စနေ၊ ဇွန်လ ၂၂ရက်၊ ၂၀၂၄

ကျောက်တော်ကို မိုးထဲလေထဲ စစ်ကောင်စီမှ ၂ရက်မြောက် ဗုံးလာကြဲ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၇ ဇွန် ၂၀၂၄
  • | ကြည့်ရှုသူ: 1k

သဉ္ဇာနွယ် နိရဉ္စရာ၊ ဇွန်၇/၂၀၂၄

ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်အတွင်းရှိ ကျေးရွာအချို့ကို မိုးထဲလေထဲ စစ်ကောင်စီက  ဂျက်ဖိုက်တာတွေနဲ့   ရက်ဆက်တိုက် ဗုံးလာကြဲခဲ့ကြောင်း သတင်းရရှိသည်။

ကျောက်တော်မြို့နယ် ဝဲကြီးထောင့်ကျေးရွာနှင့် အနီးအနား ကျေးရွာများကို  ယနေ့ ဇွန်လ ရက်‌ နေ့ နေ့လယ် ၂နာရီခန့်က စစ်ကောင်စီမှ ဂျက်ဖိုက်တာ ဖြင့် ဗုံးလာကြဲခဲ့သည်ဟု ကျောက်တော် ဒေသခံတစ်ဦးက နိရဉ္စရာ သတင်းဌာန ကိုပြောသည်။

" ဗုံးက  ကြိမ်လောက်လာချသွားတာ။ မိုးတွေကလည်း တအားရွာနေတဲ့ အချိန်ဆိုတော့ ဘာတွေထိခိုက်ပျက်စီးလေဆိုတာ မသိရသေးဘူး" ဟု ပြောသည်။

လက်ရှိ ညနေ ၃နာရီ အထိ ဂျက်ဖိုက်တာများဝဲပျံနေသဖြင့်ကြောက်လန့်၍ အန္တရာယ်ကင်းနိုင်မည်ဟု ယူဆရသည့် နေရာများတွင် ပုန်းခိုနေရသည်ဟု ဒေသခံတစ်ဦးက ပြောသည်။

" ကိုယ့်ဖက်ကလည်းပစ်နေတယ်။ ဂျက်တွေဝဲနေလို့ အပြင်ကိုမထွကိရဲဘူး။ ပုန်းနေရတယ်" ဟုပြောသည်။

လက်ရှိတွင် ဝဲကြီးထောင့်ကျေးရွာနှင့် အနီးအနားရှိ ၊စံသာပြင် ၊လင့်ဇင် ကျေးရွာများမှ ဒေသခံများမှာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများကပြောသည်။

ကျောက်တော်မြို့နယ်ကို ရှောက်ချောင်းကျေးရွာတွင်လည်း  ယမန်‌ နေ့ ဇွန်လ  ရက်နေ့ နေ့လယ်က စစ်ကောင်စီ ဂျက်ဖိုင်တာတစ်စီးက လာရောက်ဗုံးကြဲခဲ့သည့်အတွက် အရပ်သားလူငယ် ဦး ဒဏ်ရာရရှိသွားကြောင်း သိရှိရသည်။ 

ဆက်စပ် သတင်းများ