သဥ္ဇာနွယ်၊ နိရဥ္စရာ၊ ဇွန် ၈/ ၂၀၂၄
၇ခိုင်တိုက်ပွဲ (၆) လအတွင်း အရပ်သား ၃၁၉ ဦးသေဆုံးပြီး လူနေအိမ်များအပါအဝင် အဆောက်အဦ ၈၅၀၀ ကျော် ပျက်စီးရှုံးခဲ့ရကြောင်း ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA/AA)၏ န၀မ အကြိမ်မြောက် သတင်းစာ ရှင်းလင်းပွဲတွင် ပြောခွင့်၇ ဦးခိုင်သုခက ပြောကြားခဲ့သည်။
အဆိုပါ စာရင်းသည် ၇ခိုင်တွင် တိုက်ပွဲပြန်လည်စတင်ဖြစ်ပွားခဲ့
စစ်ကောင်စီ၏ လက်နက်ကြီးကျည်ထိမှန်မှုကြောင့် အရပ်သား ၃၁၉ဦးသေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူ ၁၁၄၆ ဦးအထိရှိကာ ဖမ်းဆီးထားသူ ၄၅၂ဦး ထိရှိလာနေပြီဟု ဦးခိုင်သုခက ပြောဆိုသည်။
(၆) လကျော် တိုက်ပွဲအတွင်း လူနေအိမ် ၈၄၅၁ဆောင်၊ စာသင်ကျောင်း ၁၉ကျောင်း၊ ဆေးရုံ ၉ ဆောင်၊ သာသနိကအဆောက်အအုံ ၆၁ဆောင် နှင့် တံတား ၁၃စင်း ပျက်စီးခဲ့၇သည်ဟု ပြောသည်။
အများစု နေအိမ်များသည် မီးရှို့ခံခဲ့ရပြီး လူနေအိမ်မီးရှို့ခံ၇မှုအများဆုံးသည် ဘူးသီးတောင်မြို့နယ် ဖြစ်သည်။
ဘူးသီးတောင်မြို့တွင် မီးရှို့ဖျက်ဆီးခံရ၍ ၇ခိုင်နှင့် တစ်ခြားမျိုးနွယ်စုများ၏ နေအိမ် ၂၃၂၂ လုံး၊ မွတ်ဆလင်များ၏ နေအိမ် ၅၅၀ လုံး၊ ဘုန်းတော်ကြီးကျောင်း ၁၂ ကျောင်း၊ ဗလီ တစ်လုံး၊ ဟိန္တူကျောင်း ၂ကျောင်းနှင့် ခရစ်ယာန်ကျောင်း နှစ်ကျောင်း ဆုံးရှုံးခဲ့ရသည်ဟု အာရက္ခတပ်တော်စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ဗွီအိုအေ (မြန်မာပိုင်းအစီအစဉ်)နှင့် အင်တာဗျူးတွင် ထည့်သွင်းပြောကြားသွားခဲ့ခြင်းဖြ
မေလ တစ်လတည်း အတွင်း နိုင်ငံတဝန်းတွင် စစ်တပ်၏ သတ်ဖြတ်ခံ၇သူ ၂၅၆ ဦးရှိပြီး ထိုအထဲတွင် ရခိုင်၌ သေဆုံးခဲ့၇သူ အများဆုံးဖြစ်ကြောင်း AAPP ထုတ်ပြန်ထားသည်။