Preview

AA၏ ထိုးစစ်ကြောင့် ဇွန်လပထမပတ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀၀ အထက်သေဆုံး

ဇွန် ၀၈/ ၂၀၂၄ | ကြည့်ရှုသူ :4254
ရခိုင် သတင်း

ကံ့ကော်နီနီ၊ နိရဥ္စရာ ၊ ဇွန် ၇ / ၂၀၂၄

ရခိုင်ပြည်တွင်းလက်ရှိအာရက္ခတပ်တော်ကထိုးစစ်ဆင်နေသည့် မြို့နယ်သုံးခုမှ ဇွန်လပထမပတ် တိုက်ပွဲများအတွင်းစစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀၀ ဦးအထက်သေဆုံးမှု ရှိခဲ့ကြောင်း အာရက္ခတပ်တော်က ဇွန်လ ရရက်တွင်ထုတ်ပြန်သည်။

ဇွန်လပထမပတ်အတွင်းမောင်တောမြို့နယ်၊အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်အခြေစိုက်အမ်းမြို့နယ်နှင့်သံတွဲတို့တွင် အဓိကတိုက်ပွဲများဖြစ်ပွားလျက်ရှိပြီး ဆက်လက်ပြင်းထန်နေကြောင်းထုတ်ပြန်ချက်က ဆိုသည်။

အဆိုပါဇွန်လပထမပတ်တိုက်ပွဲများအတွင်းစစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀၀ အထက်သေဆုံးမှုရှိပြီး သေဆုံးသူများထဲတွင်မောင်တောမြို့နယ် ကျောက်ပန္ဒူကမ်းခြေ၊ အလယ်သံကျော်ကမ်းခြေ၊ ဥဒေါင်းချောင်းနှင့်ဘင်္ဂလားပင်လယ်အော်အတွင်း ရေနစ်သေဆုံးသူများပါဝင်ခဲ့သည်ဟုဆိုသည်။

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်အခြေစိုက်အမ်းနှင့်သံတွဲမြို့နယ်ဘက်တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀၀ထက်မနည်းသေဆုံးခဲ့ကြောင်း AA ကထုတ်ပြန်သည်။

" ဇွန်လ၊ပထမအပတ်သည် တိုက်ပွဲများ ပြင်းထန်ခဲ့ပြီး မိမိတို့ အာရက္ခစစ်သည်များ၏ တစ်ပတ်တာထိုးစစ်အတွင်း မျက်မြင်နှင့် ဖမ်းဆီးရမိထားသောသုံ့ပန်းများအဆိုအရစစ်ကောင်စီတပ်ဖွဲ့ဝင်များ သေဆုံးသည့် အရေအတွက်မှာ (၄၀၀) အထက်ရှိခဲ့သည်။

အဆိုပါ သေဆုံးသူများထဲတွင် တိုက်ပွဲအတွင်းမှထွက်ပြေး၍ ကျောက်ပန္ဒူကမ်းခြေ၊ အလယ်သံကျော်ကမ်းခြေ၊ ဥဒေါင်းချောင်းနှင့်ဘင်္ဂလားပင်လယ်အော်အတွင်း ရေနစ်သေဆုံးသူများ ပါဝင်ခဲ့သည်။

အမ်း၊သံတွဲဘက် တိုက်ပွဲများအတွင်း၌လည်း စစ်ကောင်စီတပ်ဖွဲ့ဝင် (၁၀၀) ဦးထက်မနည်းသေဆုံးခဲ့သည်။ " ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

သံတွဲမြို့နယ်၊ငပလီမြို့၊ဂေါ့ရပ်ကွက်အနီးတိုက်ပွဲတွင် ပင်လယ်ပြင်မှ စစ်သင်္ဘော (၃) စီး၊လေကြောင်းပစ်ကူ၊ လက်နက်ကြီးပစ်ကူအမြောက်အမြား၊ Navy Seal တပ်ဖွဲ့ဝင်များဖြင့် ၎င်းနေရာအားအသည်းအသန်ခုခံနေခဲ့သော်လည်း အာရက္ခတပ်တော်မှ သတ္တိ၊ ဗျူဟာမြောက်စွာတိုက်ပွဲဝင်နိုင်ခဲ့သောကြောင့် ရန်သူ့ဘက်မှ အထိအခိုက်၊ အကျအဆုံးများစွာဖြင့်ကစဉ့်ကလျား ထွက်ပြေးလျက်ရှိသလို စစ်ကောင်စီ၏ Speed Boat တစ်စီးအားအာရက္ခတပ်တော်စစ်သည်များက နစ်မြုပ်အောင်တိုက်ခိုက်နိုင်ခဲ့ကြောင်းလည်းအာရက္ခတပ်တော်၏ တိုက်ပွဲသတင်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

အမ်းမြို့နယ်အတွင်းတွင်လည်းစစ်ကောင်စီ၏ တောဟိန်းတောင်စခန်းအား အပြီးသတ်သိမ်းပိုက် ရယူနိုင်ရေးအတွက် ကြိုးပမ်းလျက်ရှိသောကြောင့်တောဟိန်းတောင်ပတ်ဝန်းကျင်၌ တိုက်ပွဲများ ဆက်လက်ပြင်းထန်နေခဲ့ကြောင်း ဖော်ပြထားသည်။

#AA
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.