကိုပဲ ပိတ်ထားလို့ ကုန်ပစ္စည်းတွေက သူ့နည်းသူ့ဟန်နဲ့ ပို့နေကြရတာ။ ဒါကို မပို့ဖို့ စစ်တပ်က တားမြစ်တာ " ဟုပြောသည်။

အမ်းနှင့်ပြည်မကို ဆက်သွယ်ထားသည့် အမ်း-မင်းဘူးလမ်းကို မေလ ၁ ရက်မှစ၍ အာရက္ခတပ်တော်က ဖွင့်ပေးထားသည့်အတွက် အမ်းမြို့သို့ ကုန်စည်စီးဆင်းမှုလည်ပတ်လျက် ရှိကြောင်း သိရသည်။  

ဆက်စပ် သတင်းများ